The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် နေပြည်တော်ကောင်စီနယ်မြေရှိ National Control Center (NCC) ၊ ၂၃၀ ကေဗွီ နေပြည်တော်(၂)ပင်မဓာတ်အားခွဲရုံနှင့် ၂၃၀ ကေဗွီ ပျဉ်းမနားပင်မဓာတ်အားခွဲရုံတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး
နိုင်ငံတော်၏ တိုးတက်သုံးစွဲလျက်ရှိသော လျှပ်စစ်ဓာတ်အားကို သယ်ဆောင်ဖြန့်ဖြူးပေးမှု အခြေအနေနှင့် တိုးတက်ထုတ်လုပ်လာမည့် လျှပ်စစ်ဓာတ်အားများကို သယ်ဆောင် ပေးနိုင်ရန် အတွက် ဆောင်ရွက်နေမှု အခြေအနေတို့ကို စစ်ဆေးရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များလိုက်ပါလျက် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေရှိ နိုင်ငံတော်ဓာတ်အားစနစ်ကွပ်ကဲရေးဗဟိုဌာန National Control Center (NCC)၊ ပုဗ္ဗသီရိမြို့နယ်ရှိ ၂၃၀ ကေဗွီ နေပြည်တော် (၂) ပင်မဓာတ်အားခွဲရုံနှင့် ပျဉ်းမနားမြို့နယ်ရှိ ၂၃၀ ကေဗွီ ပျဉ်းမနားပင်မဓာတ်အားခွဲရုံ တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 28-Nov-2020
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပဥ္စမအကြိမ် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပဥ္စမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၇ ရက်၊ နံနက် ၀၅:၃၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးခင်မောင်ဝင်းနှင့် ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော် နှင့် ဌာနဆိုင်ရာ အကြီးအကဲများတက်ရောက်၍ ကထိန်လျာသင်္ကန်း၊ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 27-Nov-2020
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ (၂၉.၈.၂၀၂၀) မှ (၄.၉.၂၀၂၀) ထိ မီတာရရှိ၊ထုတ်ပေး၊လက်ကျန်များစာရင်း (ရုံးချုပ်)
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ (၂၉.၈.၂၀၂၀) မှ (၄.၉.၂၀၂၀) ထိ မီတာရရှိ၊ထုတ်ပေး၊လက်ကျန်များစာရင်း (ရုံးချုပ်)


Read More...

Post under by : ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)
: 26-Nov-2020
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ခရိုင်/မြို့နယ်အလိုက် မီတာ ခွဲဝေ၊ ရရှိ၊ ထုတ်ပေး၊ လက်ကျန်စာရင်း ( ၁၃.၁၁.၂၀၂၀ ) မှ (၁၉.၁၁.၂၀၂၀ ) ထိ
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ခရိုင်/မြို့နယ်အလိုက် မီတာ ခွဲဝေ၊ ရရှိ၊ ထုတ်ပေး၊ လက်ကျန်စာရင်း ( ၁၃.၁၁.၂၀၂၀ ) မှ (၁၉.၁၁.၂၀၂၀ ) ထိ


Read More...

Post under by : မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(MESC)
: 26-Nov-2020
တိုင်းဒေသကြီး /ပြည်နယ်များရှိ မြို့နယ်များ၏ အိမ်သုံးမီတာများ ရရှိ / ထုတ်ပေး / လက်ကျန် စာရင်း ( ၁၆.၁၁.၂၀၂၀)
တိုင်းဒေသကြီး /ပြည်နယ်များရှိ မြို့နယ်များ၏ အိမ်သုံးမီတာများ ရရှိ / ထုတ်ပေး / လက်ကျန် စာရင်း ( ၁၆.၁၁.၂၀၂၀)


Read More...

Post under by : လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE)
: 26-Nov-2020