The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ မဟာဓာတ်အားလိုင်း၊ ပင်မဓာတ်အားခွဲရုံများဖွင့်ပွဲနှင့် လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ်ခြင်းအခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း
ယနေ့ ကျင်းပပြုလုပ်တဲ့ ရှမ်းပြည်နယ်၊ နမ့်စန်-မိုင်းပျဉ်း-ကျိုင်းတုံ မဟာ ဓာတ်အား လိုင်းနဲ့ ကျိုင်းတုံပင်မဓာတ်အားခွဲရုံ၊ မိုင်းပျဉ်းပင်မဓာတ်အားခွဲရုံများ ဖွင့်ပွဲနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) သို့ လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ်ခြင်းအခမ်းအနားသို့ ကြွရောက်လာကြတဲ့ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ တိုင်းရင်းသား မိဘပြည်သူများ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဧည့်သည် တော်များအားလုံးကို မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါ တယ်ခင်ဗျာ။


Read More...

Post under by : ဝန်ကြီးရုံး
: 10-Aug-2020
၂၃၀ ကေဗွီ နမ့်စန်-မိုင်းပျဉ်း-ကျိုင်းတုံ မဟာဓာတ်အားလိုင်း (၁၅၁.၈)မိုင်၊ ၂၃၀/၆၆/၁၁ ကေဗွီ (၁၀၀)အမ်ဗီအေ ကျိုင်းတုံပင်မ ဓာတ်အားခွဲရုံ၊ ၂၃၀/၆၆/၁၁ ကေဗွီ (၆၀)အမ်ဗွီအေ မိုင်းပျဉ်းပင်မ ဓာတ်အားခွဲရုံဖွင့်ပွဲ
နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် (၈.၈.၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ကျင်းပပြုလုပ်သည့် ၂၃၀ ကေဗွီ နမ့်စန်-မိုင်းပျဉ်း-ကျိုင်းတုံ မဟာဓာတ်အားလိုင်း (၁၅၁.၈)မိုင်၊ ၂၃၀/၆၆/၁၁ ကေဗွီ (၁၀၀)အမ်ဗီအေ ကျိုင်းတုံပင်မ ဓာတ်အားခွဲရုံ၊ ၂၃၀/၆၆/၁၁ ကေဗွီ (၆၀)အမ်ဗွီအေ မိုင်းပျဉ်းပင်မ ဓာတ်အားခွဲရုံဖွင့်ပွဲနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)သို့ နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ်ခြင်း အခမ်းအနားသို့ တက်ရောက် အဖွင့်အမှာစကား ပြောကြားပြီး စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 08-Aug-2020
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ၂၃၀ ကေဗွီ နမ့်စန် - မိုင်းပျဉ်း - ကျိုင်းတုံ မဟာဓာတ်အားလိုင်း (၁၅၁ ဒသမ ၈)မိုင်၊ ၂၃၀/၆၆/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ ကျိုင်းတုံပင်မဓာတ်အားခွဲရုံ၊ ၂၃၀/၆၆/၁၁ ကေဗွီ ၆၀ အမ်ဗွီအေ မိုင်းပျဉ်းပင်မဓာတ်အားခွဲရုံဖွင့်ပွဲနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)သို့ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ်ခြင်းအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ် မိန့်ခွန်းပြောကြား
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့နံနက်ပိုင်းတွင် ၂၃၀ ကေဗွီ နမ့်စန် - မိုင်းပျဉ်း- ကျိုင်းတုံ မဟာဓာတ်အားလိုင်း(၁၅၁ ဒသမ ၈)မိုင်၊ ၂၃၀/၆၆/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ ကျိုင်းတုံပင်မဓာတ်အားခွဲရုံ၊ ၂၃၀/၆၆/၁၁ ကေဗွီ ၆၀ အမ်ဗွီအေ မိုင်းပျဉ်းပင်မဓာတ်အားခွဲရုံ ဖွင့်ပွဲနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)သို့ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား စတင် ပို့လွှတ်ခြင်းအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ် မိန့်ခွန်းပြောကြားသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 08-Aug-2020
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်သည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း ဒုတိယအဆင့်ကျေးရွာများအတွက် ကွန်ကရစ်တိုင်ဝယ်ယူရေးနှင့် တည်ဆောက်ရေးလုပ်ငန်းအပ်နှံရန် တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီများနှင့် စာချုပ်လဲလှယ်ခြင်းအခမ်းအနားကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်သည့် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း ဒုတိယအဆင့်ကျေးရွာများအတွက် ကွန်ကရစ်တိုင်ဝယ်ယူရေးနှင့် တည်ဆောက်ရေးလုပ်ငန်းအပ်နှံရန် တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီများနှင့် စာချုပ်လဲလှယ်ခြင်း အခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၅) ရက်နေ့၊ ၁၄:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ရတနာခန်းမ၌ COVID-19 ကာကွယ်ရေး နည်း စနစ်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 05-Aug-2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ်တွင် ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်သဖြင့် ဓာတ်အားပြတ်ဧရိယာများကို ကြိုတင်အသိပေးပန်ကြားခြင်း
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ်တွင် (၈/၂၀၂၀) လအတွင်း မြို့နယ်အလိုက် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ ထိန်းသိန်းပြုပြင်ခြင်း၊ သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပါသဖြင့် အောက်ဖော်ပြပါ နေရာများတွင် ဓာတ်အားပြတ်တောက်မည်ဖြစ်ပါကြောင်း အသိပေးပန်ကြားအပ်ပါသည်-


Read More...

Post under by : လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE)
: 05-Aug-2020