The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


သူဌေးရေအားလျှပ်စစ်စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် သွားရောက်ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၉ ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ၊ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့၏ အရှေ့မြောက်ဘက် (၁၂) မိုင်ခန့်အကွာ သူဌေးချောင်းပေါ်တွင် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၄) တည်ဆောက်ရေးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် သူဌေးရေအား လျှပ်စစ်စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 21-Feb-2019
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ တတိယအကြိမ် ဝန်ထမ်းမိသားစု စုပေါင်းထမနဲထိုးပြိုင်ပွဲ ကျင်းပ
မြန်မာ့ရိုးရာအစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဝန်ထမ်းများအချင်းချင်း စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ တိုးပွား စေရန်ရည်ရွယ်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ တတိယအကြိမ် ဝန်ထမ်းမိသားစု စုပေါင်းထမနဲထိုးပြိုင်ပွဲကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေပိုင်းတွင် ရုံးအမှတ် (၂၇)၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ အသင်း (၈) သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်းများ၏ ထမနဲထိုးယှဉ်ပြိုင်နေမှုအား ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနအကြီးအကဲများက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကာ ဆုရရှိသည့်အသင်းများအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 18-Feb-2019
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ နတ်စင်ကုန်းကျေးရွာ၊ ကျွဲမင်းကုန်း အောင်မြေ သုခစေတီတော်လျှပ်စစ်မီး ရရှိခြင်း အခမ်းအနားသို့ တက်ရောက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ နတ်စင်ကုန်းကျေးရွာ၊ ကျွဲမင်းကုန်းအောင်မြေသုခစေတီတော် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ၁၁ ကေဗွီ ဓာတ်အားလိုင်း (၈၆၄၀ ပေ) ၊ ၄၀၀ ဗို့ ဓာတ်အားလိုင်း (၃၉၂၀ ပေ) နှင့် ၁၁-၆.၆/ ၀.၄ ကေဗွီ၊၁၆၀ ကေဗွီအေ ထရန်စဖော်မာ (၁)လုံးတို့အား တည်ဆောက်ပြီးစီးပြီဖြစ်ပါ သဖြင့် လျှပ်စစ်မီးရရှိခြင်း အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ကျွဲမင်းကုန်းစေတီတော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 18-Feb-2019
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ၆၆/၁၁-၆.၆ကေဗွီ ၂ x ၂၀ အမ်ဗွီအေ (GIS)ဓာတ်အားခွဲရုံနှင့် လမ်းမတော်မြို့နယ် အတွင်းရှိ ၆၆/၁၁ ကေဗွီ ၂ x ၂၀ အမ်ဗွီအေ(GIS) ဓာတ်အားခွဲရုံဖွင့်ပွဲများ ကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ် ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးနိုင်ရေးအတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ၆၆/၁၁-၆.၆ ကေဗွီ၊ ၂ x ၂၀ အမ်ဗွီအေ Gas Insulated Switchgear(GIS) ဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇)ရက်နေ့၊ (၀၇:၃၀) နာရီအချိန်တွင် အဆိုပါဓာတ်အားခွဲရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 17-Feb-2019
ရေနံဓာတ်ငွေ့ရည် တင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရန် LPG Safety Training Course သင်တန်းအမှတ်(၂) ဖွင့်ပွဲနှင့် LPG ဖြန့်ဖြူး ရောင်းချနေသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တွေ့ဆုံ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ဖွင့်လှစ်သည့် ရေနံဓာတ်ငွေ့ရည် တင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ တွင် စနစ်တကျနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရန်အတွက် LPG Safety Training Course အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ မွန်းလွဲ(၁၄:၃၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အမှတ်(၁) ရေနံချက် စက်ရုံ (သန်လျင်) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 17-Feb-2019