The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

၃၃ ကေဗွီ ဓာတ်အားခွဲရုံ အမှတ် (၈) တွင် ဓာတ်အားလိုင်းအသစ် သွယ်တန်းခြင်းနှင့် ချိတ်ဆက်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းအား သတင်းထုတ်ပြန်ခြင်း

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်

   ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း ဓာတ်အားလိုင်းများ အပြစ်ဖြစ်ပေါ်ပါက ဓာတ်အားပြတ်ဧရိယာ လျော့ချနိုင်ရန်အတွက် ၃၃ ကေဗွီ ဓာတ်အားခွဲရုံအမှတ် (၈) တွင် ဓာတ်အားလိုင်းအသစ် သွယ်တန်းခြင်းနှင့် ဓာတ်အားလိုင်း ချိတ်ဆက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့ နံနက် ၈:၀၀ နာရီမှ ညနေ ၄:၀၀ နာရီအထိ ဓာတ်အားပိတ်၍ လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ရာ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဇဝနသိဒ္ဓိ ရပ်ကွက်၊ ရတနာသိဒ္ဓိရပ်ကွက်များနှင့် ရုံးဌာနအဖွဲ့အစည်းများတွင် ယာယီဓာတ်အားပြတ်တောက် နေမည်ဖြစ်ကြောင်း ဓာတ်အားပြတ်ဧရိယာများရှိ ရုံးဌာနများနှင့် အများပြည်သူဆိုင်ရာနေရာများကို ကြိုတင်အသိပေးထားပြီး ဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

21-Aug-2026