The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ မြိတ်ခရိုင်အတွင်းရှိ ရေထွက်လုပ်ငန်းစက်ရုံများတွင် လျှပ်စစ်ဓာတ်အားထုတ်ယူအသုံးပြုနေမှုအား ကြည့်ရှုစစ်ဆေး
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် တနင်္သာရီ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ဇွန်လ (၇) ရက်နေ့တွင် မြိတ်ခရိုင်ရှိ ရေထွက်လုပ်ငန်းစက်ရုံများတွင် Diesel Generator များဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူ၍ စက်ရုံများ လည်ပတ်ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 09-Jun-2022
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ ကျွန်းစုမြို့နယ်အတွင်းရှိ အသေးစားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် အသေးစားရေအားလျှပ်စစ်စီမံကိန်း ဖြစ်မြောက်နိုင်စွမ်းရှိသည့်နေရာများအား သွားရောက်ကြည့်ရှုစစ်ဆေးသည့်သတင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် တနင်္သာရီတိုင်း ဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၆) ရက်နေ့၌ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ရှိ အသေးစားရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများနှင့် ထပ်မံအကောင်အထည်ဖော်ဆောင်ရွက်မည့် အသေးစားရေအားလျှပ်စစ် စီမံကိန်း ဖြစ်မြောက်နိုင်စွမ်းရှိသည့် နေရာများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 08-Jun-2022
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ မြိတ်ခရိုင် လျှပ်စစ်အင်ဂျင်နီယာရုံးရှိ ဝန်ထမ်းများအား တွေ့ဆုံပြီး ဓာတ်အားပေးစက်ရုံအား ကြည့်ရှုစစ်ဆေးသည့်သတင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် တနင်္သာရီ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ဇွန်လ(၅)ရက် နေ့လယ်ပိုင်းက မြိတ်ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးသို့ သွား ရောက်၍ ဝန်ထမ်းများအား တွေ့ဆုံခဲ့သည်။


Read More...

Post under by : ဝန်ကြီးရုံး
: 06-Jun-2022
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေး
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးသောင်းဟန် သည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျနှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၄) ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ ဓာတ်အားပေး စက်များမောင်းနှင်နေမှုအခြေအနေ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုအခြေအနေနှင့် ပေါင်းလောင်း ရေလှောင်တမံတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 04-Jun-2022
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများ စွမ်းဆောင်မှု အရည်အသွေးတိုးတက်မြင့်မားစေရေး မွမ်းမံသင်တန်းများ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများ စွမ်းဆောင်မှု အရည် အသွေး တိုးတက်မြင့်မားစေရေး မွမ်းမံသင်တန်းများဆင်းပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဇွန်လ (၃) ရက်နေ့၊ နံနက်(၀၈:၃၀) နာရီအချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ နေပြည်တော်ဗဟိုသင်တန်း ကျောင်း၌ Covid- 19 ကာကွယ်ရေး နည်းစနစ်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 03-Jun-2022