The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

၃၃ ကေဗွီ သာဝတ္ထိ ဓာတ်အားလိုင်းအား ဓာတ်အားပိတ်လုပ်ငန်းဆောင်ရွက်ခြင်းအား အများပြည်သူများ သိရှိနိုင်ပါရန် သတင်းထုတ်ပြန်ခြင်း

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်

   ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ သာဝတ္ထိမြို့ရှိ ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ သာဝတ္ထိဓာတ်အားခွဲရုံတွင် နှစ်စဉ်တိုးတက်လာသည့် မီးသုံးသူဦးရေအရ ထရန်စဖော်မာ ချို့ယွင်း လောင်ကျွမ်းမှုများ မဖြစ်ပေါ်စေရေးနှင့် လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေး အတွက် ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ထရန်စဖော်မာအား ၃၃/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ထရန် စဖော်မာဖြင့် လဲလှယ်တပ်ဆင်ခြင်းလုပ်ငန်းကို အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်အဖြစ် ဆောင်ရွက်ရန် ၂၀၂၆ ခုနှစ်၊  ဇူလိုင်လ ၂၂ ရက်နေ့တွင် ၃၃ /၁၁ ကေဗွီ အေလာဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသော ၃၃ ကေဗွီ သာဝတ္ထိ ဓာတ်အားလိုင်းကို နံနက် (၈:၀၀)နာရီမှ ည (၁၀:၀၀) နာရီအထိ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်သဖြင့် သာဝတ္ထိမြို့ရှိ ရုံးဌာနများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ဓာတ်အားယာယီပြတ်တောက်နေမည် ဖြစ်ကြောင်း ဓာတ်အားပြတ်ဧရိယာများရှိ ရုံးဌာနများနှင့် အများပြည်သူဆိုင်ရာနေရာများကို ကြိုတင်အသိပေး ထားပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။

20-Jul-2026