66/33/11 kV, 20 MVA ဇရပ်ကွင်း ဓာတ်အားခွဲရုံ ဓာတ်အားလွှတ်ခြင်း
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်ခရိုင်အတွင်းရှိ စဉ့်ကူမြို့နယ်၊ သပိတ်ကျင်း မြို့နယ်နှင့် မိုးကုတ်မြို့နယ်များသို့ ဗို့အားပြည့်မီစွာ အသုံးပြုနိုင်စေရေး၊ ဓာတ်အားတိုးချဲ့ ဖြန့်ဖြူးနိုင်စေရေးတို့အတွက် လက်ပံလှပင်မဓာတ်အားခွဲရုံတွင် 132/66/11 kV, 60 MVA တိုးချဲ့တပ်ဆင်ပြီးစီးသဖြင့် 66 kV လက်ပံလှ-ဇရပ်ကွင်းဓာတ်အားလိုင်း (၂၀.၅) မိုင်နှင့် 66/33/11 kV, 20 MVA ဇရပ်ကွင်း ဓာတ်အားခွဲရုံများသို့ (၂၁.၁၁.၂၀၁၇) ရက်နေ့တွင် ဓာတ်အားပို့လွှတ်နိုင်ခဲ့ပါသည်။
Read More...
Post under by : မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(MESC)
: 26-Dec-2017
"The Project for Capacity Development of Transmission and Distribution System" by JICA
(1) Outline of Project
(2) Training in Myanmar
(3) Workshop in Japan for MOEE Engineers
(4) Seminar in Japan for MOEE Engineers
Read More...
Post under by : ဝန်ကြီးရုံး
: 26-Dec-2017
JAPAN ODA Loan ဖြင့် ဆောင်ရွက်ခဲ့သော ၂၃၀ ကေဗွီ သန်လျင် - သီလဝါဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းဆောင်ရွက်ပြီးစီး
၂၃၀/၃၃/၁၁ကေဗွီ (၃ x ၁၀၀ MVA) သီလဝါဓာတ်အားခွဲရုံနှင့် ၂၃၀ ကေဗွီ သန်လျင် - သီလဝါဓာတ်အားလိုင်း (၁၀.၀၇) မိုင်အား Toenec Corporation မှ တည်ဆောက်ရေးလုပ်ငန်းများ (၉.၃.၂၀၁၆) ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ရာ (၂၀.၁၁.၂၀၁၇) ရက်နေ့တွင် ပြီးစီးပြီဖြစ်သဖြင့် အဆိုပါနေ့ (၁၀ : ၁၁) နာရီတွင်ဓာတ်အားပို့လွှတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ၎င်းစီမံကိန်းအား JAPAN ODA Loan ဖြင့် ဆောင်ရွက်ခဲ့သော လုပ်ငန်းဖြစ်ပြီး စီမံကိန်းကုန်ကျစရိတ်မှာ ဂျပန်ယန်း ၃၁၄၇ သန်းဖြစ်၍ သီလဝါအထူးစီးပွားရေးဇုန်နှင့် အနီးအနားပတ်ဝန်ကျင်ဒေသများ ဓာတ်အား ဖြန့်ဖြူးရေးအတွက် အထောက်အကူပြုသော စီမံကိန်းဖြစ်ပါသည်။
Read More...
Post under by : ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)
: 26-Dec-2017
မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ဖြည့်တင်းပြီး ရေနံဓာတ်ငွေ့ရည်ဆလင်ဒါများ ဖြန့်ဖြူးရောင်းချခွင့် လိုင်စင် (ဃ) နှင့် (င) အသစ်လျှောက်ထားခြင်းနှင့် လိုင်စင်ရရှိထားသူများ သက်တမ်းတိုးရန် နှိုးဆော်ခြင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ခွင့်ပြုထုတ်ပေးထားသော ဖြည့်တင်းပြီးရေနံဓာတ်ငွေ့ရည်အိုးများ ဖြန့်ဖြူးရောင်းချခွင့်လိုင်စင်(လိုင်စင်(ဃ)နှင့်(င)) များသည် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပါသဖြင့် သက်တမ်းကုန်ဆုံး သော နေ့ရက်မတိုင်မီ နောင်လာမည့်နှစ်အတွက် လိုင်စင်သက်တမ်းတိုးမြှင့်ခြင်းကို ဆောင်ရွက် ရမည်ဖြစ်ပါသည်။
Read More...
Post under by : မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း(MPE)
: 26-Dec-2017
ရေနံဓာတ်ငွေ့ရည်စက်ရုံ (ညောင်တုန်း)နှင့် ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်များ (အလုံ၊ အင်းစိန်၊ ဒဂုံ) မှ ရေနံဓာတ်ငွေ့ရည်ဝယ်ယူခြင်းနှင့်ပစ္စည်းများ ငှားရမ်းခြင်းတို့နှင့်ပတ်သက်၍ အသိပေးကြေညာခြင်း
လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ ရပ်နားထား သော ရေနံဓာတ်ငွေ့ရည်စက်ရုံ(ကျွန်းချောင်း)ကို ရေနံဓာတ်ငွေ့ရည်စက်ရုံ(ညောင်တုန်း)အနီးသို့ ရွှေ့ပြောင်းပြီး၊ စက်ရုံ(၂)ရုံကို လည်ပတ်ထုတ်လုပ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရေနံ ဓာတ်ငွေ့ရည်အရောင်းဆိုင် ၄ ဆိုင်မှ ရေနံဓာတ်ငွေ့ရည်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကို ရတနာစု ကုမ္ပဏီလီမိတက်သို့ နှစ်ရှည်ငှားရမ်း၍ အကျိုးအမြတ်ခွဲဝေသောစနစ်ဖြင့် လုပ်ငန်းဆောင်ရွက်ရန် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့တွင် လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုခဲ့ပါသည်။ အဆိုပါ လုပ်ငန်းကို ရတနာစုကုမ္ပဏီလီမိတက်သည် ၁-၁၁-၂၀၁၇ ရက်နေ့မှစ၍ ဆောင်ရွက်မည်ဖြစ်ပါ သည်။
Read More...
Post under by : မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း(MPE)
: 26-Dec-2017