၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၃) ရက်
၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဝန်အားမျှတ တည်ငြိမ်စွာဖြင့် စဉ်ဆက်မပြတ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ရန်အတွက် ပင်မဓာတ်အားခွဲရုံများရှိ Main ထရန်စဖော်မာများနှင့် Switchbay များ၊ ပို့လွှတ်ရေးနှင့် ဖြန့်ဖြူးရေးဓာတ်အားလိုင်းများကို အခါအားလျော်စွာ ထိန်းသိမ်းပြုပြင်ခြင်းနှင့် လိုအပ်ပါက အသစ်တိုးချဲ့တည်ဆောက်ခြင်းစသည့် လုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၂။ ယခုအခါ ၂၃၀ ကေဗွီ ရွှေစာရံပင်မဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်း Switchbay များကို ထိန်းသိမ်းပြုပြင်ရန်နှင့် ၂၃၀ ကေဗွီ အောင်ပင်လယ်ပင်မဓာတ်အားခွဲရုံနှင့် မြောက်ပြင်ပင်မဓာတ်အား ခွဲရုံများမှ ဓာတ်အားဖြန့်ဖြူးထားသည့် ၃၃ ကေဗွီ ဓာတ်အားလိုင်းများတလျှောက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ချို့ယွင်းကြွေသီးတွဲများ လဲလှယ်ခြင်းစသည့်လုပ်ငန်းများကို ၂၀၂၆ ခုနှစ်၊ ဇွန်လ(၂၅)ရက်နေ့၊ နေ့လည်(၁၂:၀၀)နာရီမှ (၁၅:၀၀)နာရီအထိ အချိန်(၃)နာရီကြာခန့် ဓာတ်အားပိတ် ၍ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၃။ ထိုကဲ့သို့ လုပ်ငန်းဆောင်ရွက်စဉ်အတွင်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့ အချိန်(၃)နာရီကြာခန့် ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ပြီး၊ ဓာတ်အားပြတ်ဧရိယာများရှိ ဓာတ်အားသုံးစွဲသူ မိဘပြည်သူများအား သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများမှတစ်ဆင့် ကြိုတင်အသိပေး ထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန