၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဝန်အားမျှတ တည်ငြိမ်စွာဖြင့် စဉ်ဆက်မပြတ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ရန်အတွက် ပင်မဓာတ်အားခွဲရုံများ၊ Main ထရန်စဖော်မာများနှင့် ဓာတ်အားလိုင်းများအား ထိန်းသိမ်းပြုပြင်ခြင်း၊ ချို့ယွင်းပစ္စည်းများ အစားထိုး လဲလှယ်ခြင်းနှင့် အသစ်တိုးချဲ့တည်ဆောက်ခြင်းစသည့် လုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၂။ ယခုအခါ ၂၃၀ ကေဗွီ ပျဉ်းမနားပင်မဓာတ်အားခွဲရုံရှိ ၂၃၀/၃၃/၁၁ ကေဗွီ၊ ၆၀ အမ်ဗွီအေ Main ထရန်စဖော်မာနှင့် ဆက်စပ် Switchbay (ဆွဒ်ဘေး) ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများအား ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၃) ရက်နေ့၊ (၁၂:၀၀) နာရီမှ (၁၅:၀၀) နာရီအထိ အချိန် (၃) နာရီကြာခန့် ယာယီ ဓာတ်အားပိတ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါထရန်စဖော်မာမှ ဓာတ်အားဖြန့်ဖြူး ပေးထားသော ပျဉ်းမနားမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ သာဝတ္ထိမြို့နယ်နှင့် ဇေယျာ သီရိမြို့နယ်တို့ရှိ ရပ်ကွက်နှင့်ကျေးရွာအချို့ ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်းနှင့် ဓာတ်အားပြတ်ဧရိယာများရှိ ဓာတ်အားသုံးစွဲသူမိဘပြည်သူများကို ကြိုတင်အသိပေးထားပြီး ဖြစ်ပါ ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန