The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

၂၃၀ ကေဗွီ မော်လမြိုင်ပင်မဓာတ်အားခွဲရုံ၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် ဓာတ်အားပိတ်မည့် အစီအစဉ်နှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးပန်ကြားချက်

 

၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၂၂) ရက်

   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဝန်အားမျှတ တည်ငြိမ်စွာဖြင့် စဉ်ဆက်မပြတ် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ရန်အတွက် ပင်မဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများကို အခါအားလျော်စွာ ထိန်းသိမ်းပြုပြင်ခြင်းနှင့် လိုအပ်ပါက အသစ်တိုးချဲ့ တည်ဆောက်ခြင်းစသည့် လုပ်ငန်းများကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၃၀ ကေဗွီ မော်လမြိုင်ပင်မဓာတ်အားခွဲရုံရှိ ကြိုးလွန်းပွ/လွန်းပြတ်မှု ဖြစ်ပေါ်နေသော ကြိုးများကို အစားထိုး လဲလှယ်ခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန် အဆိုပါခွဲရုံရှိ ပင်မထရန်စဖော်မာအမှတ်(၂)အား ၂၀၂၆ ခုနှစ်၊ သြဂုတ်လ(၂၃)ရက်နေ့၊ (၁၂:၀၀)နာရီမှ (၁၆:၀၀)နာရီအထိ အချိန်(၄)နာရီကြာခန့် ဓာတ်အားပိတ် ဆောင်ရွက်သွားမည်ဖြစ်၍ မွန်ပြည်နယ်အတွင်းရှိ သံဖြူဇရပ်မြို့၊ ချောင်းဆုံမြို့၊ ကမာဝက်မြို့၊ ကျိုက္ခမီမြို့နှင့် မော်လမြိုင်မြို့တို့ရှိ ရပ်ကွက်နှင့် ကျေးရွာများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ စက်ရုံ/အလုပ်ရုံ များ ဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်း၊ ဓာတ်အားပြတ်ဧရိယာများရှိ ဓာတ်အားသုံးစွဲသူ မိဘပြည်သူများအား သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများမှတစ်ဆင့် ကြိုတင် အသိပေးထားပြီး ဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

22-Aug-2026