The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းစာရှင်းလင်းချက်


သတင်းထုတ်ပြန်ခြင်း (၁/၂၀၁၉)
သတင်းထုတ်ပြန်ခြင်း (၁/၂၀၁၉) အခမ်းအနားကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ နေပြည်တော်၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနား၌ မွန်ပြည်နယ်၊ ကျိုက်မရော ာ မြို့နှင့် သံဖြူဇရပ်မြို့များနယ်များအတွင်းဖြတ်သန်း၍ ၆၆ကေဗွီ မော်လမြိုင်-သံဖြူဇရပ်ဓာတ်အားလိုင်း ၄၀.၄၈မိုင်၊ ၆၆/၃၃/၁၁ကေဗွီ ၂၀အမ်ဗွီအေ သံဖြူဇရပ်ဓာတ်အားခွဲရုံနှင့် မော်လမြိုင်ဓာတ်အားခွဲရုံ Switch Bay Extension လုပ်ငန်းဆောင်ရွက်ခဲ့မှုနှင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးမှုအခြေအနေ၊ ရခိုင်ပြည်နယ်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောဒေသများရှိ ပြည်သူများ လူမှုဘဝတိုးတက်ရေးအတွက်


Read More...

: 17-Jan-2019
သတင်းထုတ်ပြန်ချက် (၁၁/၂၀၁၈)
သတင်းထုတ်ပြန်ခြင်း(၁၁/၂၀၁၈)အခမ်းအနားကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ နေပြည်တော်၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနား၌ စစ်ကိုင်းတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးတို့တွင် Asia Development Bank ချေးငွေဖြင့် ဆောင်ရွက်ခဲ့သော ဓာတ်အား ခွဲရုံများ ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ၆၆/၁၁ကေဗွီ ၅အမ်ဗွီအေ ဇင်ချောင်းဓာတ်အားခွဲရုံအား ဓာတ်အားလွှတ်ပြီးစီးမှုအခြေအနေ၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ခရိုင်၊ မာန်အောင်မြို့နယ်အား လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရန် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံအကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေ၊ ၆၆ ကေဗွီ မော်လမြိုင်-သံဖြူဇရပ် ဓာတ်အားလိုင်း ၄၀.၄၈မိုင်၊ ၆၆ကေဗွီ သံဖြူဇရပ်ဓာတ်အားခွဲရုံနှင့် မော်လမြိုင်ဓာတ်အားခွဲရုံ Switch Bay Extension တို့မှ ဓာတ်အားစတင်ပို့လွှတ်ဖြန့်ဖြူးမှုအခြေအနေ၊ ၁၉၆၀ခုနှစ်မှ ယခု ၂၀၁၈ ခုနှစ် အတွင်း လျှပ်စစ်ဓာတ်အားတိုးတက်ဖြန့်ဖြူးနိုင်မှုအခြေအနေ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အရှေ့တောင် အာရှရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီမှ လူမှုစီးပွားအထောက်အကူပြုလုပ်ငန်းများဆောင်ရွက်ခဲ့မှုအခြေအနေ၊ ရေနံနှင့်ရေနံထွက် ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ(၃၄)အရ စီမံခန့်ခွဲမှုနည်းလမ်းဖြင့် အရေးယူဆောင်ရွက်ရာတွင် ပေးဆောင် ရန် သတ်မှတ်သည့်ဒဏ်ကြေးငွေနှင့် ချမှတ်မည့်ပြစ်ဒဏ်များကို ပြစ်ဒဏ်ချမှတ် အရေးယူရန်ဆောင်ရွက် မှုအခြေအနေ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားပြတ်တောက်မှုလျော့နည်းစေရေးနှင့် ဗို့အား ပြည့်မီစွာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးတို့အတွက် 66/11-6.6kV (Gas Insulated Switchgear- GIS) ဓာတ်အားခွဲရုံများတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ မြင်းခြံဒေသဝန်းကျင် ကျေးရွာ(၁၇)ရွာသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်မှုအခြေအနေနှင့် ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC Call Center) ၏ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 13-Dec-2018
သတင်းထုတ်ပြန်ချက် (၁၀/၂၀၁၈)
  သတင်းထုတ်ပြန်ခြင်း (၁၀/၂၀၁၈) အခမ်းအနားကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ နေပြည်တော်၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနား၌ ၆၆ကေဗွီ ရသေ့တောင် - ဘူးသီးတောင် ဓာတ်အားလိုင်း(၃၃)မိုင်၊ ၆၆/၁၁ကေဗွီ (၅) အမ်ဗွီအေ ဘူးသီးတောင် ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းအခြေအနေ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် Powergen Kyaukse Company Limited တို့အကြား လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပသည့်သတင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် VPower Holdings Limited တို့အကြား လျှပ်စစ် ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပသည့်သတင်း၊ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင် မြို့တွင် (၂၄)နာရီ ဓာတ်အားစတင်ဖြန့်ဖြူး ပေးနိုင်မှု အခြေအနေ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း မှ ဓာတ်အားပြတ်တောက်မှုလျော့နည်း စေရန်နှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များတွင် (၆.၆)ကေဗွီ ဓာတ်အားလိုင်းများ လဲလှယ်ခြင်းလုပ်ငန်းများ အခြေအနေ၊ သန်လျင် (၂) CNG (၀၃၁)ဆိုင်သို့ ဆက်သွယ်ထားသော ၄လက်မ ပိုက်လိုင်းဓာတ်ငွေ့ ယိုစိမ့်ရာမှ မီးလောင်ခြင်းဖြစ်ပွားခဲ့မှုအား ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှုအခြေအနေ၊ ပိုမိုစနစ်ကျသည့် စက်သုံးဆီအရောင်းဆိုင်များပေါ်ထွန်းလာရေး ဆောင်ရွက်နေမှု အခြေအနေ၊ ကုန်းတွင်းပိုင်းလုပ်ကွက်အမှတ် IOR-7 တွင် ရှာဖွေရေးတွင်းအမှတ် စိန်စည်တော်-၁ စတင်တူးဖော်ခြင်းအခြေအနေအခြေအနေများနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ခဲ့ ပါသည်။


Read More...

: 08-Nov-2018
သတင်းထုတ်ပြန်ချက် (၉/၂၀၁၈)
သတင်းထုတ်ပြန်ခြင်း(၉/၂၀၁၈)အခမ်းအနားကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ နေပြည်တော်၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနား၌ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအတွင်း ဓာတ်အားခွဲရုံများတွင် ထရန်စဖော်မာများ အင်အားတိုးမြှင့်ခြင်း ဆောင်ရွက် ပြီးစီးမှုအခြေအနေ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေး၊ ဗို့အားပြည့်မီစွာဖြန့်ဖြူးပေးနိုင်ရေးအတွက်


Read More...

: 11-Oct-2018
သတင်းထုတ်ပြန်ချက် (၈/၂၀၁၈)
သတင်းထုတ်ပြန်ခြင်း(၈/၂၀၁၈)အခမ်းအနားကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ နေပြည်တော်၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနား၌ ၂၃၀ကေဗွီ မန်စံ ဓာတ်အားခွဲရုံတွင် တိုးချဲ့တပ်ဆင်သည့် 230/66/11kV, 100MVA Transformer မှ ဓာတ်အား ပို့လွှတ်ထားရှိမှုအခြေအနေ၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနမှ တာဝန်ယူ ထိန်းသိမ်းလျက်ရှိသော ရေလှောင်တမံ များ၏ကြံ့ခိုင်မှုအတွက်ဆောင်ရွက်ထားမှုအခြေအနေ၊ တီကျစ် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံအကြောင်းသိကောင်းစရာ၊ ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ရှိ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲကျိုးပဲ့မှုကြောင့် ပျက်ဆီး ဆုံးရှံးမှုနှင့် ဓာတ်အားပြန်လည်ရရှိရေးဆောင်ရွက်ထားရှိမှု အခြေအနေ၊ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ပေါ်နှင့် အနီးအနားကျေးရွာ များအား


Read More...

: 12-Sep-2018