လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း လမ်းနယ်နှင့် မလွတ်ကင်းသော လျှပ်စစ်ဓာတ်အားလိုင်းများ ရွှေ့ပြောင်းတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် စက်မှုဇုန်များသို့ အဓိက ဓာတ်အားဖြန့်ဖြူးပေးနေသော ၂၃၀ ကေဗွီ လှိုင်သာယာပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူး ပေးနေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည့်သတင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ(၂၄)ရက် နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်ရှိ အမှတ်(၄) လမ်းမကို (၈)လမ်းသွား လမ်းမကြီး အဖြစ် အဆင့်မြှင့်တင်တိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လမ်းနယ်နှင့် မလွတ် ကင်းသော ဓာတ်အားလိုင်းများအား လမ်းမကြီးနှင့် လွတ်ကင်းရာသို့ ပြောင်းရွှေ့တည်ဆောက်ခြင်း ဆောင်ရွက် ပြီးစီးနေမှု၊ လက်ရှိပြောင်းရွှေ့တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှု၊ ဆက်သွယ်ရေး ဖိုက်ဘာ ကေဘယ်လိုင်းများ ပြောင်းရွှေ့ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးနေမှု၊ အနော်ရထာစက်မှုဇုန် ဧရာဝတီလမ်းမကြီးပေါ်ရှိ ရှုပ်ထွေးဓာတ်အားလိုင်းကြိုးများ ရှင်းလင်းပြီးစီးမှုနှင့်စက်မှုဇုန်များသို့ အဓိက ဓာတ်အားဖြန့်ဖြူးပေးနေသော ၂၃၀ ကေဗွီ လှိုင်သာယာပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးနေမှု အခြေအနေတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
Read More...
25-Dec-2025