The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ တိုင်းဒေသကြီး/ပြည်နယ်များအတွင်း ဓာတ်အား ပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်သဖြင့် ဓာတ်အားပြတ်ဧရိယာများကို ကြိုတင် အသိပေးပန်ကြားခြင်း
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း အနေဖြင့် မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီး (အနောက်ပိုင်း)တို့တွင် (၁၅-၁၂-၂၀၂၀) ရက်နေ့မှ (၃၀-၁၂-၂၀၂၀) ရက်နေ့များ၌ မြို့နယ်အလိုက် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ပါသဖြင့် အောက်ဖော်ပြပါ နေရာများတွင် ဓာတ်အား ပြတ်တောက်မည် ဖြစ်ပါကြောင်း အသိပေး ပန်ကြားအပ်ပါသည်-


Read More...

Post under by : လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE)
: 14-Dec-2020
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက် သွားမည် ဖြစ်ပါသဖြင့် ဓာတ်အားပြတ်ဧရိယာများကို ကြိုတင်အသိပေးပန်ကြားခြင်း
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းလက်အောက်ရှိ ခရိုင်၊ မြို့နယ်များအတွင်း (၁၅-၁၂-၂၀၂၀) ရက်နေ့နှင့် (၁၇-၁၂-၂၀၂၀) ရက်နေ့များတွင် မြို့နယ်အလိုက် ဓာတ်အား လိုင်းများနှင့် ဓာတ်အားခွဲရုံများ ထိန်းသိမ်းပြုပြင်ခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ပါသဖြင့် ထိုသို့လုပ်ငန်း ဆောင်ရွက်နေစဉ် အတွင်း အောက်ပါဓာတ်အားလိုင်းများနှင့် မြို့နယ်များရှိ ရပ်ကွက်အချို့တို့တွင် ဓာတ်အား ပြတ်တောက်နေမည် ဖြစ်ပါကြောင်း အသိပေးပန်ကြားအပ်ပါသည်-


Read More...

Post under by : မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(MESC)
: 14-Dec-2020
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားများ ကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားများကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် COVID-19 ရောဂါကာကွယ်ရေး သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 13-Dec-2020
မကွေးမြို့နယ်၊ ကမ်းရင် ကျေးရွာ လျှပ်စစ်မီးရရှိ
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP Phase-1 ဖြင့် ဆောင်ရွက်ခဲ့သည့် မကွေးမြို့နယ်၊ ကမ်းရင်ကျေးရွာ မီးလင်းရေးအောင်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့ ညနေပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 12-Dec-2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်တွင် (၂၀၁၉–၂၀၂၀) ဘဏ္ဍာနှစ် တိုင်းဒေသကြီး Main Budget သာမာန်ငွေလုံးငွေရင်း ပိုလျှံရန်ပုံငွေ GRF အစီအစဉ်ဖြင့် ကျေးရွာ(၃)ရွာ ထပ်မံ၍ (၂၄)နာရီ မီးပေးနိုင်ခဲ့
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် ကြိုးကြာကျေးရွာအုပ်စု ကြိုးကြာကျေးရွာ၊ လျှော်တောင်ကျေးရွာ၊ ယင်းတောကျေးရွာတို့အား (၈.၁၂.၂၀၂၀) ရက်နေ့ တွင် တိုင်းဒေသကြီး Main Budget သာမန်ငွေလုံးငွေရင်း ပိုလျှံရန်ပုံငွေ GRF အစီအစဉ်ဖြင့် ထပ်မံ၍ ကျေးရွာ(၃)ရွာအား (၂၄)နာရီ ဓာတ်အားပေးနိုင်ခဲ့ပြီး အမျိုးသားလျှပ်စစ် ဓာတ်အား ရရှိရေး NEP Phase-1 အစီအစဉ်ဖြင့်လည်း ကျေးရွာ(၁၁) ရွာအား ဓာတ်အားပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ ကျေးရွာမီးလင်းရေးဖွင့်ပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး လက်ထောက်အင်ဂျင်နီယာ ဦးအောင်မျိုးသန်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖတို့မှ တက်ရောက်ဖွင့်လှစ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 10-Dec-2020