The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

၁၃၂ ကေဗွီ မကွေး-တောင်တွင်းကြီး ဓာတ်အားလိုင်း၏ လက်ရှိ ACSR ဓာတ်အားလိုင်းကြိုးအား ဝန်အား (၂) ဆကျော်အထိ တိုးမြှင့် သယ်ဆောင်နိုင်သည့် နည်းပညာမြင့် ဖိုင်ဘာအူတိုင် အလူမီနီယံကြိုးဖြင့် အစားထိုးလဲလှယ်ခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

   မကွေးတိုင်းဒေသကြီးအတွင်းရှိ တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲ ဓာတ်အားပေး စက်ရုံစီမံကိန်းများ၏ ဓာတ်အားထုတ်လုပ်မှုများအား နိုင်ငံတော်ဓာတ်အားစနစ်ကွန်ယက်သို့ ပိုမိုသယ်ဆောင်နိုင်ရန်၊ ဓာတ်အားစနစ်တည်ငြိမ်စေရန်နှင့် ဗို့အားတိုးတက်ကောင်းမွန်စေရန်တို့ အတွက် ၁၃၂ ကေဗွီ မကွေး-တောင်တွင်းကြီး ဓာတ်အားလိုင်း၏ လက်ရှိ ACSR ဓာတ်အားလိုင်း ကြိုးကို ဝန်အား(၂)ဆကျော်အထိ တိုးမြှင့် သယ်ဆောင်နိုင်သည့် နည်းပညာမြင့် ဖိုင်ဘာအူတိုင် အလူမီနီယံ ဓာတ်အားလိုင်းကြိုးဖြင့် ဓာတ်အားပိတ်၍ အစားထိုး လဲလှယ်ခြင်း လုပ်ငန်းများကို  ၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက်မှ စတင်၍ ဇွန်လ ၇ ရက်အထိ ဆောင်ရွက်ခဲ့ရာ လုပ်ငန်းတစ်ရပ်လုံး၏ (၁၉.၆၀) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးခဲ့ပါသည်။

   ဆက်လက်၍ ကျန်ရှိသည့် ဓာတ်အားလိုင်းကြိုး အစားထိုးလဲလှယ်ခြင်းလုပ်ငန်းကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက် နံနက် ၆ နာရီမှ ဇွန်လ ၁၅ ရက် ညနေ ၆ နာရီ အထိ ဓာတ်အားပိတ်၍ ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါကြောင်းနှင့် ဓာတ်အားလိုင်းကြိုးလဲလှယ်ပြီးပါက မကွေးတိုင်း ဒေသကြီးအတွင်းရှိ ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားထုတ်လုပ်မှုများအား နိုင်ငံတော် ဓာတ်အားစနစ်ကွန်ယက်သို့ ပိုမိုပို့လွှတ်နိုင်မည်ဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

11-Jun-2026