၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၁ ရက်
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့ ဧရိယာများသို့ ဓာတ်အားပိုမိုဖြန့်ဖြူးပေး နိုင်ရန် ၁၃၂ ကေဗွီ ကလော-ရေပေါင်းဆုံ-သာစည်အမှတ် (၁+၂) ဓာတ်အားလိုင်း တစ်လျှောက် လိုင်းအသေးစိတ်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ရာ တာဝါတိုင်အမှတ် (၃၊ ၁၇၊ ၅၁၊ ၅၃၊ ၇၃) တာဝါ (၅)တိုင်တွင် Jumper ကြိုးများ ကြိုးလွန်းဖွာနေခြင်း၊ ကြွေသီးတွဲများ ကွဲနေခြင်းနှင့် Arching Horn များ မီးပန်းထားသည်ကို စစ်ဆေးတွေ့ရှိရပါသဖြင့် ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် ဓာတ်အားစနစ် တည်ငြိမ်မှုကို မြှင့်တင်နိုင်ပြီး၊ မလိုလားအပ်သည့် ဓာတ်အားပြတ်တောက်မှုများကို ကာကွယ်နိုင်မည်ဖြစ်သောကြောင့် ထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်းများကို ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့ ၀၈:၀၀ နာရီမှ ၁၅:၀၀ နာရီ အထိ ဓာတ်အားပိတ်၍ ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် လုပ်ငန်းဆောင်ရွက်နေချိန်အတွင်း ရေပေါင်းဆုံ နှင့် ယင်းမာပင်မြို့နယ်များတွင် ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။