သတင်းထုတ်ပြန်ချက်
					
					
					လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် မကွေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးနှင့်အတူ ဌာနမှတာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ၁၃၂ ကေဗွီ မကွေးပင်မ ဓာတ်အားခွဲရုံ(မကြီးကန်) သို့သွားရောက်၍ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးထားရှိမှုအခြေအနေနှင့် မကွေးမြို့၊ သပြေစမ်းကျေးရွာရှိ Solar Hybrid Power Plant စီမံကိန်းလုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်နေမှုအခြေအနေတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။					
					
					Read More... 
					 
				 
				
				
					
										Post under by : ဝန်ကြီးရုံး
										 : 28-Jan-2024				
				
			 
				
			    		
					
				
					
					
					သတင်းထုတ်ပြန်ချက်
					
					
					၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော် ၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ၃၃ကေဗွီ စစ္စနို့ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ပြီး မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မင်းလှဓာတ်အားခွဲရုံ၏ ဓာတ်အားဖြန့်ဖြူးထားရှိမှုအခြေအနေကိုကြည့်ရှုစစ်ဆေး၍ မကွေးတိုင်း ဒေသကြီးလျှပ်စစ်အင်ဂျင်နီယာရုံး၌  ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေဆုံပြီး  ဝန်ထမ်းများ ဘဏ္ဏာရေး ဆိုင်ရာ ရုံးလုပ်ငန်းဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။					
					
					Read More... 
					 
				 
				
				
					
										Post under by : ဝန်ကြီးရုံး
										 : 27-Jan-2024				
				
			 
				
			    		
					
				
					
					
					သတင်းထုတ်ပြန်ချက်
					
					
					လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနမှတာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ မန်းသဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ သို့သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး Switch Yard (ဆွိစ်ယာဒ်) အတွင်း ထရန်စဖော်မာဝန်အားတိုးချဲ့တပ်ဆင်နေမှုနှင့် ဓာတ်အားပို့လွှတ် ဖြန့်ဖြူးထားရှိမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။					
					
					Read More... 
					 
				 
				
				
					
										Post under by : ဝန်ကြီးရုံး
										 : 26-Jan-2024				
				
			 
				
			    		
					
				
					
					
					မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ခရိုင်/မြို့နယ်အလိုက် မီတာ ခွဲဝေ၊ ရရှိ၊ ထုတ်ပေး၊ လက်ကျန်စာရင်း (၁၂.၁.၂၀၂၄ ) မှ (၁၈.၁.၂၀၂၄) ထိ
					
					
					မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ခရိုင်/မြို့နယ်အလိုက် မီတာ ခွဲဝေ၊ ရရှိ၊ ထုတ်ပေး၊ လက်ကျန်စာရင်း (၁၂.၁.၂၀၂၄ ) မှ (၁၈.၁.၂၀၂၄) ထိ					
					
					Read More... 
					 
				 
				
				
					
										Post under by : မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(MESC)
										 : 26-Jan-2024				
				
			 
				
			    		
					
				
					
					
					မန္တလေးတိုင်းဒေသကြီးအတွင်း ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေးတို့နှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည့်သတင်း
					
					
					 မန္တလေးတိုင်းဒေသကြီးအတွင်း ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေး၊ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းကျဆင်းစေရေးတို့နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် မန္တလေး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါ သည်။					
					
					Read More... 
					 
				 
				
				
					
										Post under by : ဝန်ကြီးရုံး
										 : 21-Jan-2024