၃၈ ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အထူးအစည်းအဝေးနှင့် ၂၃ ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာဗဟိုဌာန အုပ်ချုပ်မှုကောင်စီအစည်းအဝေးများ ကျင်းပပြုလုပ်
၃၈ ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအထူးအစည်းအဝေး (38th Special Senior Officials Meeting on Energy) နှင့် ၂၃ ကြိမ်မြောက် အာဆီယံစွမ်းအင် ဆိုင်ရာဗဟိုဌာန အုပ်ချုပ်မှုကောင်စီအစည်းအဝေး (23rd ASEAN Center for Energy Governing Council Meeting) များကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့နှင့် (၂၂) ရက်နေ့များတွင် ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ် Video Conferencing စနစ်ဖြင့် ကျင်းပရာ မြန်မာနိုင်ငံ၏ အာဆီယံစွမ်းအင်ဆိုင်ရာအဆင့်မြင့်အရာရှိကြီး (Senior Official on Energy (SOE) Leader) ဖြစ်သူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ သည်နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)မှ ပါဝင်တက်ရောက်ခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 21-Jan-2021
Online မှ e-Form ဖြင့် မီတာ၊ ပါဝါမီတာ၊ ထရန်စဖော်မာများအား မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၅)မြို့နယ်တွင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း အသိပေးတင်ပြခြင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မီတာ၊ ပါဝါမီတာ၊ ထရန်စဖော်မာများအား Online မှတဆင့် လျှောက်ထားခြင်း (e-Form စနစ်) အား မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်အတွင်းရှိ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ် တို့တွင် မန္တလေးလျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 21-Jan-2021
ရန်ကုန်တိုင်းဒေသကြီး အလုံဓာတ်အားပေးစက်ရုံဝင်းအတွင်း TTCL Power Myanmar Co.,Ltd. မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် ၃၆၅ မဂ္ဂါဝပ် LNG to Power Project အတွက် ဓာတ်အားဝယ်ယူရေးစာချုပ် ချုပ်ဆိုခြင်းအခမ်းအနား ကျင်းပပြုလုပ
ရန်ကုန်တိုင်းဒေသကြီး အလုံဓာတ်အားပေးစက်ရုံဝင်းအတွင်း TTCL Power Myanmar Co.,Ltd. မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် ၃၆၅ မဂ္ဂါဝပ် LNG to Power Project အတွက် ဓာတ်အားဝယ်ယူရေးစာချုပ် ချုပ်ဆိုခြင်းအခမ်းအနားကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့၊ ၁၃:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၌ COVID-19 ကာကွယ်ရေး နည်းစနစ်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 19-Jan-2021
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ဆပ်ကော်မတီများမှ Bowser ယာဉ်မတော်တဆဖြစ်ပွားမှုနှင့် တရားမဝင် ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှုများအပေါ် ၁-၁-၂၀၂၁ ရက်နေ့မှ ၁၄-၁-၂၀၂၁ ရက်နေ့ထိ အရေးယူဆောင်ရွက်မှုများ တင်ပြခြင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ဆပ်ကော်မတီများမှ Bowser ယာဉ်မတော်တဆဖြစ်ပွားမှုနှင့် တရားမဝင် ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှုများအပေါ် ၁-၁-၂၀၂၁ ရက်နေ့မှ ၁၄-၁-၂၀၂၁ ရက်နေ့ထိ အရေးယူဆောင်ရွက်မှုများ တင်ပြခြင်း
Read More...
Post under by : ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)
: 19-Jan-2021
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ တိုင်းဒေသကြီး/ပြည်နယ်များအတွင်း ဓာတ်အား ပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်သဖြင့် ဓာတ်အားပြတ်ဧရိယာများကို ကြိုတင် အသိပေးပန်ကြားခြင်း
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း အနေဖြင့် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် (၂၃-၁-၂၀၂၁) ရက်နေ့၊ (၂၄-၁-၂၀၂၁) ရက်နေ့နှင့် (၂၆-၁-၂၀၂၁) ရက်နေ့များ၌ ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ပါသဖြင့် အောက်ဖော်ပြပါ နေရာများတွင် ဓာတ်အား ပြတ်တောက်မည် ဖြစ်ပါကြောင်း အသိပေး ပန်ကြားအပ်ပါသည်-
Read More...
Post under by : လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE)
: 19-Jan-2021