The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ လက်ပံခါးလှ(မြောက်တော)ရွာ လျှပ်စစ်မီးလင်းရေးအောင်ပွဲကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ အနောက်အုတ်ဖိုအုပ်စု၊ လက်ပံခါးလှ (မြောက်တော)ရွာ လျှပ်စစ်မီးလင်းရေးအောင်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၂၀) ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။


Read More...

Post under by : ဝန်ကြီးရုံး
: 20-Oct-2020
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ရှိ ကျေးရွာ(၃)ရွာအား နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားထပ်မံရရှိ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့တွင် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP Phase -1) ဖြင့် ၁၁ ကေဗွီဓာတ်အားလိုင်း၊ ထရန်စဖော်မာများ တည်ဆောက်ပြီးစီးပြီဖြစ်၍   ဂွေးပင်ချောင်းကျေးရွာနှင့် ရွာသာအေး (၁) ကျေးရွာတို့အား (၁၉.၁၀.၂၀၂၀) ရက်နေ့တွင်လည်းကောင်း၊ (၂၀၁၉−၂၀၂၀) ဘတ်ဂျက်နှစ်ပါ ရွာသာအေး(၂) ကျေးရွာအား CT မီတာတပ်ဆင်၍ (၂၀.၁၀.၂၀၂၀) ရက်နေ့တွင်လည်းကောင်း နိုင်ငံတော် ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးပေးခဲ့ပြီး အဆိုပါကျေးရွာ(၃)ရွာတွင် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ ကျန်ရှိသော (NEP Phase -1) ပါကျေးရွာ(၅)ရွာနှင့် (၂၀၁၉−၂၀၂၀) ဘတ်ဂျက်နှစ်ပါ ကျေးရွာများအား လျှပ်စစ်ဓာတ်အားပို့လွှတ်နိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 20-Oct-2020
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှခေါ်ယူသောအငယ်တန်းအင်ဂျင်နီယာ(၂) ရာထူး လူတွေ့ဖြေဆိုမည့်နေရာနှင့်ခုံနံပါတ်များစာရင်းကြေညာခြင်း
၁။ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ အငယ်တန်းအင်ဂျင်နီယာ(၂)ရာထူး လူတွေ့ဖြေဆိုမည့် နေရာနှင့်ခုံနံပါတ်များအသေးစိတ်စာရင်းနှင့် သတင်းပို့ဆက်သွယ်ရမည့်လူတွေ့အရည်အချင်းစစ်ဆေးမှု ကြီးကြပ်ရေးအဖွဲ့များ၏ ဖုန်းနံပါတ်များစာရင်းအား အောက်ပါအတိုင်းကြေညာအပ်ပါသည်-


Read More...

Post under by : လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE)
: 19-Oct-2020
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (လျှပ်စစ်) ဦးခင်မောင်ဝင်း The World Bank မှ Lead Energy Specialist and Task Team Leader ဖြစ်သူ Mr. Sunil Kumar Khosla ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား Virtual Meeting ဖြင့် တွေ့ဆုံဆွေးနွေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်းသည် The World Bank မှ Lead Energy Specialist and Task Team Leader ဖြစ်သူ Mr. Sunil Kumar Khosla ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁၉) ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ဒုတိယဝန်ကြီး၏ရုံးခန်း၌ Virtual Meeting ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 19-Oct-2020
မကွေးတိုင်းဒေသကြီး၊ ကျောက်ထုမြို့နယ်အတွင်းရှိ ကျေးရွာ (၆)ရွာ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားထပ်မံရရှိ
  မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့နယ်တွင် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP Phase-1) ဖြင့် ၁၁ ကေဗွီဓာတ်အားလိုင်းနှင့် ထရန်စဖော်မာ တည်ဆောက် ပြီးစီး၍ ပန်းဆန်ကျေးရွာကို (၁၅.၁၀.၂၀၂၀) ရက်နေ့တွင် ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီး၊ ယင်းကျေးရွာနှင့် ဆက်စပ်လျက်ရှိသော ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် တေးကျေးရွာကို (၁၆.၁၀.၂၀၂၀) ရက်နေ့တွင်လည်းကောင်း၊ စံကျေးရွာကို (၁၇.၁၀.၂၀၂၀) ရက်နေ့တွင်လည်းကောင်း၊ သရက်ချဉ်ကျေးရွာ၊ နသိုကျေးရွာနှင့် အကြည်ပန်းပလွန်းကျေးရွာတို့ကို (၁၉.၁၀.၂၀၂၀) ရက်နေ့တွင်လည်းကောင်း နိုင်ငံတော် ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 19-Oct-2020