The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ဓာတ်အားစနစ်ဌာန


ဓာတ်အားစနစ်ဌာနဌာနခွဲများအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ

ဓာတ်အားစနစ်စီမံရေးဌာနခွဲ

(က)   တိုးတက်လာသောနိုင်ငံတော်၏ဓာတ်အားသုံးစွဲမှုနှင့် လိုက်လျောညီထွေရှိသော ဓာတ်အားစနစ် တိုးချဲ့ရေးကိစ္စရပ်များနှင့် ပတ်သက်၍ လေ့လာသုံးသပ်ခြင်း။

( ခ ) သုံးသပ်ရရှိသည့်အချက်အလက်များအပေါ် အခြေခံလျက် ကာလတို/ ကာလရှည် စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စီမံချက်များ ရေးဆွဲတင်ပြခြင်း။

( ဂ ) နိုင်ငံတော် ဓာတ်အားစနစ်တိုးချဲ့ရာတွင် လိုအပ်သည့်စံချိန်/စံညွှန်းနှင့် လိုအပ်သည့် နည်းပညာပိုင်း ဆိုင်ရာများတိုးတက်ဖွံ့ဖြိုးရေးအတွက် သုတေသန နှင့်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း။

(ဃ)   ပင်မဓာတ်အားခွဲရုံနှင့်မဟာဓာတ်အားလိုင်းများတည်ဆောက်ရာတွင် အသုံးပြုရန် ဒီဇိုင်းနှင့် စံချိန်စံညွှန်း သတ်မှတ်ချက်များ ပြင်ဆင်ပေးခြင်း။

( င )  ဓာတ်အားစနစ်တိုးချဲ့ခြင်း၊ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်းသည့် ဘတ်ဂျက် လျာထားခြင်း၊ ဘတ်ဂျက်သုံးစွဲခြင်းများအားလျာထားဆောင်ရွက်ခြင်း။

ဓာတ်အားကွပ်ကဲရေးဌာနခွဲ

(က)   ဓာတ်အားစနစ် တည်ငြိမ်စွာ စဉ်ဆက်မပြတ် ဓာတ်အားပေးနိုင်ရေး။

( ခ )  ဓာတ်အားပြတ်တောက်မှုဖြစ်ပွားလာပါက ဓာတ်အားပြတ်တောက်မှု အကြိမ်ရေ အနည်းဆုံးနှင့် အချိန်အတိုဆုံးဖြစ်ရန် စီစဉ်ဆောင်ရွက်ခြင်း။

( ဂ )  ဓာတ်အားပေးစက်များ ၊ ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများ ထိန်းသိမ်း ပြုပြင်ရေး လုပ်ငန်းများ(အရေးပေါ်/ပုံမှန်)ဆောင်ရွက်ရန်စီစဉ်ခြင်း။

(ဃ)   ဓာတ်အားစနစ်နှင့် ပတ်သက်သော နှစ်ချုပ်စာရင်းများပြုစုခြင်း။

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဌာနခွဲ

(က)   Power Line Carrier နှင့် Wireless စက်များ ထိန်းသိမ်းပြုပြင်ခြင်း။

( ခ )  WAN LAN Network များ တည်ဆောက်၍ သတင်းအချက်အလက်များ ပေးပို့ရယူနိုင်ရန် ဆောင်ရွက်ခြင်း။

( ဂ )  Carrier Line Phone ဆက်သွယ်ရေးစက်များနှင့် အခြားဆက်သွယ်မှု နည်းစနစ်များ အသုံးပြု၍ ဓာတ်အားကွပ်ကဲမှုစနစ်ကို အဓိက အထောက်အကူပြုခြင်း။

ဓာတ်အားစနစ်ကာကွယ်ရေးနှင့် လျှပ်စစ်စမ်းသပ်ရေးဌာန

(က)   ဓာတ်အားခွဲရုံ၊ စက်ရုံများရှိ Switchgear များ၊ Transfor-mer များနှင့် Relay များ စမ်းသပ် စစ်ဆေးခြင်း။

( ခ )  မြေအောက်ဓာတ်ကြိုး စမ်းသပ်စစ်ဆေးခြင်း။

( ဂ )  Kilo Watt Hour Meter များ (အသစ် / အဟောင်း) စမ်းသပ်စစ်ဆေးခြင်း။

မဟာဓာတ်အားလိုင်းများထိန်းသိမ်းရေးဌာနခွဲ

(က)   ဓာတ်အားစနစ်အတွင်းရှိ ၂၃၀၊ ၁၃၂ ကေဗွီ မဟာဓာတ်အားလိုင်းများနှင့် ဓာတ်အားပေး စက်ရုံများမှ ဓာတ်အားခွဲရုံများသို့ တိုက်ရိုက်ဆက်သွယ်ထားသော ၆၆ကေဗွီနှင့် ၃၃ကေဗွီ  မဟာဓာတ်အားလိုင်းများကို တာဝန်ယူထိန်းသိမ်းရသော မဟာဓာတ်အားလိုင်းရုံများ ထိန်းသိမ်းပြင်ဆင်ခြင်းလုပ်ငန်းများ ကြီးကြပ်ကွပ်ကဲခြင်း။

( ခ )  မဟာဓာတ်အားလိုင်းမှူးရုံးများမှ တောင်းခံလာသည့်လိုအပ်သော ပစ္စည်းများရရှိရေးကို ခွင့်ပြုမိန့် ထုတ်ပေးခြင်း၊ ဝယ်ယူရေးစီစဉ်ဆောင်ရွက်ပေးခြင်း။

( ဂ )  ထိန်းသိမ်းပြင်ဆင်ခြင်းနှင့် ပတ်သတ်သော လုပ်ငန်းခန့်မှန်းခြေစာရင်းများ စီစစ်ခြင်း၊ ဘတ်ဂျက် ရရှိရေး ဆောင်ရွက်ခြင်း။

ဓာတ်အားခွဲရုံများထိန်းသိမ်းမောင်းနှင်ရေးဌာနခွဲ

(က)   ဓာတ်အားခွဲရုံများမောင်းနှင်ခြင်းနှင့် ပြုပြင်ခြင်းများကို ကြီးကြပ်ကွပ်ကဲခြင်း။

( ခ )  ဓာတ်အားခွဲရုံများအတွက်လိုအပ်သော ပစ္စည်းများဝယ်ယူခြင်း၊ ထုတ်ပေးခြင်း၊ ဝယ်ယူရေးများ စီစဉ်ဆောင်ရွက်ပေးခြင်း။

( ဂ )  ထိန်းသိမ်းပြင်ဆင်ခြင်းလုပ်ငန်း ၊ ခန့်မှန်း ခြေစာရင်းများစိစစ်ခြင်း ၊ ဘတ်ဂျက်ရရှိရေး ဆောင်ရွက်ခြင်း။

ပြင်ဆင်ထိန်းသိမ်းရေးဌာနခွဲ

(က)   မဟာဓာတ်အားလိုင်းနှင့် ပင်မဓာတ်အားခွဲရုံများတွင် အကြီးစား ချို့ယွင်းပျက်စီးမှုများ ဖြစ်ပေါ်ပါက ဓာတ်အားပြတ်တောက်ချိန် အနည်းဆုံးဖြစ်စေရေးအတွက် ပြင်ဆင်ခြင်း လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲဆောင်ရွက်ခြင်း

( ခ )  အနာဂတ်ကာလတွင် တည်ဆောက်မည့် Un-man Substation များအတွက် အပတ်စဉ် ၊ လစဉ် အချိန်မှန် ထိန်းသိမ်းပြုပြင်ခြင်း ( Periodic Maintenance)အား ရွှေ့ပြောင်းလှုပ်ရှား ထိန်းသိမ်းပြုပြင်ရေးအဖွဲ့ (Mobile Team)များဖွဲ့စည်း၍ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း


လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များ

၁။      ဝန်ကြီးဌာနမှ ချမှတ်ပေးသော ဓာတ်အားဖြန့်ဖြူးရေးမူဝါဒနှင့် ရည်မှန်းချက်များကို အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် သတ်မှတ်ပေးထားသော ဓာတ်အားထုတ်လုပ်ခြင်း၊ ဖြန့်ဖြူး ရောင်းချခြင်းနှင့် စပ်လျဉ်းသည့် ရည်မှန်းချက်အား ပြည့်မှီအောင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ။

၂။      ဓာတ်အားစနစ်နှင့် ချိတ်ဆက်၍ မဟာဓာတ်အားလိုင်းများနှင့် ပင်မဓာတ်အားခွဲရုံများကို တည်ဆောက်တပ်ဆင် ထိန်းသိမ်းမောင်းနှင်ခြင်း ။

၃။      ASEAN Internationl Power System ဖြစ်ပေါ်လာသောအခါ ပါဝင်ဆက်သွယ် တည်ဆောက်ပြီး ဓာတ်အားဝယ်ယူ ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း ။

၄။      လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ၊ ဓာတ်အားစနစ် (Power System) တစ်နည်းအားဖြင့် အမျိုးသားကွန်ယက်စနစ် ( National Grid ) နှင့် ဆက်သွယ်ပြီး ဓာတ်အား ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများကို(၂၄)နာရီ ကွပ်က

ဆောင်ရွက်ခြင်း ။

၅။      ရသုံးမှန်းခြေစာရင်း ရေးဆွဲတင်ပြခြင်း ။

၆။      ဝန်ကြီးဌာနမှ အခါအားလျှော်စွာ သတ်မှတ်ပေးသော လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း

၇။      အထက်ပါ လုပ်ငန်းတာဝန်များကို ပင်မဓာတ်အားခွဲရုံ (၆၂)ရုံ၊ မဟာဓာတ်အားလိုင်းမှူးရုံး (၁၄)ရုံးနှင့် စီမံကိန်းညွှန်ကြားရေးမှူးရုံး (၂)ရုံးတို့က အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။

ဖွဲ့စည်းပုံ>>>