၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ (၆၆) ကေဗွီ ပဲခူး အမှတ် (၆) ဓာတ်အားလိုင်းကို ဓာတ်အားလိုင်း အပြစ်မဖြစ်ပေါ်စေရေးနှင့် ဓာတ်အားလိုင်းကြံ့ခိုင်ကောင်းမွန်စေရေးအတွက် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့ နံနက် (၀၉:၀၀) နာရီမှ (၁၃:၀၀) နာရီအထိ ဓာတ်အားပိတ်၍ ဓာတ်အားလိုင်း စစ်ဆေး ပြုပြင်ခြင်း၊ သစ်ပင်သစ်ကိုင်းခုတ်ထွင်ရှင်းလင်းခြင်း၊ ဓာတ်အားခွဲရုံ Switch Yard များနှင့် Distribution Panel များအား လိုအပ်သည့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ရာ လုပ်ငန်းများ ဆောင်ရွက်နေချိန်အတွင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့တွင် ယာယီ ဓာတ်အား ပြတ်တောက်နေမည်ဖြစ်ကြောင်းနှင့် ဓာတ်အားပြတ်ဧရိယာအတွင်းပါဝင်သည့် ရုံးဌာန များနှင့် စက်ရုံ/အလုပ်ရုံများသို့ ကြိုတင်အကြောင်းကြားထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။