The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

၂၃၀ ကေဗွီ ကနောင်ပင်မဓာတ်အားခွဲရုံတွင် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဓာတ်အားပိတ်မည့်အစီအစဉ်နှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးပန်ကြားချက်

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၁

   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဝန်အားမျှတ တည်ငြိမ်စွာဖြင့် စဉ်ဆက်မပြတ် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ရန်အတွက် ပင်မဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများကို ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၃၀ ကေဗွီ ကနောင် ပင်မဓာတ်အားခွဲရုံရှိ လျှပ်ကာဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပေါ်နေသော ဓာတ်အားဖြတ်ခလုတ်အား စစ်ဆေးပြုပြင်ခြင်းလုပ်ငန်း‌ကို အောက်တိုဘာလ(၂၂)ရက်နေ့၊ (၀၉:၀၀)နာရီမှ (၁၅:၀၀)နာရီအထိ ဓာတ်အားပိတ်ဆောင်ရွက်မည်ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ‌အေးရွာမြို့နယ်နှင့် ဒလမြို့နယ်တို့ရှိ စက်ရုံ/အလုပ်ရုံများ၊ ရပ်ကွက်နှင့် ကျေးရွာများ အချိန်(၆)နာရီကြာခန့် ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်း၊ ဓာတ်အားပြတ်ဧရိယာများရှိ ဓာတ်အား သုံးစွဲသူ မိဘပြည်သူများအား သက်ဆိုင်ရာမြို့နယ်လျှပ်စစ်မန်နေဂျာရုံးများမှတစ်ဆင့် ကြိုတင် အသိပေးထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

22-Oct-2026