The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ယာယီဓာတ်အားပိတ်ဆောင်ရွက်မည့်သတင်းအား အများပြည်သူသိရှိနိုင်ပါရန် သတင်းထုတ်ပြန်ခြင်း

   မကွေးတိုင်းဒေသကြီးအတွင်းရှိ တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲ ဓာတ်အားပေး စက်ရုံစီမံကိန်းများ၏ ဓာတ်အားထုတ်လုပ်မှုများကို နိုင်ငံတော်ဓာတ်အားစနစ်ကွန်ယက်သို့ ပိုမို သယ်ဆောင်နိုင်ရန်၊ ဓာတ်အားစနစ်တည်ငြိမ်စေရန်နှင့် ဗို့အားတိုးတက်ကောင်းမွန်စေရန်တို့ အတွက် ၁၃၂ ကေဗွီ မကွေး-တောင်တွင်းကြီး ဓာတ်အားလိုင်း၏ လက်ရှိ ACSR ဓာတ်အားလိုင်း ကြိုးကို ဝန်အား(၂)ဆကျော်အထိ တိုးမြှင့် သယ်ဆောင်နိုင်သည့် နည်းပညာမြင့် ဖိုင်ဘာအူတိုင် အလူမီနီယံ ဓာတ်အားလိုင်းကြိုးဖြင့် အစားထိုးလဲလှယ်ခြင်း လုပ်ငန်းများကို  တိုင်အမှတ် (၁၁၄)နှင့် (၁၁၅) ကြား နှင့် တိုင်အမှတ် (၁၁၈) နှင့် (၁၁၉)ကြားတို့တွင် ဆောင်ရွက်မည်ဖြစ်ရာ အဆိုပါ လုပ်ငန်း ဆောင်ရွက် မည့် ဓာတ်အားလိုင်းအပိုင်းအောက်ရှိ ၆၆ ကေဗွီ တောင်တွင်းကြီး-သစ်ရာကောက် ဓာတ်အားလိုင်းကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက် မှ ၁၂ ရက်အထိ နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီ အထိ ဓာတ်အားပိတ်ထားမည် ဖြစ်ပါသည်။

   ထိုသို့ လုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်း မြင်ကွန်းမြို့၊ မိကျောင်းရဲမြို့နှင့် သစ်ရာကောက်မြို့တို့အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများ ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်း၊ ဓာတ်အားပြတ်ဧရိယာများရှိ ဓာတ်အားသုံးစွဲသူ မိဘပြည်သူများကို သက်ဆိုင်ရာမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများမှတစ်ဆင့် ကြိုတင်အသိပေးထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

08-Jul-2026