The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ၂၃၀ ကေဗွီ၊ ပျဉ်းမနားဓာတ်အားခွဲရုံရှိ ဓာတ်အားထိန်းချုပ်ခန်းနှင့် Switch Yard အတွင်းရှိ ဓာတ်အားလွှတ်ပစ္စည်းများ ပုံမှန်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနေမှု၊ မန္တလေးငလျှင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဓာတ်အားခွဲရုံဝန်းအတွင်းရှိ ဝန်ထမ်း အိမ်ရာအဆောက်အဦများပြင်ဆင်နေထိုင်နေမှု၊  ယာယီဝန်ထမ်းအိမ်ရာအဆောက်အဦများ ဆောက်လုပ်နေမှု၊ ယာယီနေရာချထားမှုအခြေအနေများနှင့် ၃၃/၁၁ ကေဗွီ ပေါင်းလောင်း တိုးချဲ့ဓာတ်အားခွဲရုံမှ ပုံမှန်ဓာတ်အားဖြန့်ဖြူးပေးထားမှု အခြေအနေများအား ၂၀၂၅ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 12-May-2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် မှီခိုမိသားစုများ ရေမီးပြည့်စုံစွာဖြင့် အဆင်ပြေ လုံခြုံစွာ နေထိုင်နိုင်ရန်အတွက် စီမံဆောင်ရွက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည့်သတင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် တာဝန်ရှိသူ များနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာနမှ ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် မှီခိုမိသားစု များအား ရေမီးပြည့်စုံစွာဖြင့် အဆင်ပြေလုံခြုံစွာ နေထိုင်နိုင်ရန်အတွက်  ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ နေပြည်တော် ဗဟိုသင်တန်းကျောင်းဝင်းအတွင်း ယာယီနေထိုင်နိုင်ရန် အဆောက်အဦများ ဆောက်လုပ်နိုင်ရေး စီမံဆောင်ရွက်နေမှု၊ ဇမ္ဗူသီရိ မြို့နယ်အတွင်းရှိ အပြာရောင်အဆင့် သတ်မှတ်ထားသော သဇင်(၄) အပျိုဆောင်များအား ပြန်လည်ပြုပြင် ပြင်ဆင်နေမှု၊ ဇေယျာသီရိမြို့နယ်ရှိ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၁)တည်ဆောက်ရေးဝင်းအတွင်း ယာယီနေထိုင်နိုင်ရန် အဆောက်အဦများ ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 06-May-2025
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မန္တလေးငလျှင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော် အင်ဂျင်နီယာချုပ်ရုံးနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦများအတွက် ယာယီရုံးခန်းနှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦ များဆောက်လုပ်နေမှု၊ ယာယီနေရာချထားမှုအခြေအနေများနှင့် ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံ များရှိ ဓာတ်အားလွှတ်ပစ္စည်းများအား ပြန်လည်ပြင်ဆင်၍ ပုံမှန်ဓာတ်အားဖြန့်ဖြူးပေးထားမှု အခြေအနေများအား ၂၀၂၅ ခုနှစ်၊ မေလ ၃ ရက်နေ့တွင် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 05-May-2025
ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်သည့်သတင်း
ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့၊ မွန်းလွှဲပိုင်းတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 27-Apr-2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ၅၀၀ ကေဗွီ လှိုင်သာယာ(အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံ တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းတိုးတက်မှုအခြေအနေအား ကြည့်ရှုစစ်ဆေးသည့်သတင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ  ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် အတွင်း လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ လှိုင်သာယာ(အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံ တည်ဆောက်ရေးစီမံကိန်း၏ လုပ်ငန်းတိုးတက်မှုအခြေအနေများအား  သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 26-Apr-2025