The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး ၅၀၀ ကေဗွီ မိတ္ထီလာ-နေပြည်တော်-တောင်ငူ မဟာဓာတ်အားလိုင်း ကြိုးဆွဲလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့၊ မွန်းလွှဲပိုင်းတွင် ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး မိုင်တိုင်အမှတ် ၂၁၈ နှင့် မိုင်တိုင်အမှတ် ၂၆၀ အကြားတွင် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေး နှင့်ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ မိတ္ထီလာ-နေပြည်တော်-တောင်ငူ မဟာဓာတ်အားလိုင်း ကြိုးဆွဲလုပ်ငန်း ဆောင်ရွက်နေမှုအခြေ၂၀၂၂ ခုနှစ်၊ မတ်လ ( ၂ ) ရက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့၊ မွန်းလွှဲပိုင်းတွင် ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး မိုင်တိုင်အမှတ် ၂၁၈ နှင့် မိုင်တိုင်အမှတ် ၂၆၀ အကြားတွင် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေး နှင့်ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ မိတ္ထီလာ-နေပြည်တော်-တောင်ငူ မဟာဓာတ်အားလိုင်း ကြိုးဆွဲလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် အမှတ် ၂၁၈ နှင့် မိုင်တိုင်အမှတ် ၂၆၀ အကြားတွင် ဆောင်ရွက်လျက်ရှိသည့် မဟာဓာတ်အားလိုင်း ကြိုးဆွဲလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းခွင်သို့ရောက်ရှိရာ ယာယီရှင်းလင်းဆောင် ၌ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသူရအောင်ဘိုနှင့် တာဝန်ရှိသူများက မဟာဓာတ်အားလိုင်း ကြိုးဆွဲလုပ်ငန်း ( ၃၀.၄ ) ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးမှု အခြေအနေ ၊ ကြိုးဆွဲခြင်းလုပ်ငန်းများအား မိတ္ထီလာဘက်အပိုင်းနှင့် တောင်ငူဘက်အပိုင်း ကြိုးဆွဲ အဖွဲ့(၃)ဖွဲ့ဖြင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေနှင့် ၂၀၂၂ခုနှစ် နိုဝင်ဘာလတွင် ရာနှုန်းပြည့် ပြီးစီး နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ရရှိသည့် ဘဏ္ဍာငွေအပေါ် စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးနိုင်ရေး ကြိုးစားဆောင်ရွက်သွားရန်၊ လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်သုံးပစ္စည်းများ စံချိန်စံညွှန်းပြည့်မီရေးနှင့် လေလွင့်ဆုံးရှုံးမှုမရှိ စေရေး စနစ်တကျ ဂရုပြုဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စီမံကိန်းလုပ်ငန်းခွင်အတွင်း ဓာတ်အား လိုင်းကြိုးဆွဲခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ ပါသည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတစ်ဝှမ်းလုံးသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူး နိုင်ရန်အတွက် ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားခွဲရုံများကို အဆင့်မြှင့်တင်ပြုပြင်ခြင်း၊ ဓာတ်အားပေးစက်ရုံအသစ်များတည်ဆောက်ခြင်း၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တိုးချဲ့ တည်ဆောက်ခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး နှစ်အလိုက်တိုးတက် လာမည့် ဓာတ်အားကို နှစ်အလိုက် လိုအပ်ချက်များအတိုင်း ပြည့်ပြည့်ဝဝ ဖြည့်ဆည်းပေးနိုင်ရေး ရေတိုရေရှည် စီမံကိန်းများချမှတ်ပြီး အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ လက်ရှိ အခြေအနေတွင် ၂၃၀ ကေဗွီ ဗို့အားအဆင့်ဖြင့်သာ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနေရသည့်အတွက် ဓာတ်အားပျောက်ဆုံးမှု များပြားခြင်း၊ ဓာတ်အားလိုင်းများဝန်အားပြည့်နေခြင်းနှင့် ဓာတ်အားလိုင်းတစ်လိုင်း အပြစ် ဖြစ်ပွားလျှင် System Breakdown ဖြစ်ပွားခြင်းစသည့် အားနည်းချက်များ ဖြစ်ပေါ်နေသည့်အတွက် ၅၀၀ ကေဗွီ ဓာတ်အားလိုင်းများကို ပင်မကျောရိုး ဓာတ်အားလိုင်း (Back Bone) အနေဖြင့် တည်ဆောက်ရန် စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ အနေတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 02-Mar-2022
ရွေးချယ်ခံရသူများ အမည်စာရင်းထုတ်ပြန်ကြေညာခြင်း
၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းတွင် လစ်လပ်လျက် ရှိသော ပြင်ပဝင်ပေါက်ရာထူးနေရာများဖြစ်သည့် လစာနှုန်း ၂၁၆၀၀ဝိ-၂၀၀ဝိ -၂၂၆၀၀ဝိ တန်း၊ လစာနှုန်း ၁၈၀၀၀ဝိ -၂၀၀ဝိ-၁၉၀၀၀ဝိ တန်း ၊ လစာနှုန်း ၁၆၂၀၀ဝိ-၂၀၀ဝိ-၁၇၂၀၀ဝိ တန်းနှင့် လစာနှုန်း ၁၄၄၀၀ဝိ -၂၀၀ဝိ-၁၅၄၀၀ဝိ တန်း ရာထူးနေရာများခန့်ထားနိုင်ရေးအတွက် ရေးဖြေ စာမေးပွဲနှင့် လူတွေ့စစ်ဆေးခြင်းများကို ဖြေဆိုအောင်မြင်ပြီး ရွေးချယ်ခြင်းခံရသူများ၏ အမည် စာရင်းအား ပူးတွဲပါအတိုင်း ကြေညာအပ်ပါသည်။


Read More...

Post under by : မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း(MPE)
: 01-Mar-2022
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ပဉ္စမအကြိမ်မြောက် မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲ ကျင်းပပြုလုပ်သည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ပဉ္စမအကြိမ်မြောက် မြန်မာ့ ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်(၂၇)၌ ကျန်းမားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် ၁၉ ရောဂါဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီကျင်းပပြုလုပ်ခဲ့ပါသည်။  


Read More...

Post under by : ဝန်ကြီးရုံး
: 28-Feb-2022
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း အပတ်စဉ် မီတာခွဲဝေရရှိမှု၊ ထုတ်ပေးမှုနှင့် လက်ကျန်စာရင်း (၁၁.၂.၂၀၂၂ ) မှ (၁၇.၂.၂၀၂၂ ) ထိ
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း အပတ်စဉ် မီတာခွဲဝေရရှိမှု၊ ထုတ်ပေးမှုနှင့် လက်ကျန်စာရင်း (၁၁.၂.၂၀၂၂ ) မှ (၁၇.၂.၂၀၂၂ ) ထိ


Read More...

Post under by : မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(MESC)
: 23-Feb-2022
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း အပတ်စဉ် မီတာခွဲဝေရရှိမှု၊ ထုတ်ပေးမှုနှင့် လက်ကျန်စာရင်း (၄.၂.၂၀၂၂ ) မှ (၁၀.၂.၂၀၂၂ ) ထိ
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း အပတ်စဉ် မီတာခွဲဝေရရှိမှု၊ ထုတ်ပေးမှုနှင့် လက်ကျန်စာရင်း (၄.၂.၂၀၂၂ ) မှ (၁၀.၂.၂၀၂၂ ) ထိ


Read More...

Post under by : မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(MESC)
: 23-Feb-2022