မန္တလေးငလျင်ကြီးကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းမြို့တို့တွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ခဲ့သည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများကို ပြန်လည်ပြုပြင် ပြင်ဆင်၍ လျှပ်စစ်ဓာတ်အားပြန်လည်ရရှိရေးလုပ်ငန်းများကို ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြသော ကျွမ်းကျင်ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့် ထောက်ပံ့ငွေ ပေးအပ်ခြင်းနှင့် ငလျင်ဘေးသင့်ဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည့်သတင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သော ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ ပြင်ဆင်၍ အချိန်တိုအတွင်း ပြန်လည်ပြုပြင်နိုင်ရန် အတွက် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းမြို့တို့တွင် လျှပ်စစ်ဓာတ်အားပြန်လည်ရရှိရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြပြီး မိမိတို့၏သက်ဆိုင်ရာရုံးဌာနနေရပ်ဒေသများသို့ ပြန်လည်ထွက်ခွာတော့မည့် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် တိုင်းဒေသကြီး/ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးများမှ ကျွမ်းကျင်ဝန်ထမ်းများအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) ယာဉ်ရပ်နားကွင်း နှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၀၀ တိုးဂိတ်အနီးတို့တွင် ပြည်ထောင်စုဝန်ကြီးမှ သွားရောက်တွေ့ဆုံနှုတ်ဆက်၍ ဂုဏ်ပြုအမှာစကားပြောကြားပြီး ဂုဏ်ပြုထောက်ပံ့ ချီးမြှင့်ငွေများနှင့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကာ နေပြည်တော် ဗဟိုသင်တန်းကျောင်းတွင် ငလျင်ဘေးသင့်ဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 12-Apr-2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ပုဂ္ဂလိပိုင်အနေဖြင့် ဓာတ်အားထုတ်လုပ်လျက်ရှိသော ကျောက်ဆည်မြို့နယ်ရှိ ၁၄၅ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင်ဓာတ်အားပေးစက်ရုံနှင့် သာစည်မြို့နယ်ရှိ နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများသို့ သွားရောက်ပြီး မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့မှုနှင့် ပြန်လည်ပြုပြင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးသည့်သတင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ပုဂ္ဂလိကပိုင် အနေဖြင့် ဓာတ်အားထုတ်လုပ်လျက်ရှိသော ကျောက်ဆည်မြို့နယ်ရှိ ၁၄၅ မဂ္ဂါဝပ် ဓာတ်ငွေ့ အင်ဂျင်ဓာတ်အားပေးစက်ရုံနှင့် သာစည်မြို့နယ်ရှိ သပြေဝနှင့် သာစည် နေရောင်ခြည် စွမ်းအင်သုံးဓာတ်အားပေးစက်ရုံများသို့ သွားရောက်ပြီး မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီး မှုများဖြစ်ပေါ်ခဲ့မှုနှင့် ပြန်လည်ပြုပြင် ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 12-Apr-2025
မန္တလေးငလျင်ကြီးကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သေဆုံး/ ဒဏ်ရာရနှင့် ငလျင်ဘေးဒဏ် ခံစားခဲ့ရသော ဝန်ထမ်း/ မိသားစုများသို့ ထောက်ပံ့မှု ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည့်သတင်း
မန္တလေးငလျင်ကြီးကြောင့်မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မှသေဆုံး/ဒဏ်ရာရနှင့် ငလျင် ဘေးဒဏ် ခံစားခဲ့ရသော ဝန်ထမ်း/ မိသားစုများသို့ ထောက်ပံ့မှု ပေးအပ်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့၊ မွန်းလွဲပိုင်းတွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 10-Apr-2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော် သည် အင်အားပြင်းမြေငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ထိခိုက်ပျက်စီးမှုများနှင့် ချို့ယွင်းပျက်စီးနေမှုများအား ဆက်လက်ပြုပြင်နေသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးသည့်သတင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ၂၀၂၅ ခုနှစ် ၊ ဧပြီလ ၈ ရက် နံနက်( ၁၀:၀၀ )နာရီအချိန်တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ၊ စစ်ကိုင်းတိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာအဖွဲ့နှင့်အတူ စစ်ကိုင်းမြို့ပေါ်ရှိ မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ၃၃/၁၁ကေဗွီ (၂၀)အမ်ဗွီအေ၊မင်းလမ်း ဓာတ်အားခွဲရုံသို့ ရောက်ရှိပြီးဖီဒါအလိုက် လက်ရှိဓာတ်အားဖြန့်ဖြူးပေးနေမှု၊ ဓာတ်အားခွဲရုံအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ ပျက်စီးမှု၊ ဓာတ်အားပို့လွှတ်ရေး ဖီဒါ Pannel များ ထပ်မံ ထိခိုက်ပျက်စီးမှုမရှိစေရေး ဆောင်ရွက်ထားရှိမှုများစစ်ဆေးခြင်း၊၁၁ကေဗွီမင်းလမ်းဖီဒါ(၁)နှင့်(၃)(၂)ထပ်လိုင်း နေရာပြောင်း ရွှေ့ တည်ဆောက်နေမှု၊ ပါရမီရပ်ကွက်တွင် ၁၁/၀.၄ ကေဗွီ (၂၀၀)ကေဗွီအေ ထရန်စဖော်မာ (၂)တိုင်စင် ပြန်လည်တည်ဆောက် နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 08-Apr-2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ရုံးအမှတ်(၂၇)ရှိ ရုံးအဆောက်အဦများ ပျက်စီးနေမှု၊ ပြင်ဆင်နေမှု၊ ယာယီရုံးခန်းဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှု၊ ပျဉ်းမနားပင်မဓာတ်အားခွဲရုံမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ခဲ့သည့် ဝန်ထမ်းအိမ်ရာများအား ကြည့်ရှုစစ်ဆေးသည့်သတင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၈ ရက်၊ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ခဲ့သည့် ရုံးအမှတ်(၂၇)ရှိ ရုံးအဆောက်အဦများ ပျက်စီးမှုများကို ပြင်ဆင်နေမှုနှင့် ယာယီရုံးခန်းများ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ညနေပိုင်းတွင် ပျဉ်းမနားမြို့နယ်ရှိ ပျဉ်းမနားပင်မ ဓာတ်အားခွဲရုံမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ခဲ့သည့် ဓာတ်အားခွဲရုံ ဝန်ထမ်းအိမ်ရာတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 08-Apr-2025