၂၀၂၆ ခုနှစ် ဇူလိုင်လ (၁၁)ရက်
နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှုတွင် ဆိုလာဓာတ်အားစနစ် သိသာစွာ တိုးမြှင့်ပါဝင်လာစေရန် ရည်ရွယ်သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ကျယ်ပြန့်စွာ ကျင်းပ နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆိုလာနည်းပညာ၊ ဘက်ထရီနည်းပညာ၊ ဆိုလာဓာတ်အားပေးစနစ်တို့နှင့်ပတ်သက်သည့် ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းသားကျောင်းသူများ၊ စိတ်ပါဝင်စား သူများ တက်ရောက်ဆွေးနွေးအကြံပြုကြပါရန် ၁-၆-၂၀၂၆ ရက်နေ့မှ စတင်၍ နိုင်ငံပိုင် သတင်းစာနှင့် ရုပ်သံအစီအစဉ်များမှတစ်ဆင့် အသိပေးဖိတ်ခေါ်လျက်ရှိပါသည်။
ယခုအခါ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ၁၅-၇-၂၀၂၆ ရက်နေ့ နံနက် (၀၉:၀၀) နာရီမှ ညနေ(၁၆:၄၅)နာရီအထိ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ Horizon Lake View Resort တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ၁၀-၇-၂၀၂၆ ရက်နေ့အထိ တက်ရောက်လိုကြောင်း စာရင်းပေးသွင်းလာသူ ဦးရေ ၃၀၀ ကျော် ရှိပြီဖြစ်ပါသည်။
သို့ဖြစ်ပါ၍ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ စာရင်းပေးသွင်းထားခြင်း မရှိသေးသည့် တက်ရောက်လိုသူများအနေနှင့် အောက်ဖော်ပြပါ QR Code အား Scan ဖတ်၍ စာရင်း ပေးသွင်းနိုင်ပါကြောင်း၊ QR Code ဖြင့် စာရင်းပေးသွင်းရန် အခက်အခဲရှိပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါကြောင်းနှင့် စာရင်းပေးသွင်းခြင်းအား ၁၄-၇-၂၀၂၆ ရက်နေ့ (၁၆:၃၀) နာရီ နောက်ဆုံးထား ဆောင်ရွက်၍ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်နိုင်ပါရန် ထပ်မံအသိပေးဖိတ်ခေါ်အပ်ပါသည်။ (ယခင် Google Form ဖြင့် စာရင်းပေးသွင်းပြီးသူများ ထပ်မံပြုလုပ်ရန် မလိုအပ်ပါ။)
ဆက်သွယ်ရန်- ဦးမျိုးသန့်ထွန်း၊ ညွှန်ကြားရေးမှူး၊လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန (၀၉ ၄၃၀၁၆၆၉၀ ၊ ၀၆၇ ၃၄၁၀၄၇၁
