The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ဓာတ်အားပို့လွှတ်ရေးစီမံကိန်းများဌာန


ဓာတ်အားပို့လွှတ်ရေးစီမံကိန်းများဌာန ဌာနခွဲအလိုက်ဆောင်ရွက်လျှက်ရှိသော

 လုပ်ငန်းတာဝန်ဝတ္တရားများ

 

(က)   ဓာတ်အားပို့လွှတ်ရေးစီမံကိန်းအကောင်အထည်ဖော်ရေးဌာနခွဲ

          -        ဓာတ်အားပို့လွှတ်ရေးစီမံကိန်းများဌာနလက်အောက်ရှိ လျှပ်စစ်နှင့်စက်မှုတပ်ဆင်ရေး ဌာနစု၏ လုပ်ငန်းများဆောင်ရွက်ခြင်း၊ ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံများ လျှပ်စစ်နှင့် စက်မှုပစ္စည်းများ တပ်ဆင်ရေးလုပ်ငန်းများ အတွက်အချိန်နှင့် တပြေးညီ ရောက်ရှိစေမှုကို ပစ္စည်းစီမံရေးဌာန၊ ဘဏ္ဍာရေးဌာနများနှင့် မိမိဌာနရှိ စီမံကိန်းရေးဆွဲရေးဌာနခွဲတို့နှင့် ညှိနှိုင်းကြီးကြပ်ခြင်း၊ အချိန်မီပြီးစီးအောင် ကြပ်မတ်ခြင်း၊ လုပ်ငန်းတိုးတက်မှုကို ဝန်ကြီး ဌာနသို့ အပတ်စဉ်အစီရင်ခံတင်ပြခြင်း

          -     ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံများ လျှပ်စစ်နှင့်စက်မှုတပ်ဆင်ရေး လုပ်ငန်းများအတွက် တည်ဆောက်ရေးသုံးပစ္စည်းများ၊ စက်သုံးဆီများ၊ ယာဉ်ယန္တရားလိုအပ်မှုများကို ဖြည့်တင်းပေး နိုင်ရေးစီစဉ်ခြင်း၊

          -     ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံများ လျှပ်စစ်နှင့်စက်မှုတပ်ဆင်ရေးလုပ်ငန်းခန့်မှန်းခြေစာရင်း များ စစ်ဆေးတည်းဖြတ်ခြင်း၊

          -     လျှပ်စစ်နှင့်စက်မှုတပ်ဆင်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကြသော ဌာနဆိုင်ရာနှင့်ပြင်ပ လုပ်ငန်းရှင်များသို့ အချိန်နှင့်တပြေးည္ ကုန်ကျစရိတ်များထုတ်ပေးနိုင်ရန် ဘဏ္ဍာရေးဌာနနှင့် လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ခြင်း၊

          -     ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က အခါအားလျော်စွာပေးအပ်သော တာဝန်များကို ထမ်းဆောင်ခြင်း။

() စီမံကိန်းရေးဆွဲရေးနှင့် ဒီဇိုင်းဌာနခွဲ

         -        ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံပစ္စည်းများဝယ်ယူရန် တင်ဒါခေါ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက် ခြင်း၊

         -        တင်ဒါTechnical Evaluation & Final Evaluation တို့အတွက် လိုအပ်သောစာရွက်စာတမ်း များပြုစုပေးခြင်း၊

         -        အောင်မြင်သောတင်ဒါရှင်များနှင့် ပစ္စည်းအမျိုးအစားမှန်ကန်ရေး၊ မိမိစီမံကိန်းတည်ဆောက်ချိန် နှင့်လိုက်လျောညီထွေရှိသော Delivery Schedule တို့ကိုညှိခြင်း၊

         -        Contract စာချုပ်အသီးသီးအတွက် တင်ပို့လာသော Invoice များနှင့် Contract Terms အတိုင်းငွေပေးချေနိုင်ရေးကိစ္စ မျက်ခြေမပြတ် ကြည့်ရှုပြီး ပစ္စည်းစီမံရေးဌာန၊ ဘဏ္ဍာရေးဌာနတို့နှင့် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခြင်း၊

         -        Contract Terms yg Delivery Schedule  အတိုင်း ပစ္စည်းတင်ပို့ခြင်း ရှိ/မရှိကို Contract  စာချုပ်အသီးသီးအတွက် အချိန်နှင့်တပြေးညီ စိစစ်ပြီး သက်ဆိုင်ရာကုမ္ပဏီများသို့ အချိန်မှ အကြောင်းကြားခြင်း၊ နှိုးဆော်စာများပေးပို့ခြင်း၊

         -        ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူး(စီမံကိန်းရေးဆွဲရေး)တို့က အခါအားလျော်စွာ ပေးအပ်သောတာဝန်များကို ထမ်းဆောင်ခြင်း၊

         -        Drawing , Specification & BQ များရေးဆွဲခြင်း၊ တွက်ချက်ခြင်း၊ အရည်အသွေးနှင့် နည်းပညာဆိုင်ရာတွက်ချက်ခြင်း၊

         -        ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံများအတွက် Drawing , BQ နှင့် နည်းပညာပိုင်းဆိုင်ရာစံချိန် စံညွှန်းသတ်မှတ်ချက်များ တွက်ချက်ရေးသားခြင်း၊

         -        ဓာတ်အားစနစ်ဆိုင်ရာ တွက်ချက်ခြင်း(ဥပမာအားဖြင့် Power System Load Flow, Short Circuit Analysis, Transient Stability)

         -        တင်ဒါခေါ်ယူရန်အတွက် နည်းပညာပိုင်းဆိုင်ရာ စိစစ်တွက်ချက်ခြင်း၊

         -        တည်ဆောက်ပြီးစီးသည့် ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံများတွင် သတ်မှတ်စံချိန်စံညွှန်းပြည့်မီ စွာဆောင်ရွက်ထားခြင်းရှိ/မရှိစစ်ဆေးခြင်းနှင့် ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံများတွင် အသုံးပြု မည့်ပစ္စည်းများအား နည်းပညာပိုင်းဆိုင်ရာစစ်ဆေးခြင်း၊

         -        ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူး(ဒီဇိုင်း)တို့မှ အခါအားလျော်စွာပေးအပ်သည့် တာဝန်များကို ထမ်းဆောင်ခြင်း၊

() စီမံခန့်ခွဲရေးဌာနခွဲ

         -        ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံး၊ ဓာတ်အားပို့လွှတ်ရေးစီမံကိန်းများဌာနရှိ ဝန်ထမ်းများ၏ အထွေထွေစီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းအားလုံးကို ဆောင်ရွက်ခြင်း

         -        စီမံကိန်းညွှန်ကြားရေးမှူးရုံးများမှ ရောက်ရှိလာသော စီမံခန့်ခွဲမှုဆိုင်ရာ အစီရင်ခံစာများကို အထက်ရုံးများသို့တင်ပြခြင်း

         -        အထက်ရုံးများနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့၏ ညွှန်ကြားချက်များကို ထပ်ဆင့်ညွှန်ကြား ခြင်း၊

() ဘတ်ဂျက်ဌာနခွဲ

       -        ဓာတ်အားပို့လွှတ်ရေးစီမံကိန်းများဌာန၏ငွေလုံးငွေရင်းဘတ်ဂျက်ကိုပြုစုရန်နှင့် ဘတ်ဂျက် ခေါင်းစဉ်ပါငွေသုံးစွဲမှုများကို မပြတ်မကွက်ကွပ်ကဲခြင်း၊

       -        ဒုတိယညွှန်ကြားရေးမှူးချုပ်က ပေးအပ်သောတာဝန်များကိုဆောင်ရွက်ခြင်း

 

(ဓာတ်အားပို့လွှတ်ရေးစီမံကိန်းအကောင်အထည်ဖော်ရေးဌာနခွဲ မြို့ပြဆိုင်ရာတည်ဆောက်ရေးလုပ်ငန်းများ

        -        ဓာတ်အားပို့လွှတ်ရေးစီမံကိန်းများဌာန လက်အောက်ရှိ ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံ တည်ဆောက်ရေး စီမံကိန်းများတွင် ပါဝင်သော မြို့ပြလုပ်ငန်းများနှင့် ဝန်ကြီးဌာနက တာဝန်ပေး သော အခြားမြို့ပြလုပ်ငန်းများဆောင်ရွက်ခြင်း၊

        -        ဓာတ်အားလိုင်း၊ဓာတ်အားခွဲရုံတည်ဆောက်ရေး မြို့ပြဆိုင်ရာလုပ်ငန်းများကို ကြပ်မတ်ခြင်း၊ လိုအပ်ချက်များစီမံပေးခြင်း၊ လိုအပ်သောဒေသထွက်ပစ္စည်းများ၊ စက်သုံးဆီနှင့် ယာဉ်ယန္တရားများ၊ ဖြည့်တင်းပေးနိုင်ရေးစီမံခြင်း၊

        -        ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံစီမံကိန်းအသီးသီး၏ မြို့ပြလုပ်ငန်းတည်ဆောက်မှု လုပ်ငန်းများ တိုးတက်မှုကို ဝန်ကြီးဌာနသို့ အပတ်စဉ်အစီအရင်ခံနိုင်ရေးစီစဉ်ခြင်း၊

        -        မြို့ပြဆိုင်ရာလုပ်ငန်းများအတွက်လုပ်ငန်းခန့်မှန်းခြေစာရင်းများ စစ်ဆေးတည်းဖြတ်ခြင်း၊

        -        စီမံကိန်းအသီးသီးတွင် မြို့ပြဆိုင်ရာတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေ ကြသော ဌာနဆိုင်ရာနှင့် ပြင်ပလုပ်ငန်းရှင်များသို့ အချိန်နှင့်တပြေးညီကုန်ကျစရိတ်များ ထုတ်ပေးနိုင်ရန်  ဘဏ္ဍာရေးဌာနနှင့် လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ခြင်း၊

        -        စီမံကိန်းအသီးသီး၏ မြို့ပြဆိုင်ရာ တည်ဆောက်မှုလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး ကြပ်မတ်ခြင်း၊ လုပ်ငန်းပြီးစီးမှုကို မြေပြင်စစ်ဆေးခြင်း၊

        -        ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က အခါအားလျော်စွာပေး အပ်သော  တာဝန်များကို ထမ်းဆောင်ခြင်း၊


ဓာတ်အားပို့လွှတ်ရေးစီမံကိန်း(မြောက်ပိုင်း/တောင်ပိုင်း)ရုံး၏

တာဝန်ဝတ္တရားများ

၁။      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံမြောက်ပိုင်းဒေသများအပါအဝင် ဝန်ကြီးဌာနမှ သီးခြားတာဝန် ပေးအပ်ထားသောဒေသများတွင် ဆောင်ရွက်သည့် ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်း စီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ကြီးကြပ်ကွပ်ကဲခြင်း

၂။      စီမံကိန်းမန်နေဂျာရုံး (၁၊ ၂၊ ၃၊ မြို့ပြ)ရုံးများ၏ စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေး၊ ပစ္စည်းစီမံရေးနှင့် အင်ဂျင်နီယာလုပ်ငန်းများအားကြီးကြပ်ကွပ်ကဲခြင်း

၃။      ဌာနမှ လုပ်ငန်းအပ်နှံထားသည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံတည်ဆောက်ရေး လုပ်ငန်း များကို တာဝန်ယူဆောင်ရွက်ရမည့် ကုမ္ပဏီများ၏လုပ်ငန်းဆောင်ရွက်မှုအရည်အသွေးနှင့် စံချိန်စံညွှန်း များကို ကြီးကြပ်စစ်ဆေးခြင်း

၄။      စီမံကိန်းဆောင်ရွက်မည့် ဒေသတွင် ကြုံတွေ့ရသည့် မြေယာကိစ္စများ၊ သစ်တော၊ နှစ်ရှည်ပင်နှင့် ရာသီ သီးနှံပျက်စီးဆုံးရှုံးမှုများအတွက် ဒေသအာဏာပိုင်၊ ပြည်သူလူထုတို့နှင့် ပေါင်းစပ် ညှိနှိုင်းပေးခြင်း

၅။      စီမံကိန်းများကြောင့် ဖြစ်ပေါ်လာသည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနှင့် လူမှုရေးထိခိုက်မှု များအတွက် ဝန်ကြီးဌာနသို့တင်ပြ၍ ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီသက်ဆိုင်ရာ ပြည်သူလူထုသို့ ညှိနှိုင်းဖြေရှင်းပေးခြင်း

၆။      ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းအသီးသီး၏ လုပ်ငန်းတိုးတက်မှုများကို ဝန်ကြီးဌာနသို့ နေ့စဉ်/ အပတ်စဉ် အစီရင်ခံခြင်း၊ လိုအပ်ပါကအထူးကိစ္စရပ်အနေဖြင့် ကြားဖြတ်အစီရင်ခံခြင်း

၇။      ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဓာတ်အားပို့လွှတ်ရေးစီမံကိန်းများဌာန၏ အခါအားလျော် စွာပေးအပ် လာသော တာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။

ဖွဲ့စည်းပုံ>>>