အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲ လုပ်ငန်းတာဝန်များ |
||
၁။ |
ဝန်ကြီးရုံးနှင့်အမြဲတမ်းအတွင်းဝန်၏ အုပ်ချုပ်မှုကိစ္စရပ်များဆောင်ရွက်ခြင်း။ |
|
၂။ |
ဝန်ကြီးဌာန ဝန်ထမ်းစီမံရေးနှင့် အထွေထွေစီမံခန့်ခွဲမှုကိစ္စများ၊ တာဝန်ယူညွှန်ကြားခြင်း။ |
|
၃။ |
ပြည်တွင်း/ပြည်ပသို့ သင်တန်းများ ရွေးချယ်စေလွှတ်ခြင်းနှင့် ဝန်ကြီးဌာနအစီအစဉ်ဖြင့် သင်တန်းများဖွင့်လှစ်ခြင်း။ |
|
၄။ |
ပြည်တွင်း/ ပြည်ပနှီးနှောဖလှယ်ပွဲများ၊ ပြပွဲ/ဆွေးနွေးပွဲများသို့ကိုယ်စားလှယ်များ ရွေးချယ် စေလွှတ်ရန် ကြီးကြပ်ခြင်း။ |
|
၅။ |
မှတ်ပုံတင်လုပ်ငန်းများနှင့် ဝန်ကြီးဌာန၏လုပ်ငန်းလိုင်စင်နှင့် အခွန်အခဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခြင်း။ |
|
မူဝါဒနှင့်ဥပဒေလုပ်ထုံးလုပ်နည်းစိစစ်ရေးနှင့်လုပ်ငန်းစစ်ဆေးရေး ဌာနခွဲ လုပ်ငန်းတာဝန်များ |
||
၁။ |
မူဝါဒ၊ ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ၊ အမိန့်များထုတ်ပြန်ခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း။ |
|
၂။ |
ဝန်ကြီးဌာနလက်အောက်ရှိဌာနအသီးသီးမှ တင်ပြလာသည့်လုပ်ငန်းဆိုင်ရာ တင်ပြချက်များ ကို မူဝါဒလုပ်ထုံးလုပ်နည်းနှင့် ညီမညီစိစစ်ခြင်း။ |
|
၃။ |
နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်း အဖွဲ့အစည်းများနှင့် သဘောတူထားသည့် ဥပေဒများ၊ လုပ်ထုံးလုပ်နည်းများထုတ်ပြန်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ကြီးကြပ်ခြင်း။ |
|
၄။ |
လွှတ်တော်အပါအဝင် အထက်အဖွဲ့အစည်းများမှ မေးမြန်းသည့်မေးခွန်းများ ဖြေကြားခြင်း၊ ကတိကဝတ်ဆိုင်ရာများစိစစ်ဆောင်ရွက်ခြင်း။ |
|
၅။ |
အစိုးရအဖွဲ့သို့ အမှာစာများ ပြုစုခြင်း။ |
|
၆။ |
ဝန်ကြီးဌာန၏ မူဝါဒသာမကဝန်ကြီးဌာန မှ တာဝန်ယူဆောင်ရွက်နေသော လုပ်ငန်းများနှင့် စပ်ဆက်နေသော ကဏ္ဍအလိုက် မူဝါဒများကို လေ့လာစိစစ်တင်ပြခြင်း။ |
|
စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲလုပ်ငန်းတာဝန်များ |
||
၁။ |
နှစ်ရှည်/နှစ်တို၊ နှစ်စဉ်စီမံကိန်းများ ရေးဆွဲခြင်းနှင့် တိုးတက်မှုအစီရင်ခံခြင်း။ |
|
၂။ |
ဝန်ကြီးဌာနမှ အကောင်အထည်ဖော်သည့် စီမံကိန်းလုပ်ငန်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်များ၏ စီမံကိန်းလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ် အကောင်အထည်ဖော်နိုင်ရန် စီစဉ်ခြင်း။ |
|
၃။ |
ဝန်ကြီးဌာနလက်အောက်ရှိဌာနအားလုံး၏ စီမံကိန်းစာရင်းအင်းများကို စုစည်း၍ ဝန်ကြီးဌာန ကိုယ်စားအစီရင်ခံခြင်း။ |
|
၄။ |
စာရင်းအင်းကိန်းဂဏန်းအချက်အလက်များအား ရယူစုဆောင်းရာတွင် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကောက်ခံမှုများပြည့်စုံမှန်ကန်စေရန် ဆောင်ရွက်ခြင်း။ |
|
၅။ |
သတင်းအချက်အလက်ကိန်းဂဏန်းများအား စုစည်းထိန်းသိမ်းခြင်း။ |
|
၆။ |
တိုင်းဒေသကြီး/ပြည်နယ်များနှင့် ချိတ်ဆက်၍ သတင်းအချက်အလက်များ စုဆောင်းခြင်း၊ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခြင်း။ |
|
၇။ |
သုတေသနလုပ်ငန်းများဆောင်ရွက်၍ အကဲဖြတ်စိစစ်ခြင်း။ |
|
၈။ |
ဝန်ကြီးဌာနမှ တာဝန်ယူကြီးကြပ်သည့် အသင်းအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်း များထိန်းသိမ်းခြင်း။ |
|
ဝန်ကြီးဌာနတွင်းစာရင်းစစ်နှင့်ဘဏ္ဍာရေးဌာနခွဲလုပ်ငန်းတာဝန်များ |
||
၁။ |
ဝန်ကြီးဌာနလက်အောက်ရှိဌာနအသီးသီး၏ ဘဏ္ဍာငွေအရ အသုံးများကို လစဉ်ရယူစိစစ်ခြင်း။ |
|
၂။ |
ရငွေသုံးငွေသုံးစွဲမှုမှန်ကန်ရေး စောင့်ကြည့်လေ့လာခြင်းနှင့် စိစစ်ကြီးကြပ်ခြင်း။ |
|
၃။ |
လုပ်ငန်းများအား ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းနှင့် ညီ/မညီ စိစစ်ခြင်း။ |
|
၄။ |
ဝန်ကြီးဌာနအတွင်း စာရင်းစစ် လုပ်ငန်းများ (Internal Audit) ဆောင်ရွက်ခြင်း။ |
|
၅။ |
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ၏ စာရင်းစစ်ဆေးမှုခံယူရန် စီစဉ်ခြင်းနှင့်စာရင်းစစ်ကန့်ကွက် ချက်များကို သက်ဆိုင်ရာဌာန အလိုက်ဖြေရှင်းဆောင်ရွက်မှု အပေါ် ကြီးကြပ်ခြင်း။ |
|
ပြည်တွင်း/ပြည်ပဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးဌာနခွဲလုပ်ငန်းတာဝန်များ |
||
၁။ |
အပြည်ပြည်ဆိုင်ရာအဖွဲ့များနှင့် ဒေသတွင်း အဖွဲ့အစည်းများပူးပေါင်း ဆောင်ရွက်နိုင်ရေး ညွှန်ကြားခြင်း။ |
|
၂။ |
ပြည်တွင်း/ပြည်ပအစည်းအဝေးပွဲများ၊ ဆွေးနွေးပွဲများနှင့်ပတ်သက် သည့်လုပ်ငန်းကိစ္စများ အား စိစစ်ဆောင်ရွက်ခြင်း။ |
|
၃။ |
တိုင်းဒေသကြီး/ပြည်နယ်များ အခြားဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း။ |
|
၄။ |
နိုင်ငံတကာသတင်းအချက်အလက် များရယူစုဆောင်းခြင်း သတင်းထုတ် ပြန်ခြင်း။ |
|
၅။ |
မိမိဝန်ကြီးဌာနများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ၊ စာရွက်စာတမ်းများ၊ စာစောင်များ ထုတ်ဝေ ဖြန့်ချီခြင်း။ |
|
၆။ |
မိမိဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ပြည်ပသတင်း မီဒီယာများမှ မမှန်မကန် သတင်း ဖြန့်ဝေမှုများအား Public Media, Social Media နှင့် Print Media များမှ တစ်ဆင့် တုံ့ပြန်ဖြေရှင်း ဆောင်ရွက်ခြင်း။ |
|
e-Government ဌာနခွဲ လုပ်ငန်းတာဝန်များ |
||
၁။ |
နိုင်ငံတော် အဆင့်e-Government စီမံကိန်းကော်မတီများ၏လမ်းညွှန်ချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။ |
|
၂။ |
e-Government နှင့် ICT ဆိုင်ရာ လုပ်ငန်း/စီမံကိန်းများ၏ ရည်ရွယ်ချက်၊အကျိုးကျေးဇူးနည်းပညာ၊စီမံခန့်ခွဲမှု၊အကောင်အထည်ဖော်ဆောင်မှု၊ ဝန်ဆောင်မှု၊ ဘဏ္ဍာရေး၊ ဝယ်ယူရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစသည်တို့အား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခြင်း။ |
|
၃။ |
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်လာစေရေး အထောက်အကူပြုဆိုင်ရာ ကိစ္စရပ်များအား e-Government လုပ်ငန်းများဖြင့် ဆောင်ရွက်ခြင်း။ |
|
၄။ |
ဝန်ကြီးဌာနဆိုင်ရာ သတင်းအချက်အလက် ကိန်းဂဏန်းများအား ICT နည်းပညာ သုံးစွဲ၍ စုစည်းထိန်းသိမ်းခြင်း။ |
|
၅။ |
တိုင်းဒေသကြီး/ပြည်နယ်များနှင့် Network ချိတ်ဆက်၍ သတင်းအချက်အလက်များ စုဆောင်းခြင်း၊ ဖြန့်ဝေခြင်း။ |
|
၆။ |
ဝန်ကြီးဌာန Website, Myanmar National Portal နှင့် Social Media များတွင် ပုံမှန်သတင်းထုတ်ပြန်ခြင်းနှင့် နည်းပညာဆိုင်ရာ အသိပညာများ မျှဝေပေးခြင်း၊ လျှပ်စစ်အန္တရာယ် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အမုန်းစကား ကာကွယ်တားဆီးပေးရေးနှင့် ကြိုတင်ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခြင်း။ |
|
၇။ |
G to G ၊ G to C၊ G to B၊ G to E ဆိုင်ရာကိစ္စရပ်များအား အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။ |
|
ဦးစီးရုံးလုပ်ငန်းတာဝန်များ |
||
၁။ |
ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့၏ အုပ်ချုပ်မှုကိစ္စများဆောင် ရွက်ခြင်း။ |
|
၂။ |
ကိုယ်ရေးအရာရှိများ။ |
|
၃။ |
ရုံးအဖွဲ့နှင့်ယာဉ်မောင်းများ။ |