The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ဖွဲ့စည်းပုံ/လုပ်ငန်းတာ၀န်


 

စီမံခန့်ခွဲရေးဌာန၏လုပ်ငန်းတာဝန်ဝတ္တရားများ

မှတ်တမ်းဌာနစိတ်၏ လုပ်ငန်းတာဝန်များ

-    ဝန်ထမ်းအင်အားစာရင်းပြုစုခြင်းနှင့် ပြန်တမ်းများပေးပို့ခြင်း ။

-    မှတ်တမ်းကဒ်ရေးသွင်းခြင်းနှင့် ထိန်းသိမ်းခြင်း ။

-    လုပ်သက်ရာဇဝင်ရေးဆွဲခြင်း ။

-    ဝန်ထမ်းကဒ်ပြုလုပ်ပေးခြင်း ။

ဌာနစိတ်() လုပ်ငန်းတာဝန်များ

-   ဖွဲ့စည်းပုံရေးဆွဲတင်ပြတောင်းခံခြင်း ။

-    ဝန်ထမ်းများခန့်ထားခြင်း ၊ ရာထူးအနွယ်ပြောင်းလဲပေးခြင်း ၊ နှုတ်ထွက်ခြင်းနှင့် ဝန်ထမ်း သေဆုံးပါက ရပ်စဲမိန့် ထုတ်ပြန်ခြင်း ။

-    ဝန်ထမ်းများ၏ ပင်စင်အကျိုးခံစားခွင့် ဆောင်ရွက်ပေးခြင်း ။ 

ဌာနစိတ်() လုပ်ငန်းတာဝန်များ

-   ဝန်ထမ်းများရာထူးတိုးမြှင့်ခြင်း ၊ ပြောင်းရွှေ့ခြင်း ၊ ခွင့်အမိန့်ထုတ်ပြန်ခြင်းနှင့် နှစ်တိုးအမိန့် ထုတ်ပြန်ခြင်း ။

-    လုပ်သက်ဆက်စပ်ခွင့် အမိန့်ထုတ်ပြန်ခြင်းနှင့် ပင်စင်အမိန့်ထုတ်ပြန်ခြင်း ။

-    လူမှုဖူလုံရေးအကျိုးခံစားခွင့်များတောင်းခံပေးခြင်း ။

-    လုပ်ငန်းတာဝန်လွှဲပြောင်းလက်ခံအစီရင်ခံစာများစိစစ်ခြင်း ။

ဌာနစိတ်() လုပ်ငန်းတာဝန်များ

-   အပြစ်ပေးအရေးယူခြင်း ။

-   ဦးစီးဌာနစီမံခန့်ခွဲရေးကော်မတီအစည်းအဝေးကိစ္စများဆောင်ရွက်ခြင်း ။

-   ဝန်ထမ်းများသတ်မှတ်လုပ်သက်မပြည့်မီစာချုပ်စည်းကမ်းဖောက်ဖျက်ပါကလျော်ကြေးငွေပေးရေး ဆောင်ရွက်ခြင်း ။

-   ဓာတ်လိုက်မှုဆိုင်ရာလျော်ကြေးငွေရရှိရေးဆောင်ရွက်ခြင်း ။

ဌာနစိတ်() လုပ်ငန်းတာဝန်များ

-  ဝန်ထမ်းများ၏ လစာငွေထုတ်ပေးခြင်း ၊ အသုံးစရိတ်များတောင်းခံပေးခြင်း ။

-    တယ်လီဖုန်းပြန်တမ်း ၊ အိမ်ခန်းပြန်တမ်း ၊ သင်တန်းပြန်တမ်းများ ‌ပြုစုခြင်း ။

-    ဌာနတွင်းသင်တန်းများဖွင့်လှစ်ခြင်းနှင့် ပြည်တွင်း / ပြည်ပသင်တန်းများသို့ သင်တန်းသား စေလွှတ်ခြင်း ။

-    ဝန်ထမ်းများအတွက် အိမ်ခန်းနေရာချထားခြင်းနှင့် ဝန်ထမ်းအိမ်ရာစစ်ဆေးခြင်း ။

-    နိုင်ငံခြားသားဗီဇာသက်တမ်းတိုးဆောင်ရွက်ခြင်း ။

-    သတင်းစာမှာယူ/ဖြန့်ဝေခြင်း ။

ဌာနစိတ်() လုပ်ငန်းတာဝန်များ

-   ခွဲရုံ ၊ လိုင်းရုံးများအတွက် မြေနေရာရရှိရေးနှင့် ဌာနအမည်ပေါက်ရရှိရေးဆောင်ရွက်ခြင်း ။

-     ဌာနပိုင်ပစ္စည်းများပျက်စီးဆုံးရှုံးပါကစာရင်းမှ  ပယ်ဖျက်နိုင်ရေးဆောင်ရွက်ခြင်း ။

-    ဌာနမှ အသုံးမလိုသည့် ပစ္စည်းများလေလံတင်ရောင်းချနိုင်ရေးဆောင်ရွက်ခြင်း ။

ဌာနစိတ်(၆)၏ လုပ်ငန်းတာဝန်များ

-   ခရီးသွားခွင့်ပြုမိန့် ထုတ်ပြန်ခြင်း ၊ စာပေးစာယူလုပ်ငန်းဆောင်ရွက်ခြင်းနှင့် လုံခြုံရေးကိစ္စရပ်

     များဆောင်ရွက်ခြင်း ။

-    အခမ်းအနားနှင့် အစည်းအဝေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်ခြင်း ။

-    ဘွဲ့ထူး ၊ ဂုဏ်ထူးချီးမြှင့်ရေးဆောင်ရွက်ခြင်း ။

-    ဘာသာရေး ၊ ယဉ်ကျေးမှုနှင့် အားကစားဆိုင်ရာကိစ္စရပ်များဆောင်ရွက်ခြင်း ။

မော်တော်ယာဉ်ဌာနခွဲ၏ လုပ်ငန်းတာဝန်များ

-    ဌာနအတွက် လိုအပ်သောမော်တော်ယာဉ်နှင့် စက်သုံးဆီများတင်ပြတောင်းခံခြင်းနှင့် ဖြန့်ဝေပေးခြင်း ။

-    မော်တော်ယာဉ်များပြင်ဆင်ခြင်းနှင့် ကြံ့ခိုင်ရေးပြုလုပ်ခြင်း ။

-    မော်တော်ယာဉ် ပြန်တမ်းများပြုစုခြင်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်များဆောင်ရွက်ခြင်း ။

-    ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းများချပြလမ်းညွှန်မှုပြုလုပ်ခြင်း ။

ဆေးဌာနခွဲ

-   ဝန်ကြီးဌာနအတွက် လိုအပ်သောဆေးဝါးများဝယ်ယူသိုလှောင်ခြင်းနှင့် ဖြန့်ဖြူးပေးခြင်း ။

-   ကျန်းမာရေးစစ်ဆေးကုသပေးခြင်း ။

-   ဝန်ထမ်းများ၏ ကျန်းမာရေးဆိုင်ရာဆေးထောက်ခံချက်များပြုလုပ်ပေးခြင်း ။

-


ဘဏ္ဍာရေးဌာန၏လုပ်ငန်းတာဝန်များ

ရသုံးခန့်မှန်းခြေငွေစာရင်းပြုစုခြင်းနှင့်ခွဲဝေချထားခြင်း

-   နှစ်စဉ် ငွေလုံးငွေရင်း/သာမန် လျာထားချက် မူလခန့်မှန်းခြေနှင့် ဖြည့်စွက်ရန်ပုံငွေ တောင်းခံမှု ရေးဆွဲတင်ပြခြင်းနှင့် ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်တွင် ပိုလျှံရန်ပုံငွေပြန်လည် အပ်နှံခြင်း၊

-   စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာမှ အခါအားလျော်စွာတောင်းခံသော စာရင်းများအား ပြုစု ပေးပို့ခြင်း။

-   ရုံးချုပ်ဌာနများနှင့်လက်အောက်ခံနယ်ရုံး (ခွဲရုံ၊လိုင်းရုံး၊စီမံကိန်းရုံး)များမှ တောင်းခံလာသော သာမန်အသုံးစရိတ်ရန်ပုံငွေနှင့် ငွေလုံးငွေရင်းအသုံးစရိတ်ရန်ပုံငွေများစိစစ်ခွဲဝေပေးခြင်း၊

-   ငွေလုံးငွေရင်းအသုံးစရိတ်များ၊သာမန်အသုံးစရိတ်များစိစစ်ခြင်း၊ငွေထုတ်ကန့်သတ်ချက် (DL) ထည့်သွင်းခြင်းနှင့် ချက်လက်မှတ်များထုတ်ပေးခြင်း၊

ငွေစာရင်းလချုပ်

-   ရုံးချုပ်နှင့် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန လက်အောက်ရှိ ဌာနများ၏ အရ/အသုံး စာရင်းလချုပ်စာရင်းများကိုစစ်ဆေး၍ ငွေတိုက်ဦးစီးဌာနသို့ လစဉ်စာရင်း ပေးပို့ခြင်းနှင့် လစဉ်အသုံးစရိတ် ပြန်တမ်းများအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသို့ ပြုစု ပေးပို့ခြင်း။

နိုင်ငံပိုင်နိုင်ငံခြားငွေနှင့် ချေးငွေကိစ္စရပ်များ

-   နိုင်ငံပိုင်နိုင်ငံခြားငွေနှင့် နိုင်ငံခြားချေးငွေဖြင့် ချုပ်ဆိုမည့် ပစ္စည်းဝယ်ယူရေးစာချုပ်များ၏ ဘဏ္ဍာရေးဆိုင်ရာအချက်အလက်များစစ်ဆေးခြင်း၊

-   သက်ဆိုင်ရာ စာချုပ်များအရ ငွေပေးချေမှုများအတွက် နိုင်ငံခြားချေးငွေ ခွင့်ပြုမိန့်များ လျှောက်ထားခြင်း၊ ငွေလွှဲစာတမ်းများဖွင့်လှစ်ခြင်း ၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် ဆက်သွယ်၍ ငွေပေးချေခြင်း၊ နိုင်ငံခြားချေးငွေများထုတ်ယူသုံးစွဲခြင်းအတွက် အရင်းနှင့် အတိုးပေးဆပ်ခြင်း။

စာရင်းစစ်ဆေးခြင်း

-   ဌာနတွင်းစာရင်းစစ်ဆေးခြင်းနှင့် စာရင်းစစ်ချုပ်ရုံး၏ စာရင်းစစ်အစီရင်ခံစာများ ပြန်ကြားခြင်း။


ပစ္စည်းစီမံရေးဌာန(နေပြည်တော်) လုပ်ငန်းတာဝန်များ

စီမံခန့်ခွဲရေး

၁။   ဖွဲ့စည်းပုံကိစ္စရပ်များတင်ပြဆောင်ရွက်ခြင်း

၂။    မှတ်တမ်းကဒ်ရေးသွင်းခြင်းနှင့်   ထိန်းသိမ်းခြင်း

၃။   ဝန်ထမ်းအင်အားစာရင်းပြုစုတင်ပြခြင်း

၄။   ပင်စင်           

၅။   လစာစရိတ်

၆။   စာပေးစာယူ

၇။   လုံခြုံရေးကိစ္စ

၈။   ဘဏ္ဍာရေးဆိုင်ရာကိစ္စများ

ပြည်ပဝယ်ယူရေး

၁။   ဝန်ကြီးဌာနစီမံခန့်ခွဲရေးကော်မတီ၏ ခွင့်ပြုချက်အရ စာချုပ်ချုပ်ဆိုခြင်း

၂။    စာချုပ်များကို ရွေးယူရေး ဌာနနှင့် လက်ခံရေးဌာနသို့ကြိုတင်ပေးပို့ခြင်း

၃။   ပစ္စည်းများပြည်စုံစွာ လက်ခံရရှိရေးအတွက် ညှိနှိုင်းဆောင်ရွက်ခြင်း

၄။   ပစ္စည်းအရည်အသွေးစစ်ရန်အဖွဲ့ တောင်းခံခြင်း

၅။   အရည်အသွေးစစ်ဆေးပြီးပါက လုပ်ငန်းမှုဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသို့ အတည်ပြုမှတ်တမ်း တင်ရန်တင်ပြခြင်း

၆။   ငွေပေးချေခြင်းနှင့် စာရင်းပိတ်သိမ်းခြင်း   

ပြည်တွင်းဝယ်ယူရေး

၁။   ရုံးချုပ်၊ ခွဲရုံ၊ လိုင်းရုံးများနှင့် စီမံကိန်းများမှ လိုအပ်သော ရုံးသုံးပစ္စည်းများအတွက်  စုစည်း၍ ဘဏ္ဍာရေးနှစ်အလိုက် ဘတ်ဂျက်လျာထားတောင်းခံပေးခြင်း

၂။    ခွင့်ပြုရရှိသော ဘတ်ဂျက်အရ ပစ္စည်းများဝယ်ယူရန်အတွက် တင်ဒါခေါ်ခွင့်အား ဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီသို့ တင်ပြခွင့်ပြုချက်ရယူရန် ၊ တင်ဒါပြီး ဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်း များအတိုင်း ဆောင်ရွက်ရန်စာချုပ်ချုပ်ဆို ဆောင်ရွက်ခြင်း

၃။   ပစ္စည်းများလက်ခံရရှိပြီးပါကငွေပေးချေရေးဆောင်ရွက်ခြင်း

၄။   ဝယ်ယူရရှိသောပစ္စည်းများအား ထုတ်ပေးရန် ညွှန်ကြားရေးမှူးချုပ်ခွင့်ပြုချက်အရ ခွဲဝေထုတ် ပေးရေးဆောင်ရွက်ခြင်း

၅။   ပစ္စည်းတောင်းခံလွှာများစိစစ်ပေးခြင်း

၆။   နိုင်ငံခြားမှ ဝယ်ယူထားသော ပစ္စည်းများရောက်ရှိလာချိန် ပစ္စည်းများရွေးယူရန်အတွက် ကုန်ကျမည့် အခွန်အခများအတွက် အကောက်ခွန်နှင့် ဆိပ်ကမ်းတို့သို့ ငွေပေးချေရေးကိစ္စများ ဆောင်ရွက်ရခြင်း

၇။   ရောက်ရှိပစ္စည်းများ၊ စီမံကိန်းများ သက်ဆိုင်ရာနေရာများသို့ သယ်ပို့ပေးခြင်းအတွက် သယ်ယူ ပို့ဆောင်ခများအား စိစစ်ပေးချေရေးဆောင်ရွက် ခြင်း

တင်ဒါ

၁။   အမှာစာလက်ခံခြင်း

၂။    တင်ဒါခေါ်ခွင့်တင်ပြတောင်းခံခြင်း

၃။   တင်ဒါခေါ်ယူခြင်း(မြန်မာငွေ/ နိုင်ငံခြားငွေ)

၄။   တင်ဒါလက်ခံခြင်း

၅။   Technical စိစစ်ရန် အင်ဂျင်နီယာဌာနသို့ပေးပို့ခြင်း

၆။   စိစစ်ပြန်ကြားလာမှုအပေါ် Technical အောင်မြင်သောကုမ္ပဏီများကိုဖိတ်၍   ဈေးနှုန်းဖွင့် ဖောက်မှတ်တမ်းတင်ခြင်း

၇။    စိစစ်ရွေးချယ်နိုင်ရန် တင်ဒါကော်မတီသို့ တင်ပြဆောင်ရွက်ခြင်း

၈။    တင်ဒါကော်မတီမှ ဝန်ကြီးဌာနအမှုဆောင်ကော်မတီအစည်းအဝေးသို့ တင်ပြဆောင်ရွက်ပြီး ခွင့်ပြုချက်အရ စာချုပ်ချုပ်ဆိုရန် ပြည်ပဝယ်ယူရေးဌာနသို့ လွှဲပြောင်းပေးခြင်းနှင့် တင်ဒါ အောင်မြင်မှုမရှိသော ကုမ္ပဏီများသို့ Bid Bond များထုတ်ပေးရန် အကြောင်းကြား ဆောင်ရွက်ခြင်း

စီမံကိန်းပစ္စည်း

၁။    အမှာစာများ၊ စာချုပ်များအား မှတ်ပုံတင်၍ တိုးတက်မှုအခြေအနေ မျက်ခြေမပျက်စီမံခြင်း

၂။    နိုင်ငံခြားမှ ဝယ်ယူသောပစ္စည်းများအား တင်သွင်းခွင့်ရရှိရေးအတွက်သွင်းကုန် လိုင်စင်လျှောက် ထားခြင်း

၃။    စီမံကိန်းအတွက် တင်သွင်းလာသော   လုပ်ငန်းသုံးပစ္စည်းများအား အသုံးပြုပြီးနောက် သက်ဆိုင်ရာနိုင်ငံခြားတိုင်းပြည်များသို့ ပြန်လည်ပေးပို့ရန် Draw Back လိုင်စင် လျှောက်ထားပေးခြင်း

၄။    စီမံကိန်းပစ္စည်းများထုတ်ပေးရန် သယ်ယူပို့ဆောင်ရေးကိစ္စများစီမံပေးခြင်း


ပစ္စည်းစီမံရေးဌာန(ရန်ကုန်) လုပ်ငန်းတာဝန်များ

ရွေးယူရေး

၁။      သင်္ဘောတင်စာရွက်စာတမ်းများ    ရရှိအောင် ဆောင်ရွက်ခြင်း

၂။      အကောက်ခွန်ခ၊ကုန်သွယ်ခွန်ခ များပေးသွင်း၍ ပို့ဆောင်ပေးရခြင်း

၃။      ဆိပ်ကမ်းခွန် ပေးသွင်း၍   ပစ္စည်းထုတ်ယူခြင်း

၄။      စီမံကိန်းအတွက် တင်သွင်းလာသော လုပ်ငန်းသုံးပစ္စည်းများအား အသုံးပြုပြီးနောက် သက်ဆိုင်ရာ နိုင်ငံခြားတိုင်းပြည်များသို့  ‌ပြန်လည်ပေးပို့ခြင်း 

၅။      လေဆိပ်စာတိုက်သို့ ရောက်ရှိ လာသော ပစ္စည်းများအား ‌   ရွေးချယ်ခြင်း  

သယ်ယူရေး

၁။      ဆိပ်ကမ်းသို့ရောက်ရှိလာသော ပစ္စည်းများသယ်ယူရေး အတွက် ‌ ဆောင်ရွက်ခြင်း

၂။      ဌာနပိုင်ကားများဖြင့်    ပို့ဆောင်ပေးရခြင်း

၃။      မြန်မာ့မီးရထားနှင့် ဆက်သွယ် ‌ ဆောင်ရွက်၍ ပို့ဆောင်ပေးရခြင်း

၄။      ပြင်ပမော်တော်ယာဉ်များ ငှားရမ်း၍ ပို့ဆောင်ပေးရခြင်း

၅။      ငွေပေးချေရေးအတွက်     ဆောင်ရွက်ခြင်း

လက်ခံရေး

၁။      အမှာစာအရ ရောက်ရှိလာသော ပစ္စည်းများအား စစ်ဆေးလက်ခံခြင်း

၂။      သိုလှောင်ရေးဌာနခွဲသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ခြင်း

၃။      စီမံကိန်းပစ္စည်းများကို သက်ဆိုင်ရာ စီမံကိန်းများသို့ တိုက်ရိုက်ပေးပို့ လွှဲပြောင်းပေးအပ်ခြင်း

၄။      လချုပ်/နှစ်ချုပ်များရေးဆွဲတင်ပြခြင်း

သိုလှောင်ရေး

၁။      ဘင့်ကဒ်များရေးသွင်း ထိန်းသိမ်းခြင်း

၂။      သိုလှောင်ရုံအတွင်း ပစ္စည်းများ ‌   နေရာချထားခြင်း

၃။      ပစ္စည်းတည်နေရာ သတ်မှတ်ခြင်း

၄။      ၂၅-ခ ပြုစု၍ ပစ္စည်းထုတ်ပေးခြင်း

၅။      မီးဘေးကာကွယ်ရေး

၆။      လုံခြုံရေး

၇။      စာရင်းပယ်ဖျက်ရန် တင်ပြခြင်း

၈။      ပစ္စည်းစာရင်းတွင် စာရင်းနှင့် လက်တွေ့လက်ကျန်စစ်ဆေးခြင်း

၉။      လချုပ်/နှစ်ချုပ်များ ရေးဆွဲတင်ပြခြင်း

ပစ္စည်းထုတ်ပေးရေး

၁။   ပစ္စည်းအမှာလွှာများအား သတ်မှတ်ချက်နှင့်အညီစစ်ဆေးခြင်းနှင့် ပစ္စည်းလက်ကျန်စာရင်း ‌  ကောက်ယူခြင်း

၂။      ပစ္စည်းထုတ်ယူရန် ပစ္စည်း  တောင်းခံလွှာ ၂၅-က ပြုစု၍   သက်ဆိုင်ရာကိုယ်စားလှယ်များသို့ ပစ္စည်းထုတ်ပေးရန်   ဆောင်ရွက်ခြင်း

၃။     စာချုပ်စာတမ်းများကို   ထိန်းသိမ်းခြင်း

၄။      လက်ခံရရှိလွှာ(လျှပ်စစ်ပုံစံ  - ၁၅၉)တောင်းခံ၍ မှတ်တမ်း  တင်ထားရှိခြင်း


ဓာတ်အားပို့လွှတ်ရေးစီမံကိန်းများဌာန ဌာနခွဲအလိုက်ဆောင်ရွက်လျှက်ရှိသော

 လုပ်ငန်းတာဝန်ဝတ္တရားများ

 

(က)   ဓာတ်အားပို့လွှတ်ရေးစီမံကိန်းအကောင်အထည်ဖော်ရေးဌာနခွဲ

          -        ဓာတ်အားပို့လွှတ်ရေးစီမံကိန်းများဌာနလက်အောက်ရှိ လျှပ်စစ်နှင့်စက်မှုတပ်ဆင်ရေး ဌာနစု၏ လုပ်ငန်းများဆောင်ရွက်ခြင်း၊ ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံများ လျှပ်စစ်နှင့် စက်မှုပစ္စည်းများ တပ်ဆင်ရေးလုပ်ငန်းများ အတွက်အချိန်နှင့် တပြေးညီ ရောက်ရှိစေမှုကို ပစ္စည်းစီမံရေးဌာန၊ ဘဏ္ဍာရေးဌာနများနှင့် မိမိဌာနရှိ စီမံကိန်းရေးဆွဲရေးဌာနခွဲတို့နှင့် ညှိနှိုင်းကြီးကြပ်ခြင်း၊ အချိန်မီပြီးစီးအောင် ကြပ်မတ်ခြင်း၊ လုပ်ငန်းတိုးတက်မှုကို ဝန်ကြီး ဌာနသို့ အပတ်စဉ်အစီရင်ခံတင်ပြခြင်း

          -     ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံများ လျှပ်စစ်နှင့်စက်မှုတပ်ဆင်ရေး လုပ်ငန်းများအတွက် တည်ဆောက်ရေးသုံးပစ္စည်းများ၊ စက်သုံးဆီများ၊ ယာဉ်ယန္တရားလိုအပ်မှုများကို ဖြည့်တင်းပေး နိုင်ရေးစီစဉ်ခြင်း၊

          -     ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံများ လျှပ်စစ်နှင့်စက်မှုတပ်ဆင်ရေးလုပ်ငန်းခန့်မှန်းခြေစာရင်း များ စစ်ဆေးတည်းဖြတ်ခြင်း၊

          -     လျှပ်စစ်နှင့်စက်မှုတပ်ဆင်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကြသော ဌာနဆိုင်ရာနှင့်ပြင်ပ လုပ်ငန်းရှင်များသို့ အချိန်နှင့်တပြေးည္ ကုန်ကျစရိတ်များထုတ်ပေးနိုင်ရန် ဘဏ္ဍာရေးဌာနနှင့် လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ခြင်း၊

          -     ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က အခါအားလျော်စွာပေးအပ်သော တာဝန်များကို ထမ်းဆောင်ခြင်း။

() စီမံကိန်းရေးဆွဲရေးနှင့် ဒီဇိုင်းဌာနခွဲ

         -        ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံပစ္စည်းများဝယ်ယူရန် တင်ဒါခေါ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက် ခြင်း၊

         -        တင်ဒါTechnical Evaluation & Final Evaluation တို့အတွက် လိုအပ်သောစာရွက်စာတမ်း များပြုစုပေးခြင်း၊

         -        အောင်မြင်သောတင်ဒါရှင်များနှင့် ပစ္စည်းအမျိုးအစားမှန်ကန်ရေး၊ မိမိစီမံကိန်းတည်ဆောက်ချိန် နှင့်လိုက်လျောညီထွေရှိသော Delivery Schedule တို့ကိုညှိခြင်း၊

         -        Contract စာချုပ်အသီးသီးအတွက် တင်ပို့လာသော Invoice များနှင့် Contract Terms အတိုင်းငွေပေးချေနိုင်ရေးကိစ္စ မျက်ခြေမပြတ် ကြည့်ရှုပြီး ပစ္စည်းစီမံရေးဌာန၊ ဘဏ္ဍာရေးဌာနတို့နှင့် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခြင်း၊

         -        Contract Terms yg Delivery Schedule  အတိုင်း ပစ္စည်းတင်ပို့ခြင်း ရှိ/မရှိကို Contract  စာချုပ်အသီးသီးအတွက် အချိန်နှင့်တပြေးညီ စိစစ်ပြီး သက်ဆိုင်ရာကုမ္ပဏီများသို့ အချိန်မှ အကြောင်းကြားခြင်း၊ နှိုးဆော်စာများပေးပို့ခြင်း၊

         -        ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူး(စီမံကိန်းရေးဆွဲရေး)တို့က အခါအားလျော်စွာ ပေးအပ်သောတာဝန်များကို ထမ်းဆောင်ခြင်း၊

         -        Drawing , Specification & BQ များရေးဆွဲခြင်း၊ တွက်ချက်ခြင်း၊ အရည်အသွေးနှင့် နည်းပညာဆိုင်ရာတွက်ချက်ခြင်း၊

         -        ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံများအတွက် Drawing , BQ နှင့် နည်းပညာပိုင်းဆိုင်ရာစံချိန် စံညွှန်းသတ်မှတ်ချက်များ တွက်ချက်ရေးသားခြင်း၊

         -        ဓာတ်အားစနစ်ဆိုင်ရာ တွက်ချက်ခြင်း(ဥပမာအားဖြင့် Power System Load Flow, Short Circuit Analysis, Transient Stability)

         -        တင်ဒါခေါ်ယူရန်အတွက် နည်းပညာပိုင်းဆိုင်ရာ စိစစ်တွက်ချက်ခြင်း၊

         -        တည်ဆောက်ပြီးစီးသည့် ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံများတွင် သတ်မှတ်စံချိန်စံညွှန်းပြည့်မီ စွာဆောင်ရွက်ထားခြင်းရှိ/မရှိစစ်ဆေးခြင်းနှင့် ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံများတွင် အသုံးပြု မည့်ပစ္စည်းများအား နည်းပညာပိုင်းဆိုင်ရာစစ်ဆေးခြင်း၊

         -        ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူး(ဒီဇိုင်း)တို့မှ အခါအားလျော်စွာပေးအပ်သည့် တာဝန်များကို ထမ်းဆောင်ခြင်း၊

() စီမံခန့်ခွဲရေးဌာနခွဲ

         -        ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံး၊ ဓာတ်အားပို့လွှတ်ရေးစီမံကိန်းများဌာနရှိ ဝန်ထမ်းများ၏ အထွေထွေစီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းအားလုံးကို ဆောင်ရွက်ခြင်း

         -        စီမံကိန်းညွှန်ကြားရေးမှူးရုံးများမှ ရောက်ရှိလာသော စီမံခန့်ခွဲမှုဆိုင်ရာ အစီရင်ခံစာများကို အထက်ရုံးများသို့တင်ပြခြင်း

         -        အထက်ရုံးများနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့၏ ညွှန်ကြားချက်များကို ထပ်ဆင့်ညွှန်ကြား ခြင်း၊

() ဘတ်ဂျက်ဌာနခွဲ

       -        ဓာတ်အားပို့လွှတ်ရေးစီမံကိန်းများဌာန၏ငွေလုံးငွေရင်းဘတ်ဂျက်ကိုပြုစုရန်နှင့် ဘတ်ဂျက် ခေါင်းစဉ်ပါငွေသုံးစွဲမှုများကို မပြတ်မကွက်ကွပ်ကဲခြင်း၊

       -        ဒုတိယညွှန်ကြားရေးမှူးချုပ်က ပေးအပ်သောတာဝန်များကိုဆောင်ရွက်ခြင်း

 

(ဓာတ်အားပို့လွှတ်ရေးစီမံကိန်းအကောင်အထည်ဖော်ရေးဌာနခွဲ မြို့ပြဆိုင်ရာတည်ဆောက်ရေးလုပ်ငန်းများ

        -        ဓာတ်အားပို့လွှတ်ရေးစီမံကိန်းများဌာန လက်အောက်ရှိ ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံ တည်ဆောက်ရေး စီမံကိန်းများတွင် ပါဝင်သော မြို့ပြလုပ်ငန်းများနှင့် ဝန်ကြီးဌာနက တာဝန်ပေး သော အခြားမြို့ပြလုပ်ငန်းများဆောင်ရွက်ခြင်း၊

        -        ဓာတ်အားလိုင်း၊ဓာတ်အားခွဲရုံတည်ဆောက်ရေး မြို့ပြဆိုင်ရာလုပ်ငန်းများကို ကြပ်မတ်ခြင်း၊ လိုအပ်ချက်များစီမံပေးခြင်း၊ လိုအပ်သောဒေသထွက်ပစ္စည်းများ၊ စက်သုံးဆီနှင့် ယာဉ်ယန္တရားများ၊ ဖြည့်တင်းပေးနိုင်ရေးစီမံခြင်း၊

        -        ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံစီမံကိန်းအသီးသီး၏ မြို့ပြလုပ်ငန်းတည်ဆောက်မှု လုပ်ငန်းများ တိုးတက်မှုကို ဝန်ကြီးဌာနသို့ အပတ်စဉ်အစီအရင်ခံနိုင်ရေးစီစဉ်ခြင်း၊

        -        မြို့ပြဆိုင်ရာလုပ်ငန်းများအတွက်လုပ်ငန်းခန့်မှန်းခြေစာရင်းများ စစ်ဆေးတည်းဖြတ်ခြင်း၊

        -        စီမံကိန်းအသီးသီးတွင် မြို့ပြဆိုင်ရာတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေ ကြသော ဌာနဆိုင်ရာနှင့် ပြင်ပလုပ်ငန်းရှင်များသို့ အချိန်နှင့်တပြေးညီကုန်ကျစရိတ်များ ထုတ်ပေးနိုင်ရန်  ဘဏ္ဍာရေးဌာနနှင့် လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ခြင်း၊

        -        စီမံကိန်းအသီးသီး၏ မြို့ပြဆိုင်ရာ တည်ဆောက်မှုလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး ကြပ်မတ်ခြင်း၊ လုပ်ငန်းပြီးစီးမှုကို မြေပြင်စစ်ဆေးခြင်း၊

        -        ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က အခါအားလျော်စွာပေး အပ်သော  တာဝန်များကို ထမ်းဆောင်ခြင်း၊


ဓာတ်အားပို့လွှတ်ရေးစီမံကိန်း(မြောက်ပိုင်း/တောင်ပိုင်း)ရုံး၏

တာဝန်ဝတ္တရားများ

၁။      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံမြောက်ပိုင်းဒေသများအပါအဝင် ဝန်ကြီးဌာနမှ သီးခြားတာဝန် ပေးအပ်ထားသောဒေသများတွင် ဆောင်ရွက်သည့် ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်း စီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ကြီးကြပ်ကွပ်ကဲခြင်း

၂။      စီမံကိန်းမန်နေဂျာရုံး (၁၊ ၂၊ ၃၊ မြို့ပြ)ရုံးများ၏ စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေး၊ ပစ္စည်းစီမံရေးနှင့် အင်ဂျင်နီယာလုပ်ငန်းများအားကြီးကြပ်ကွပ်ကဲခြင်း

၃။      ဌာနမှ လုပ်ငန်းအပ်နှံထားသည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံတည်ဆောက်ရေး လုပ်ငန်း များကို တာဝန်ယူဆောင်ရွက်ရမည့် ကုမ္ပဏီများ၏လုပ်ငန်းဆောင်ရွက်မှုအရည်အသွေးနှင့် စံချိန်စံညွှန်း များကို ကြီးကြပ်စစ်ဆေးခြင်း

၄။      စီမံကိန်းဆောင်ရွက်မည့် ဒေသတွင် ကြုံတွေ့ရသည့် မြေယာကိစ္စများ၊ သစ်တော၊ နှစ်ရှည်ပင်နှင့် ရာသီ သီးနှံပျက်စီးဆုံးရှုံးမှုများအတွက် ဒေသအာဏာပိုင်၊ ပြည်သူလူထုတို့နှင့် ပေါင်းစပ် ညှိနှိုင်းပေးခြင်း

၅။      စီမံကိန်းများကြောင့် ဖြစ်ပေါ်လာသည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနှင့် လူမှုရေးထိခိုက်မှု များအတွက် ဝန်ကြီးဌာနသို့တင်ပြ၍ ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီသက်ဆိုင်ရာ ပြည်သူလူထုသို့ ညှိနှိုင်းဖြေရှင်းပေးခြင်း

၆။      ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းအသီးသီး၏ လုပ်ငန်းတိုးတက်မှုများကို ဝန်ကြီးဌာနသို့ နေ့စဉ်/ အပတ်စဉ် အစီရင်ခံခြင်း၊ လိုအပ်ပါကအထူးကိစ္စရပ်အနေဖြင့် ကြားဖြတ်အစီရင်ခံခြင်း

၇။      ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဓာတ်အားပို့လွှတ်ရေးစီမံကိန်းများဌာန၏ အခါအားလျော် စွာပေးအပ် လာသော တာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။


ဓာတ်အားစနစ်ဌာနဌာနခွဲများအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ

ဓာတ်အားစနစ်စီမံရေးဌာနခွဲ

(က)   တိုးတက်လာသောနိုင်ငံတော်၏ဓာတ်အားသုံးစွဲမှုနှင့် လိုက်လျောညီထွေရှိသော ဓာတ်အားစနစ် တိုးချဲ့ရေးကိစ္စရပ်များနှင့် ပတ်သက်၍ လေ့လာသုံးသပ်ခြင်း။

( ခ ) သုံးသပ်ရရှိသည့်အချက်အလက်များအပေါ် အခြေခံလျက် ကာလတို/ ကာလရှည် စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စီမံချက်များ ရေးဆွဲတင်ပြခြင်း။

( ဂ ) နိုင်ငံတော် ဓာတ်အားစနစ်တိုးချဲ့ရာတွင် လိုအပ်သည့်စံချိန်/စံညွှန်းနှင့် လိုအပ်သည့် နည်းပညာပိုင်း ဆိုင်ရာများတိုးတက်ဖွံ့ဖြိုးရေးအတွက် သုတေသန နှင့်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း။

(ဃ)   ပင်မဓာတ်အားခွဲရုံနှင့်မဟာဓာတ်အားလိုင်းများတည်ဆောက်ရာတွင် အသုံးပြုရန် ဒီဇိုင်းနှင့် စံချိန်စံညွှန်း သတ်မှတ်ချက်များ ပြင်ဆင်ပေးခြင်း။

( င )  ဓာတ်အားစနစ်တိုးချဲ့ခြင်း၊ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်းသည့် ဘတ်ဂျက် လျာထားခြင်း၊ ဘတ်ဂျက်သုံးစွဲခြင်းများအားလျာထားဆောင်ရွက်ခြင်း။

ဓာတ်အားကွပ်ကဲရေးဌာနခွဲ

(က)   ဓာတ်အားစနစ် တည်ငြိမ်စွာ စဉ်ဆက်မပြတ် ဓာတ်အားပေးနိုင်ရေး။

( ခ )  ဓာတ်အားပြတ်တောက်မှုဖြစ်ပွားလာပါက ဓာတ်အားပြတ်တောက်မှု အကြိမ်ရေ အနည်းဆုံးနှင့် အချိန်အတိုဆုံးဖြစ်ရန် စီစဉ်ဆောင်ရွက်ခြင်း။

( ဂ )  ဓာတ်အားပေးစက်များ ၊ ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများ ထိန်းသိမ်း ပြုပြင်ရေး လုပ်ငန်းများ(အရေးပေါ်/ပုံမှန်)ဆောင်ရွက်ရန်စီစဉ်ခြင်း။

(ဃ)   ဓာတ်အားစနစ်နှင့် ပတ်သက်သော နှစ်ချုပ်စာရင်းများပြုစုခြင်း။

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဌာနခွဲ

(က)   Power Line Carrier နှင့် Wireless စက်များ ထိန်းသိမ်းပြုပြင်ခြင်း။

( ခ )  WAN LAN Network များ တည်ဆောက်၍ သတင်းအချက်အလက်များ ပေးပို့ရယူနိုင်ရန် ဆောင်ရွက်ခြင်း။

( ဂ )  Carrier Line Phone ဆက်သွယ်ရေးစက်များနှင့် အခြားဆက်သွယ်မှု နည်းစနစ်များ အသုံးပြု၍ ဓာတ်အားကွပ်ကဲမှုစနစ်ကို အဓိက အထောက်အကူပြုခြင်း။

ဓာတ်အားစနစ်ကာကွယ်ရေးနှင့် လျှပ်စစ်စမ်းသပ်ရေးဌာန

(က)   ဓာတ်အားခွဲရုံ၊ စက်ရုံများရှိ Switchgear များ၊ Transfor-mer များနှင့် Relay များ စမ်းသပ် စစ်ဆေးခြင်း။

( ခ )  မြေအောက်ဓာတ်ကြိုး စမ်းသပ်စစ်ဆေးခြင်း။

( ဂ )  Kilo Watt Hour Meter များ (အသစ် / အဟောင်း) စမ်းသပ်စစ်ဆေးခြင်း။

မဟာဓာတ်အားလိုင်းများထိန်းသိမ်းရေးဌာနခွဲ

(က)   ဓာတ်အားစနစ်အတွင်းရှိ ၂၃၀၊ ၁၃၂ ကေဗွီ မဟာဓာတ်အားလိုင်းများနှင့် ဓာတ်အားပေး စက်ရုံများမှ ဓာတ်အားခွဲရုံများသို့ တိုက်ရိုက်ဆက်သွယ်ထားသော ၆၆ကေဗွီနှင့် ၃၃ကေဗွီ  မဟာဓာတ်အားလိုင်းများကို တာဝန်ယူထိန်းသိမ်းရသော မဟာဓာတ်အားလိုင်းရုံများ ထိန်းသိမ်းပြင်ဆင်ခြင်းလုပ်ငန်းများ ကြီးကြပ်ကွပ်ကဲခြင်း။

( ခ )  မဟာဓာတ်အားလိုင်းမှူးရုံးများမှ တောင်းခံလာသည့်လိုအပ်သော ပစ္စည်းများရရှိရေးကို ခွင့်ပြုမိန့် ထုတ်ပေးခြင်း၊ ဝယ်ယူရေးစီစဉ်ဆောင်ရွက်ပေးခြင်း။

( ဂ )  ထိန်းသိမ်းပြင်ဆင်ခြင်းနှင့် ပတ်သတ်သော လုပ်ငန်းခန့်မှန်းခြေစာရင်းများ စီစစ်ခြင်း၊ ဘတ်ဂျက် ရရှိရေး ဆောင်ရွက်ခြင်း။

ဓာတ်အားခွဲရုံများထိန်းသိမ်းမောင်းနှင်ရေးဌာနခွဲ

(က)   ဓာတ်အားခွဲရုံများမောင်းနှင်ခြင်းနှင့် ပြုပြင်ခြင်းများကို ကြီးကြပ်ကွပ်ကဲခြင်း။

( ခ )  ဓာတ်အားခွဲရုံများအတွက်လိုအပ်သော ပစ္စည်းများဝယ်ယူခြင်း၊ ထုတ်ပေးခြင်း၊ ဝယ်ယူရေးများ စီစဉ်ဆောင်ရွက်ပေးခြင်း။

( ဂ )  ထိန်းသိမ်းပြင်ဆင်ခြင်းလုပ်ငန်း ၊ ခန့်မှန်း ခြေစာရင်းများစိစစ်ခြင်း ၊ ဘတ်ဂျက်ရရှိရေး ဆောင်ရွက်ခြင်း။

ပြင်ဆင်ထိန်းသိမ်းရေးဌာနခွဲ

(က)   မဟာဓာတ်အားလိုင်းနှင့် ပင်မဓာတ်အားခွဲရုံများတွင် အကြီးစား ချို့ယွင်းပျက်စီးမှုများ ဖြစ်ပေါ်ပါက ဓာတ်အားပြတ်တောက်ချိန် အနည်းဆုံးဖြစ်စေရေးအတွက် ပြင်ဆင်ခြင်း လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲဆောင်ရွက်ခြင်း

( ခ )  အနာဂတ်ကာလတွင် တည်ဆောက်မည့် Un-man Substation များအတွက် အပတ်စဉ် ၊ လစဉ် အချိန်မှန် ထိန်းသိမ်းပြုပြင်ခြင်း ( Periodic Maintenance)အား ရွှေ့ပြောင်းလှုပ်ရှား ထိန်းသိမ်းပြုပြင်ရေးအဖွဲ့ (Mobile Team)များဖွဲ့စည်း၍ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း


လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များ

၁။      ဝန်ကြီးဌာနမှ ချမှတ်ပေးသော ဓာတ်အားဖြန့်ဖြူးရေးမူဝါဒနှင့် ရည်မှန်းချက်များကို အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် သတ်မှတ်ပေးထားသော ဓာတ်အားထုတ်လုပ်ခြင်း၊ ဖြန့်ဖြူး ရောင်းချခြင်းနှင့် စပ်လျဉ်းသည့် ရည်မှန်းချက်အား ပြည့်မှီအောင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ။

၂။      ဓာတ်အားစနစ်နှင့် ချိတ်ဆက်၍ မဟာဓာတ်အားလိုင်းများနှင့် ပင်မဓာတ်အားခွဲရုံများကို တည်ဆောက်တပ်ဆင် ထိန်းသိမ်းမောင်းနှင်ခြင်း ။

၃။      ASEAN Internationl Power System ဖြစ်ပေါ်လာသောအခါ ပါဝင်ဆက်သွယ် တည်ဆောက်ပြီး ဓာတ်အားဝယ်ယူ ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း ။

၄။      လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ၊ ဓာတ်အားစနစ် (Power System) တစ်နည်းအားဖြင့် အမျိုးသားကွန်ယက်စနစ် ( National Grid ) နှင့် ဆက်သွယ်ပြီး ဓာတ်အား ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများကို(၂၄)နာရီ ကွပ်က

ဆောင်ရွက်ခြင်း ။

၅။      ရသုံးမှန်းခြေစာရင်း ရေးဆွဲတင်ပြခြင်း ။

၆။      ဝန်ကြီးဌာနမှ အခါအားလျှော်စွာ သတ်မှတ်ပေးသော လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း

၇။      အထက်ပါ လုပ်ငန်းတာဝန်များကို ပင်မဓာတ်အားခွဲရုံ (၆၂)ရုံ၊ မဟာဓာတ်အားလိုင်းမှူးရုံး (၁၄)ရုံးနှင့် စီမံကိန်းညွှန်ကြားရေးမှူးရုံး (၂)ရုံးတို့က အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။