၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ၆၆/၃၃/၁၁ ကေဗွီ၊ (၃၀+၃၀+၂၀) အမ်ဗွီအေ မော်လမြိုင် (ငန်းတေး) ဓာတ်အားခွဲရုံကို လိုအပ်သည့် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီမှ (၁၃:၀၀) နာရီအထိ ဓာတ်အားပိတ်၍ လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ရာ လုပ်ငန်းများ ဆောင်ရွက်နေစဉ် အဆိုပါ ဓာတ်အားခွဲရုံမှ ဓာတ်အား ဖြန့်ဖြူးပေးထားသော မော်လမြိုင်မြို့ပေါ် (၁၈) ရပ်ကွက်နှင့် ကျေးရွာ (၉) ရွာ၊ ကျိုက်မရော မြို့ပေါ် (၄) ရပ်ကွက်နှင့် ကျေးရွာ (၄၁) ရွာ၊ မုဒုံမြို့ပေါ် (၄) ရပ်ကွက်နှင့် ကျေးရွာ (၃၅) ရွာတို့တွင် ယာယီ ဓာတ်အားပြတ်တောက်နေမည်ဖြစ်ပါသဖြင့် ဓာတ်အားပြတ်ဧရိယာများရှိ စက်ရုံ/အလုပ်ရုံများနှင့် ဓာတ်အားသုံးစွဲသူ ပြည်သူများကို ကြိုတင်ညှိနှိုင်း အကြောင်းကြားထားပြီး ဖြစ်ပါကြောင်း သတင်း ရရှိပါသည်။