The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

မီးလင်းရေးကော်မတီများလိုက်နာဆောင်ရွက်ရန်


မီးလင်းရေးကော်မတီများလိုက်နာဆောင်ရွက်ရန်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မီးလင်းရေးကော်မတီများအား ဝန်ခံကတိပြု၍ လိုက်နာဆောင်ရွက်ရန် အချက် (၁၂)ချက်


Read More...

: 18-Dec-2020
မီးလင်းရေးကော်မတီများလိုက်နာဆောင်ရွက်ရန်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မီးလင်းရေးကော်မတီများအား ဝန်ခံကတိပြု၍ လိုက်နာဆောင်ရွက်ရန် အချက် (၁၂)ချက်


Read More...

: 10-Nov-2020

မီးလင်းရေးကော်မတီများလိုက်နာဆောင်ရွက်ရန်

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

မီးလင်းရေးကော်မတီများအား ဝန်ခံကတိပြု၍ လိုက်နာဆောင်ရွက်ရန် အချက် (၁၂)ချက်

၁။    ဓာတ်အားလိုင်းတိုင်များသည် အောက်ပါအတိုင်း သတ်မှတ်ထားသော ကွန်ကရစ်တိုင်များ ဖြစ်ရမည်-

       (က)    33 kV Line အတွက် အရည်အသွေးပြည့်မီသော 12 M ကွန်ကရစ်တိုင်။

       (ခ)     11 kV Line အတွက် အရည်အသွေးပြည့်မီသော 10 M ကွန်ကရစ်တိုင်။

       (ဂ)     400 V Line အတွက် အရည်အသွေးပြည့်မီသော 9 M ကွန်ကရစ်တိုင်။

 

၂။    ဓာတ်အားလိုင်းကြိုးများသည် အောက်ပါအတိုင်းသတ်မှတ်ထားသည့် လိုင်းကြိုးများဖြစ်ရမည်-

       (က)    လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနပိုင် ၃၃ ကေဗွီ ဓာတ်အားလိုင်းမှ ဓာတ်အားရယူပါက ACSR 120 mm2 (သို့မဟုတ်) 150 mm2 ကြိုးကို အသုံးပြုရမည်။

 

       (ခ)     လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနပိုင် ၁၁ ကေဗွီ ဓာတ်အားလိုင်းမှ ဓာတ်အားရယူပါက ACSR 95 mm2 ကြိုးကို အသုံးပြုရမည်။

       (ဂ)     ကျေးရွာအတွင်း ၄၀၀ ဗို့လိုင်းများ တည်ဆောက်မှုကို ဓာတ်အားပျောက်ဆုံးမှု လျော့ နည်းရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် အောက်ပါသတ်မှတ်ချက်အတိုင်း ဆောင်ရွက်သွားရမည်။

              -     ၃ သွင် ၅ ကြိုး ၄၀၀ ဗို့ လိုင်းအတွက် လျှပ်ကာပစ္စည်းမပါသော ကြေးကြိုး        (HDBC Wire) No.4(သို့မဟုတ်) ABC Cable 95mm2

              -     ၂ သွင် ၃ ကြိုး ၄၀၀ ဗို့ လိုင်းအတွက် လျှပ်ကာပစ္စည်းမပါသော ကြေးကြိုး (HDBC     Wire) No.6 (သို့မဟုတ်)လျှပ်ကာပါဝါယာ (Insulated  Wire)  50 mm2

              -     ၁ သွင် ၂ ကြိုး ၂၃၀ ဗို့ လိုင်းအတွက် လျှပ်ကာပစ္စည်းမပါသော ကြေးကြိုး        (HDBC Wire) No.6(သို့မဟုတ်) လျှပ်ကာပါဝါယာ (Insulated  Wire) 50   mm2

              -     လမ်းမီးကြိုးကို HDBC Wire No.8(သို့မဟုတ်) လျှပ်ကာပါဝါယာ(Insulated           Wire) 35 mm2

 

၃။    သတ်မှတ်သံလက်တန်းနှင့် သတ်မှတ်အဆင့်မီ ကြွေသီးဖြစ်ရမည်။ (၃၃ ကေဗွီလိုင်းများ၌        နှစ်ဆင့်ကြွေသီးများမသုံးရ။)

၄။    သတ်မှတ်ပုံစံအတိုင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက သတ်မှတ်ခွင့်ပြုပေးထားသော ပြည်တွင်းလုပ် အဆင့်မီထရန်စဖော်မာကို အသုံးပြုရမည်။ နိုင်ငံခြားမှ တင်သွင်းသော ထရန် စဖော်မာကိုအသုံးပြုပါက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏  အရည်အသွေးစစ်ဆေးမှု ခံယူ ရမည်။ မီးကြိုး၊ မီးခလုတ်၊ မီးငုတ်များကို နီ၊ ဝါ၊ ပြာ (Red, Yellow, Blue) အရောင် မှန်ကန်စွာ အသုံးပြုရမည်၊ အခြားအရောင် လုံးဝမသုံးရ။ ထရန်စဖော်မာခွဲရုံငယ်အား သတ်မှတ်ထားသောပုံစံအတိုင်းတည်ဆောက်ပြီး ၂ တိုင်စင်ဖြင့်တည်ဆောက်၍ တိုင်ပတ်လည် အမြင့် ၅ပေ သံဇကာဖြင့် ကာရန်ကာ အင်္ဂတေကြမ်းခင်းလောင်းထားရမည်။

၅။    လမ်းမီးများ ထည့်သွင်းဆောင်ရွက်ရမည်ဖြစ်ပြီး လမ်းမီးခ ကျခံရပါမည်။

၆။    ဓာတ်အားပျောက်ဆုံးမှု လျော့နည်း​ရေးအတွက် သတ်မှတ်ချက်များအတိုင်း ကျေးရွာမှ ဆောင်ရွက်ရပါမည်။ ကျေးရွာအတွင်း ဓာတ်အားပျောက်ဆုံးမှု ၁၀%ကို ဌာနကကျခံပေးမည်။ ၁၀% ထက်ကျော်လွန်သော ဓာတ်အားပျောက်ဆုံးမှုကို ကျေးရွာမီးလင်းရေးကော်မတီက ကျခံ ရမည်။

၇။    ဓာတ်တိုင်၏ အောက်ခြေတွင် သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီသော အုတ်ဖိနပ် (Footing) ကို (၂ပေx ၂ပေx၂.၅ ပေအမြင့်) တည်ဆောက်ရမည်ဖြစ်ပြီး မြေပေါ်တွင် ၆ လက်မ၊ မြေအောက်တွင် ၂ ပေထားရမည်။

၈။    ဓာတ်အားလိုင်းတစ်လျှောက်နှင့် ဓာတ်တိုင်ပတ်ဝန်းကျင် သတ်မှတ်အကွာအဝေးများအတိုင်း သစ်ပင်ခြုံနွယ်များကို အပြောင်ရှင်းရမည်-

 (က)    11 kV လိုင်းတွင် ဗဟိုမှ လက်ဝဲ ၁၀ ပေ လင်္ကျာဘက် ၁၀ပေ စုစုပေါင်း ၂၀ပေ         အပြောင်ရှင်းရန်။

 (ခ)     400 Vလိုင်းတွင် ဗဟိုမှ လက်ဝဲ ၅ပေ လင်္ကျာဘက် ၅ပေ စုစုပေါင်း ၁၀ပေ အပြောင်ရှင်းရန်။

 

၉။    ကိုယ့်အားကိုယ်ကိုး တည်ဆောက်ထားသော ဓာတ်အားဖြန့်ဖြူးရေး ထရန်စဖော်မာများနှင့် ကျေးရွာအတွင်း သွယ်တန်းထားသော ၄၀၀ ဗို့ဓာတ်အားလိုင်းများ၏ ထိန်းသိမ်းပြုပြင်ခြင်းကို သက်ဆိုင်ရာကျေးရွာမီးလင်းရေးကော်မတီက ဆက်လက်တာဝန်ယူဆောင်ရွက်ရမည်။

၁၀။  ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းများကို ပြင်ပလျှပ်စစ်ကျွမ်းကျင်သူ များဖြင့်ဆောင်ရွက်မည်ဖြစ်ပါက ထိုသူသည် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေး ရေးဦးစီးဌာနထံမှ လျှပ်စစ်ကျွမ်းကျင်မှတ်ပုံတင်လက်မှတ် ပထမအဆင့် အနိမ့်ဆုံးရရှိပြီးသူ ဖြစ်ရမည်။ တည်ဆောက်မည့်လုပ်ငန်းများအတွက် သုံးစွဲမည့်ပစ္စည်းစာရင်းနှင့် တည်ဆောက် မည့်ဓာတ်အားလိုင်းမြေပုံ၊ ဓာတ်အားခွဲရုံပုံစံတို့ကို အတည်ပြုချက်ရယူရမည်။

၁၁။  အခြားသောဝန်ကြီးဌာနက တည်ဆောက်ထိန်းသိမ်းထားသည့်  ဓာတ်အားလိုင်းမှ ဆက်သွယ် ရယူလိုပါက သက်ဆိုင်ရာဌာန၏ သဘောတူညီချက်ရယူရမည်။

၁၂။  ကျေးရွာမီးလင်းရေးကော်မတီ/ ပုဂ္ဂလိကများက တည်ဆောက်ပြီးသော ၃၃ကေဗွီ၊ ၁၁ကေဗွီ ဓာတ်အား လိုင်းများကို ဓာတ်အားပို့လွှတ်သည့်အချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသို့ လွှဲပြောင်းအပ်နှံရမည်။ အဆိုပါလိုင်းများ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းကို လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနက စရိတ်ကျခံပြီး စီမံခန့်ခွဲဆောင်ရွက်ရမည်။ ၎င်းဓာတ်အားလိုင်းမှ ထပ်ဆင့် ဓာတ်အားချိတ်ဆက်ရယူခြင်းကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက နည်းပညာအရစိစစ်၍ ခွင့်ပြုပေးနိုင်သည်။