ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် သည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၁၆) ရက်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပို ရေးရှင်း ၊ စိန်ပန်းမြိုင်ဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး 66/ 33/ 6.6 kV Sub-Station နှင့် Control Room တို့အား ကြည့်ရှုစစ်ဆေးပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 26-Dec-2017
သထုံသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံစီမံကိန်းနှင့်ပတ်သက်၍ သဘာဝနှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး ဆောင်ရွက်ချက်များ
သထုံသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံစီမံကိန်းနှင့် ပတ်သတ်၍ သဘာဝနှင့် လူမှုပတ်၀န်းကျင်ထိခိုက်မှုမရှိစေရေး ဆောင်ရွက်ချက်များအား အောက်ဖော်ပါ PDF File များတွင် လေ့လာနိုင်ပါသည်။
- သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာစီမံခန့်ခွဲမှု
- ပြန်လည်နေရာချထားရေးအစီအစဉ်များ၊ ရေပိုက်လိုင်းများ၊ လျှပ်စစ်ဓာတ်အား လိုင်းများအတွက် ပတ်၀န်းကျင်စီမံခန့်ခွဲမှု
Read More...
Post under by : ဝန်ကြီးရုံး
: 26-Dec-2017
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှု့စစ်ဆေးသည့်သတင်း နေပြည်တော်၊ ၂၀၁၇ခုနှစ် ဒီဇင်ဘာလ(၈)ရက်
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ(၈)ရက်နေ့ နံနက်ပိုင်းတွင် တနင်္သာရီ တိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ ကမ်းလွန်ရတနာစီမံကိန်းပိုက်လိုင်း ဗဟိုထိန်း ချုပ်ရေးစခန်းသို့ ရောက်ရှိခဲ့ပြီး စီမံကိန်းစခန်းရှင်းလင်းဆောင်တွင် တာဝန်ရှိသူများမှ သဘာဝ ဓာတ်ငွေ့ဖြန့်ဖြူး ထုတ်လုပ်ပေးနေမှုအခြေအနေ၊ ပိုက်လိုင်းသွယ်တန်းထားမှုအခြေအနေ များအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ သိလိုသည်များ မေးမြန်းဆွေးနွေးပြီး လုပ်ငန်းလိုအပ်ချက်များအား မှာကြားခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 26-Dec-2017
66/33/11 kV, 20 MVA ဇရပ်ကွင်း ဓာတ်အားခွဲရုံ ဓာတ်အားလွှတ်ခြင်း
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်ခရိုင်အတွင်းရှိ စဉ့်ကူမြို့နယ်၊ သပိတ်ကျင်း မြို့နယ်နှင့် မိုးကုတ်မြို့နယ်များသို့ ဗို့အားပြည့်မီစွာ အသုံးပြုနိုင်စေရေး၊ ဓာတ်အားတိုးချဲ့ ဖြန့်ဖြူးနိုင်စေရေးတို့အတွက် လက်ပံလှပင်မဓာတ်အားခွဲရုံတွင် 132/66/11 kV, 60 MVA တိုးချဲ့တပ်ဆင်ပြီးစီးသဖြင့် 66 kV လက်ပံလှ-ဇရပ်ကွင်းဓာတ်အားလိုင်း (၂၀.၅) မိုင်နှင့် 66/33/11 kV, 20 MVA ဇရပ်ကွင်း ဓာတ်အားခွဲရုံများသို့ (၂၁.၁၁.၂၀၁၇) ရက်နေ့တွင် ဓာတ်အားပို့လွှတ်နိုင်ခဲ့ပါသည်။
Read More...
Post under by : မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(MESC)
: 26-Dec-2017
"The Project for Capacity Development of Transmission and Distribution System" by JICA
(1) Outline of Project
(2) Training in Myanmar
(3) Workshop in Japan for MOEE Engineers
(4) Seminar in Japan for MOEE Engineers
Read More...
Post under by : ဝန်ကြီးရုံး
: 26-Dec-2017