The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

၆၆ ကေဗွီ ကျိုင်းတုံ-မိုင်းခုတ် ဓာတ်အားလိုင်း ဓာတ်အားပိတ်လုပ်ငန်း ဆောင်ရွက်မည့်အစီအစဉ်နှင့်စပ်လျဉ်း၍ ပြည်သူသို့အသိပေးပန်ကြားချက်

    ၆၆ ကေဗွီ ကျိုင်းတုံ-မိုင်းခုတ် ဓာတ်အားလိုင်းသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ခရိုင်၊ မြို့ဧရိယာများတွင် စဉ်ဆက်မပြတ် ဓာတ်အားပိုလွှတ်ဖြန့်ဖြူးပေးနိုင်ရေးအတွက် အရေးပါသည့် ဓာတ်အားလိုင်းဖြစ်ပြီး ကျိုင်းတုံမြို့နယ်၊ မိုင်းလုကျေးရွာအနီး တာဝါတိုင်အမှတ် (၁၁၂၊ ၁၃၀၊ ၁၅၅၊ ၁၇၁ နှင့် ၁၈၆) ၊ စုစုပေါင်း (၅) တိုင်တွင် ကြွေသီးများကွဲနေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါ ကြွေသီးကွဲများအား ကြွေသီးတွဲအသစ် အစားထိုးလဲလှယ်ခြင်းလုပ်ငန်းများ ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

    အဆိုပါ ကြွေသီးတွဲအသစ် လဲလှယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးပါက ဓာတ်အား ပြတ်တောက်မှုလျော့နည်းပြီး ဓာတ်အားပို့လွှတ်သည့် ခွဲရုံသုံး စက်ပစ္စည်းများ ထိခိုက်ပျက်စီးမှုကို ကာကွယ်နိုင်မည်ဖြစ်သည့်အတွက် ကြွေသီးတွဲအသစ် အစားထိုးလဲလှယ်ခြင်းလုပ်ငန်းများ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၇)ရက် (တနင်္ဂနွေနေ့)တွင် ဓာတ်အားပိတ်၍ လုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်း မိုင်းခုတ် မြို့နှင့် မိုင်းဆတ်မြို့များတွင် ယာယီဓာတ်အားပြတ်တောက်မည့်နေမည်ဖြစ်ပြီး  ဓာတ်အားပြတ် ဧရိယာများရှိ အများပြည်သူများကို ကြိုတင်အသိပေးအကြောင်းကြားထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။ 

06-Jun-2026