The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


၂၀၂၁ ခုနှစ်တွင် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မှုအချိုး (Electrification Ratio) ၅၅% သို့ တိုးတက်စေရေးကို အထောက်အကူပြုမည့် ကမ္ဘာ့ဘဏ်၏ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၃၁၀ ဖြင့် ဆောင်ရွက်နေသည့် (National Electrification Plan- NEP)
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် တာဝန်ရှိသူများ လိုက်ပါလျက် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်နေသည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းမှ ပထမအဆင့်စာရင်းပါ ကျေးရွာ (၅၀၈၀) ရွာအတွက် လိုအပ်သည့် ထရန်စဖော်မာ (၅၃၈၉) လုံးကို ထုတ်လုပ် စမ်းသပ်နေသည့် ရန်ကုန်မြို့၊ တောင်ဒဂုံ စက်မှုဇုန်ရှိ ဂျပန်နိုင်ငံ Hitachi ကုမ္ပဏီနှင့် ဖက်စပ်ပူးပေါင်း ဆောင်ရွက်နေသော Hitachi Soe Electric & Machinery Co.,Ltd. စက်ရုံသို့ သွားရောက်ပြီး ထုတ်လုပ်လျက်ရှိသည့် ထရန်စဖော်မာများ စမ်းသပ်နေမှု အခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးရာ Hitachi Soe Electric & Machinery Co.,Ltd. ၏ Chairman ဦးကျော်မင်းထွန်းနှင့် Managing Director Mr. Katsutoshi Inagaki တို့မှ ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များကို မှာကြားခဲ့ ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 07-Oct-2018
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် အိန္ဒိယနိုင်ငံ၊ TATA Distribution Dehli ၏ Technological Centre သို့ သွားရောက်ခဲ့ပြီး နည်းပညာ ဖွံ့ဖြိုးရေး၊ လေ့ကျင့်ပညာပေးရေးကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့၊ နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ၊ TATA Distribution Dehli ၏ Technological Centre သို့ သွားရောက်ခဲ့ပြီး Dehli မြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ထိန်းချုပ်မှု၊ ဓာတ်အားပျောက်ဆုံးမှုများအား စီမံထိန်းချုပ်ဆောင်ရွက်မှုများကို ကြည့်ရှု လေ့လာခဲ့ပြီး နည်းပညာဖွံ့ဖြိုးရေး၊ လေ့ကျင့်ပညာပေးရေးကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေး ခဲ့ကြပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 06-Oct-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်အိန္ဒိယနိုင်ငံ၊နယူးဒေလီမြို့India Expo Centre ၌ ကျင်းပပြုလုပ်ခဲ့သော“The Bankers’ Perspective on Renewables” ဆွေးနွေးပွဲသို့ တက်ရောက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်သည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ India Expo Centre တွင် ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ (၄)b ရက်နေ့၊ နံနက်ပိုင်း၌ ကျင်းပပြုလုပ်ခဲ့သော “The Bankers’ Perspective on Renewables” ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 05-Oct-2018
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ကျင်းပသော First General Assembly of International Solar Alliance (ISA) ၏ 2nd Global Renewable Energy (RE) – INVEST 2018 အခမ်းအနားသို့ တက်ရောက်
    အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ Greater Noida ရှိ India Expo Mant ၌ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့၊ ဒေသစံတော်ချိန် ၀၉:၃၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သော 2nd Global Renewable Energy (RE) – INVEST 2018 ပြပွဲအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တက်ရောက်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 04-Oct-2018
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ကျင်းပသော First General Assembly of International Solar Alliance (ISA) ၏ 2nd Global Renewable Energy (RE) – INVEST 2018 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ Vigyan Bhawan ခန်းမ၌ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့၊ ၁၈:၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သော First General Assembly of International Solar Alliance (ISA) ၏ 2nd Global Renewable Energy (RE) – INVEST 2018 ဖွင့်ပွဲအခမ်းအနားသို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တက်ရောက်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 03-Oct-2018