The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းတည်ဆောက်ရေးတင်ဒါ (စစ်ကိုင်းတိုင်းဒေသကြီး C1 W1) အောင်မြင်သည့် ကုမ္ပဏီ ၄ ခု တို့အကြားတည်ဆောက်ရေးလုပ်ငန်းအပ်နှံသည့် စာချုပ်လက်မှတ်ရေးထိုးပွဲအခမ်းအနားကျင်းပ
   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် ကမ္ဘာ့ဘဏ် ချေးငွေဖြင့်ဆောင်ရွက်လျက်ရှိသည့် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်းပါ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ ၄၈၂ ရွာအတွက် ဓာတ်အားလိုင်း၊ ထရန်စဖော်မာ တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီများဖြစ်သည့် Able Winner Co.,Ltd ၊ Soe Moe Than Co., Ltd ၊ Helta Light Co.,Ltd နှင့် Myanmar Super Ray Co.,Ltd တို့အကြား လုပ်ငန်းအပ်နှံသည့် စာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့၊ ၁၄:၀၀ နာရီ အချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 21-Dec-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက် ရှိသော စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက် လျက်ရှိသော စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့်ပတ်သက်သည့် တိုင်းဒေသကြီး/ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့၊ ၀၉:၀၀ နာရီ အချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 17-Dec-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး  ဒေါက်တာထွန်းနိုင် မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်နှင့်စွမ်းအင်ကိစ္စရပ်များ စစ်ဆေးကြည့်ရှု
၂၀၁၉ ခုနှစ် နွေရာသီတွင် နိုင်ငံ၏ လိုအပ်သော လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းပေးနိုင်ရေး အတွက် Powergen Kyaukse Company Limited မှ မန္တလေးတိုင်ဒေသကြီး ၊ ကျောက်ဆည်ခရိုင်၊ ဘဲလင်းပင်မဓာတ်အားခွဲရုံအနီးတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော 145MW Gas Engine Power Plant စီမံကိန်းသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက်နေ့တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 15-Dec-2018
၆၆ ကေဗွီ မော်လမြိုင် - သံဖြူဇရပ် ဓာတ်အားလိုင်း(၄၀.၄၈)မိုင်၊ ၆၆ကေဗွီ သံဖြူဇရပ်ဓာတ်အားခွဲရုံနှင့် မော်လမြိုင် ဓာတ်အားခွဲရုံ Switch Bay Extension တို့မှ ဓာတ်အားစတင်ပို့လွှတ်ဖြန့်ဖြူးမှု အခြေအနေ
၆၆ ကေဗွီ မော်လမြိုင် - သံဖြူဇရပ် ဓာတ်အားလိုင်း(၄၀.၄၈)မိုင် ၊ ၆၆/၃၃/၁၁ ကေဗွီ (၂၀) အမ်ဗွီအေ သံဖြူဇရပ်ဓာတ်အားခွဲရုံ နှင့် မော်လမြိုင် ဓာတ်အားခွဲရုံတွင်  66 kV Switch Bay တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများအား ၂၀၁၆ ခုနှစ်မ


Read More...

Post under by : လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန(DPTSC)
: 12-Dec-2018
Economic Research Institute for ASEAN and East Asia – ERIA ၏ နည်းပညာနှင့်ငွေကြေးပံ့ပိုးမှုဖြင့် ဆောင်ရွက်ခဲ့သော Natural Gas Master Plan in Myanmar ထုတ်ပြန်ပွဲ အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး  ဦးဝင်းခိုင် တက်ရောက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန နှင့် Economic Research Institute for ASEAN and East Asia (ERIA) တို့ပူးပေါင်း၍ ERIA ၏ နည်းပညာနှင့်ငွေကြေး ပံ့ပိုးမှုဖြင့် ဆောင်ရွက်ခဲ့သော Natural Gas Master Plan in Myanmar ထုတ်ပြန်ပွဲ အခမ်းအနားအား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် သင်္ဂဟဟိုတယ်၊ နေပြည်တော်၌ ကျင်းပခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 11-Dec-2018