လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ အမှတ်(၁) ဓာတ်မြေသြဇာစက်ရုံ(စလေ)၊ အမှတ်(၂) ဓာတ်မြေသြဇာစက်ရုံ(ကျွန်းချောင်း) အမှတ်(၄) ဓာတ်မြေသြဇာစက်ရုံ (မြောင်းတကာ)နှင့် အမှတ်(၅) ဓာတ်မြေသြဇာစက်ရုံ (ကန်ကြီးထောင့်)စက်ရုံများ နှင့်စပ်လျဉ်း၍ စိတ်ဝင်စားမှုအဆိုပြုလွှာ(Expression of Interest-EOI) တင်ပြခဲ့ကြသည့် စိတ်ဝင်စားသည့် ကုမ္ပဏီ/အဖွဲ့အစည်းများစာရင်း
၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ အမှတ် (၁) ဓာတ်မြေသြဇာစက်ရုံ(စလေ)၊ အမှတ်(၂) ဓာတ်မြေသြဇာစက်ရုံ(ကျွန်းချောင်း)၊ အမှတ်(၄) ဓာတ်မြေသြဇာစက်ရုံ (မြောင်းတကာ)နှင့် အမှတ်(၅) ဓာတ်မြေသြဇာစက်ရုံ (ကန်ကြီးထောင့်) စက်ရုံများနှင့်စပ်လျဉ်း၍ ကုမ္ပဏီ/အဖွဲ့အစည်း (၁၂) ခုမှ စိတ်ဝင်စားသည့် စက်ရုံများအလိုက် EOI တင်ပြခဲ့ကြပါသည်။
Read More...
Post under by : ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာန(OGPD)
: 30-Dec-2021
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှခေါ်သော အငယ်တန်းအင်ဂျင်နီယာ(၂)၊ဒုတိယ ဦးစီးမှူး နှင့် လျှပ်စစ်ကျွမ်းကျင်(၂)ရာထူးနေရာများ၌ ခန့်ထားနိုင်ရေးအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက် အသိပေးကြေညာခြင်း
၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ကြော်ငြာစာအမှတ်(၁/၂၀၂၁)ပါ အငယ်တန်းအင်ဂျင် နီယာ(၂) ၊ ဒုတိယဦးစီးမှူးနှင့် လျှပ်စစ်ကျွမ်းကျင်(၂)ရာထူး (၅၅၂)နေရာအတွက် ရေးဖြေစာမေးပွဲကို စာစစ်ဌာန(၅)ခု၌ အောက်ပါအတိုင်း တပြိုင်တည်းကျင်းပပြုလုပ်မည်ဖြစ်ပါသည်-
Read More...
Post under by : လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE)
: 30-Dec-2021
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း အပတ်စဉ် မီတာခွဲဝေရရှိမှု၊ ထုတ်ပေးမှုနှင့် လက်ကျန်စာရင်း (၃.၁၂.၂၀၂၁ ) မှ ( ၉.၁၂.၂၀၂၁ ) ထိ
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း အပတ်စဉ် မီတာခွဲဝေရရှိမှု၊ ထုတ်ပေးမှုနှင့် လက်ကျန်စာရင်း (၃.၁၂.၂၀၂၁ ) မှ ( ၉.၁၂.၂၀၂၁ ) ထိ
Read More...
Post under by : မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(MESC)
: 28-Dec-2021
ဒေသန္တရရေနံချက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ကြသူများ သိရှိလိုက်နာဆောင်ရွက်ကြရန်ကိစ္စ
၁။ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေတွင် ရေနံနှင့်ရေနံထွက်ပစ္စည်း တစ်မျိုးမျိုးနှင့်စပ်လျဉ်း၍ ချက်လုပ်ခြင်း၊ ဖြတ်သန်းသယ်ယူခြင်း၊ ပိုက်လိုင်းဖြင့် သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ စစ်ဆေးခြင်း၊ စမ်းသပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်ဆိုပါက သက်ဆိုင်ရာလုပ်ငန်းလိုင်စင်များရယူပြီးမှသာ လုပ်ကိုင်ဆောင်ရွက်ကြရန်ဖြစ်ပြီး လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ငန်းများ ဆောင်ရွက်ခြင်းမပြုရဟု ပြဋ္ဌာန်းထားပါသည်။
Read More...
Post under by : ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)
: 27-Dec-2021
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန စိတ်ဝင်စားမှုအဆိုပြုလွှာ(Expression of Interest- EOI)ဖိတ်ခေါ်ခြင်း
၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဓာတ်မြေဩဇာစက်ရုံများနှင့် ရေနံချက်စက်ရုံများကို ပြုပြင်မွမ်းမံခြင်း၊ ကာလရှည်ငှားရမ်းခြင်းနှင့် စက်ရုံအသစ် တည်ဆောက် ခြင်း လုပ်ငန်းများဆောင်ရွက်ရန်အတွက် တင်ဒါခေါ်ယူရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါတင်ဒါခေါ်ယူရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် စိတ်ဝင်စားသည့် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များအား စိစစ်ရွေးချယ်ပေးနိုင်ရန် နည်းပညာအရသော်လည်းကောင်း၊ ငွေကြေးနှင့် ဥပဒေလုပ်ထုံးလုပ်နည်းများအရသော်လည်းကောင်း၊ အတွေ့အကြုံနှင့် အရည်အချင်း ပြည့်စုံ သော နိုင်ငံတကာအဆင့် အကြံပေးပုဂ္ဂိုလ်/အဖွဲ့အား ငှားရမ်းဆောင်ရွက်လိုပါသဖြင့် စိတ်ဝင်စားမှု အဆိုပြုလွှာများ တင်သွင်းရန် ဖိတ်ခေါ်ပါသည်။
Read More...
Post under by : ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာန(OGPD)
: 26-Dec-2021