တတိယအကြိမ်မြောက် မြန်မာ-အိန္ဒိယ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဦးဆောင် ကော်မတီအစည်းအဝေး ကျင်းပပြုလုပ်
တတိယအကြိမ်မြောက် မြန်မာ-အိန္ဒိယ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ဦးဆောင်ကော်မတီအစည်းအဝေး (3rd Myanmar-India Joint Steering Committee on Electricity and Energy Cooperation) ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ(၃)ရက်နေ့၊ မြန်မာ စံတော်ချိန် ၁၆:၃၀ နာရီအချိန်တွင် အိန္ဒိယနိုင်ငံ Ministry of Power နှင့် မြန်မာနိုင်ငံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန တို့အကြား Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ အိန္ဒိယနိုင်ငံ Ministry of Power ၊ အတွင်းဝန် Shri Sanjiv Nandan Sahai နှင့် မြန်မာနိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော် တို့မှ ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် အိန္ဒိယနိုင်ငံမှ လျှပ်စစ် စွမ်းအားကဏ္ဍဆိုင်ရာ ဌာနအဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် မြန်မာနိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန တို့မှ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 03-Sep-2020
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည် ဖြစ်ပါ သဖြင့် ဓာတ်အားပြတ်ဧရိယာများကို ကြိုတင်အသိပေးပန်ကြားခြင်း
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းလက်အောက်ရှိ ခရိုင်၊ မြို့နယ်များအတွင်း (၈.၉.၂၀၂၀) ရက်နေ့နှင့် (၁၀.၉.၂၀၂၀) ရက်နေ့တို့တွင် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပါသဖြင့် ထိုသို့လုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း အောက်ပါဓာတ်အားလိုင်း များနှင့် မြို့နယ်များရှိ ရပ်ကွက် အချို့တို့တွင် ဓာတ်အားပြတ် တောက်နေမည် ဖြစ်ပါကြောင်း အသိပေးပန်ကြားအပ်ပါသည်-
Read More...
Post under by : မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(MESC)
: 03-Sep-2020
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊တိုင်းဒေသကြီး/ပြည်နယ်များအတွင်း ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်သဖြင့် ဓာတ်အားပြတ်ဧရိယာများကို ကြိုတင်အသိပေးပန်ကြားခြင်း
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့တွင် (၆.၉.၂၀၂၀)ရက်နေ့မှ (၁၂.၉.၂၀၂၀) ရက်နေ့အထိမြို့နယ်အလိုက် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ ထိန်းသိန်းပြုပြင်ခြင်း၊ သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပါသဖြင့် အောက်ဖော်ပြပါ နေရာများတွင် ဓာတ်အားပြတ်တောက်မည်ဖြစ်ပါကြောင်း အသိပေးပန်ကြားအပ်ပါသည်-
Read More...
Post under by : လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE)
: 02-Sep-2020
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊တိုင်းဒေသကြီး/ပြည်နယ်များအတွင်း ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်သဖြင့် ဓာတ်အားပြတ်ဧရိယာများကို ကြိုတင်အသိပေးပန်ကြားခြင်း
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်) နှင့် မကွေးတိုင်းဒေသကြီး တို့တွင်(၉/၂၀၂၀) လအတွင်း မြို့နယ်အလိုက် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ ထိန်းသိန်းပြုပြင်ခြင်း၊ သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပါသဖြင့် အောက်ဖော်ပြပါ နေရာများတွင် ဓာတ်အားပြတ်တောက်မည်ဖြစ်ပါကြောင်း အသိပေးပန်ကြားအပ်ပါသည်-
Read More...
Post under by : လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE)
: 02-Sep-2020
ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီ မှ Bowser ယာဉ် မတော်တဆဖြစ်ပွားမှုကြောင့် အရေးယူဆောင်ရွက်မှုအခြေအနေ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ဆပ်ကော်မတီများမှ Bowser ယာဉ်မတော်တဆဖြစ်ပွားမှုများအပေါ် (၁၄.၈.၂၀၂၀) ရက်နေ့မှ (၂၇.၈.၂၀၂၀) ရက်နေ့အထိ အရေးယူဆောင်ရွက်မှုအခြေအနေများ
Read More...
Post under by : ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)
: 01-Sep-2020