အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ (NREC) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့၊ ၀၉:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 25-Jun-2021
အာဆီယံစွမ်းအင်ဆိုင်ရာဝန်ကြီးများနှင့် ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီးတို့ စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စများဆွေးနွေး
အာဆီယံစွမ်းအင်ဆိုင်ရာဝန်ကြီးများနှင့် ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးဌာန၊ ဝန်ကြီးတို့အကြား စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များနှင့်ပတ်သက် သည့်အထူးအစည်းအဝေး (The Special Meeting of ASEAN Ministers on Energy and Minister of Economy, Trade and Industry of Japan - SPECIAL AMEM-METI) ကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် Video Conferencing စနစ်ဖြင့်ကျင်းပရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်သန်းဦး တက်ရောက်ခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 22-Jun-2021
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အား ပြတ်တောက်မှုလျော့နည်းကျဆင်းရေးနှင့် ဓာတ်အားစနစ်တည်ငြိမ်တိုးတက် ကောင်းမွန်စေရေး တို့အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အား ပြတ်တောက်မှုလျော့နည်းကျဆင်းရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက် ကောင်းမွန်စေရေးတို့ အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့၊ ၀၉:၀၀ နာရီအချိန်တွင် စစ်ကိုင်းမြို့၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 20-Jun-2021
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး မော်လိုက်ရေအားလျှပ်စစ်စီမံကိန်းနှင့် ဒေါင်းရွေးပင်မဓာတ်အားခွဲရုံစီမံကိန်းတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံအတွင်း နှစ်စဉ်တိုးတက်သုံးစွဲလာသည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရေးအတွက် လျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်း လုပ်ငန်းစဉ်များကို ကာလတို၊ ကာလလတ် နှင့် ကာလရှည် စီမံကိန်းများဖြင့် အဆင့်ဆင့် လျာထားစီစဉ်ဆောင်ရွက်လျက်ရှိရာ အဆိုပါ လျာထားစီမံကိန်းများအနက်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၏ အထက်ဘက်(၁)မိုင်ခန့် အကွာ ချင်းတွင်းမြစ်ပေါ်တွင် တည်ဆောက်ရန်လျာထား ဆောင်ရွက်မည့် မော်လိုက်ရေအား လျှပ်စစ်စီမံကိန်းသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် စစ်ကိုင်းတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 19-Jun-2021
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ခရိုင်/မြို့နယ်အလိုက် မီတာ ခွဲဝေ၊ ရရှိ၊ ထုတ်ပေး၊ လက်ကျန်စာရင်း ( ၄.၆.၂၀၂၁ ) မှ (၁၀.၆.၂၀၂၁ ) ထိ
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ခရိုင်/မြို့နယ်အလိုက် မီတာ ခွဲဝေ၊ ရရှိ၊ ထုတ်ပေး၊ လက်ကျန်စာရင်း ( ၄.၆.၂၀၂၁ ) မှ (၁၀.၆.၂၀၂၁ ) ထိ
Read More...
Post under by : မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(MESC)
: 18-Jun-2021