The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ထုတ်လုပ်သည့် စက်သုံးဆီ(ဓာတ်ဆီ) ရောင်းချမည့်ပုံစံနှင့် ဝယ်ယူသူမှ လိုက်နာရမည့် စည်းကမ်းချက်များ
၁။ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းကြီးကြပ်မှုအောက်ရှိ မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှ မြို့နယ်တွင် တည်ရှိသော ရေနံဓာတုဗေဒစက်ရုံစု(သံပရာကန်)စက်ရုံမှ ထုတ်လုပ်သည့် ဓာတ်ဆီ များကို ပြည်တွင်းကုမ္ပဏီတို့၏ လက်ကားရောင်းဈေးနှုန်း၊ ပြည်ပ MOPS တို့နှင့် ချိန်ညှိ ဈေးနှုန်း သတ်မှတ်ပြီး ပြောင်းလဲသတ်မှတ်သည့် ရောင်းဈေးနှုန်းဖြစ်သည့် ဓာတ်ဆီ တစ်ဂါလန်လျှင် ၁,၇၀၀ ကျပ် (ကျပ်တစ်ထောင့်ခုနှစ်ရာတိတိ) နှုန်းဖြင့် ဂါလန်(၁.၀)သန်း (ဂါလန်တစ်သန်းတိတိ) အား စက်သုံးဆီအရောင်းဆိုင်များ၊ စက်သုံးဆီ တင်သွင်း/ရောင်းချဖြန့်ဖြူးကုမ္ပဏီများ၊ ရေယာဉ်လုပ်ငန်း ရှင်များ၊ လမ်းတံတားလုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်း၊ ပို့ဆောင်ရေးလုပ်ငန်း၊ စက်ရုံအလုပ်ရုံများ၊ သတ္တုတွင်းလုပ်ငန်း၊ စက်သုံးဆီအသုံးပြု၍ လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်များသို့ ၂၄-၁၀-၂၀၂၀ ရက်နေ့မှ ၂၇-၁၀-၂၀၂၀ ရက်နေ့အထိ လျှောက်လွှာလက်ခံပြီး လွတ်လပ်စွာ ရောင်းချ မည်ဖြစ်ပါ၍ မည်သူမဆို ရေနံဓာတုဗေဒစက်ရုံစု(သံပရာကန်)သို့ တိုက်ရိုက်လျှောက်ထားဝယ်ယူ နိုင်ပါသည်။


Read More...

Post under by : မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း(MPE)
: 26-Oct-2020
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် နော်ဝေနိုင်ငံသံအမတ်ကြီး H.E. Mrs. Hilde Solbakken အား လက်ခံတွေ့ဆုံ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာနိုင်ငံ ဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော H.E. Mrs. Hilde Solbakken အား ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့၊ ၁၆:၀၀ နာရီ အချိန်တွင် ရုံး အမှတ် (၂၇) ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 26-Oct-2020
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် စင်ကာပူနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၆ ရက်မှ ၃၀ ရက်အထိ ကျင်းပပြုလုပ်လျက်ရှိသော Singapore International Energy Week 2020 သို့ Video Conferencing စနစ်ဖြင့် တက်ရောက်ဆွေးနွေးခဲ့မှု နှင့် နှစ်နိုင်ငံဝန်ကြီးအဆင့် ဆွေးနွေးခဲ့မှု
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် စင်ကာပူနိုင်ငံ တွင် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၆ ရက်မှ ၃၀ ရက်အထိ ကျင်းပပြုလုပ်လျက် ရှိသော Singapore International Energy Week 2020 (SIEW 2020) သို့ နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) မှ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ပြီး၊ အဆိုပါ SIEW 2020 အခမ်းအနားတွင် စင်ကာပူနိုင်ငံ၊ Ministry of Trade and Industry ဝန်ကြီး H.E. Mr. Chan Chun Sing မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 26-Oct-2020
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည် ဖြစ်ပါ သဖြင့် ဓာတ်အားပြတ်ဧရိယာများကို ကြိုတင်အသိပေးပန်ကြားခြင်း
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းလက်အောက်ရှိ ခရိုင်၊ မြို့နယ်များအတွင်း (၂၆-၁၀-၂၀၂၀) ရက်နေ့မှ (၂၉-၁၀-၂၀၂၀) ရက်နေ့အထိ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ပါသဖြင့် ထိုသို့လုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း အောက်ပါဓာတ်အားလိုင်းများနှင့် မြို့နယ် များရှိ ရပ်ကွက်အချို့တို့တွင် ဓာတ်အားပြတ်တောက်နေမည် ဖြစ်ပါကြောင်း အသိပေးပန်ကြားအပ် ပါသည်-


Read More...

Post under by : မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(MESC)
: 26-Oct-2020
မကွေးတိုင်းဒေသကြီးအတွင်း အမျိုးသားဓာတ်အားရရှိရေးစီမံကိန်း (NEP) Phase-1 ဖြင့် ဆောင်ရွက်ပေးခဲ့သည် ကျေးရွာ (၃) ရွာ လျှပ်စစ်မီးရရ
မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP Phase-1 ဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၂၂) ရက်နေ့တွင် မိကျောင်းရဲမြို့နယ်၊ ဆိပ်သာကျေးရွာ၌လည်းကောင်း၊ အောက်တိုဘာလ (၂၃) ရက်နေ့တွင် သရက်မြို့နယ်၊ လက်ပံဆိပ်ကျေးရွာ၌လည်းကောင်း၊ အောက်တိုဘာလ (၂၄)ရက်နေ့တွင် မကွေးမြို့နယ်၊ လျောင်းတော်ဦးကျေးရွာ၌လည်းကောင်း မီးလင်းရေးအောင်ပွဲများကို အသီးသီး ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 24-Oct-2020