The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


သတင်းထုတ်ပြန်ချက်
ဧရာဝတီမြစ်၏ ရေအရင်းအမြစ်ကိုအသုံးပြုပြီး စိုက်ပျိုးရေပေးဝေရေးနှင့် မြစ်ကြောင်းသွားလာမှု ပိုမိုမြန်ဆန်စေရေးတို့အတွက် ဧရာဝတီမြစ်ကြောင်းဆိုင်ရာ အချက် အလက်များနှင့် ပတ်သက်၍ နည်းပညာဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့ ၊ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 06-Jun-2023
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဓာတ်အားခွဲရုံများ တည်ဆောက်/မောင်းနှင်/ထိန်းသိမ်း ပြုပြင်ခြင်း သင်တန်းအမှတ်စဉ်(၂/၂၀၂၃)နှင့် အင်ဂျင်နီယာများစီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ် (၂/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂)ရက်နေ့၊ နံနက် ( ၀၉:၃၀ ) နာရီအချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ နေပြည်တော်ဗဟိုသင်တန်းကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 02-Jun-2023
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၃ခုနှစ် မေလ (၃၁)ရက်နေ့ နံနက်ပိုင်း၌ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အလွန့်အလွန်အားကောင်း သော မိုခါမုန်တိုင်းကြောင့်ပျက်စီးသွားသည့် စစ်တွေမြို့ပေါ်ရှိ ၁၁ ကေဗွီနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း များ ပြန်လည်ပြုပြင်တည်ဆောက်မှုအခြေအနေများ၊ ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာများအား စမ်းသပ်စစ်ဆေးပြုပြင်နေမှုအခြေအနေများ၊ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာ လျှပ်စစ် ဓာတ်အားသုံးစွဲနိုင်ရေးအတွက် အိမ်သုံးမီတာများ၊ အဆောက်အဦအတွင်း လျှပ်စစ်သွယ်တန်းမှုများ အား ပေါင်းစပ်စစ်ဆေးဆောင်ရွက်ပေးနေမှု အခြေအနေနှင့် စစ်တွေဆိပ်ကမ်းတွင် သင်္ဘောပေါ်မှ လျှပ်စစ်ဆိုင်ရာပစ္စည်းများ သယ်ဆောင်နေမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ညနေပိုင်းတွင် ရခိုင်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ တည်ဆောက်ရေးအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်း အဝေး ပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 02-Jun-2023
သတင်းထုတ်ပြန်ချက်
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ရောက်ရှိနေသော လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦသောင်းဟန်သည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဉီးစီးဌာန၊ ၁၃၂ ကေဗွီ တောင်ကြီးပင်မဓာတ်အားခွဲရုံ၏ လျှပ်စစ် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 30-May-2023
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများလိုက်ပါလျက် မေလ(၂၉)ရက်နေ့ နံနက်ပိုင်း၌ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အလွန့်အလွန်အားကောင်းသော မိုခါမုန်တိုင်းကြောင့်ပျက်စီးသွားသည့် ၆၆ ကေဗွီ ပုဏ္ဏားကျွန်း - စစ်တွေ အမှတ်(၁) ဓာတ်အားလိုင်း နှင့် စစ်တွေမြို့ပေါ်ရှိ ၁၁ ကေဗွီနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်နေမှု အခြေအနေ များ၊ ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာများ စမ်းသပ်စစ်ဆေးနေမှုအခြေအနေများနှင့် ဝန်ထမ်းအိမ်ရာ များနှင့် ငွေကောက်ကောင်တာ အဆောက်အဦများတွင် အမိုးသွပ်ပြားများရောက်ရှိ၍ ပြန်လည် အစားထိုး ပြုပြင်ဆောင်ရွက်ပေးနေမှုအခြေအနေတို့အား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 30-May-2023