(က) စီမံရေးရာနှင့်ပတ်သက်သည့် မူဝါဒများ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များ ထိန်းသိမ်း ခြင်း၊ ညွှန်ကြားချက်များထုတ်ပြန်ခြင်း၊
( ခ ) ဝန်ထမ်းလိုက်နာရန် စည်းမျဉ်းစည်းကမ်းများရေးဆွဲခြင်း၊ ထုတ်ပြန်ခြင်း၊
( ဂ ) ဝန်ထမ်းများအသစ်ခန့်ထားခြင်း၊ ပြောင်းရွှေ့နေရာချထားခြင်း၊ ရာထူးတိုးမြှင့်ပေး ခြင်း၊ ပင်စင်ပေးခြင်း၊ နှစ်တိုးခံစားခွင့်ပေးခြင်း၊ အလုပ်သမားလျော်ကြေးငွေများရရှိ ရေးဆောင်ရွက်ခြင်း၊ သက်သာချောင်ချိရေး ကိစ္စများဆောင်ရွက်ပေးခြင်း၊
(ဃ) ဝန်ထမ်းများ၏ခွင့်ခံစားခြင်း၊နယ်ကျော်ခရီးသွားလာခြင်းကိစ္စရပ်များ ဆောင်ရွက်ခြင်း၊
( င ) ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ရုံးချုပ်ဝန်ထမ်းလစာနှင့် အသုံးစရိတ်များကို စီစဉ် ဆောင်ရွက်ပေးခြင်း၊
( စ ) ဦးစီးဌာနလုပ်ငန်းညှိနှိုင်းအဖွဲ့ကိစ္စရပ်များ၊ အစည်းအဝေးများဆောင်ရွက်ခြင်း၊ အမှုတွဲ များထိန်းသိမ်းခြင်း၊
(ဆ) ဝန်ထမ်းများ၏ ကိုယ်ရေးမှတ်တမ်းများပြုစုခြင်း၊ ဖြည့်စွက်ခြင်း၊ ထိန်းသိမ်းခြင်း၊
( ဇ ) ပြည်တွင်းသင်တန်းများအတွက် ရွေးချယ်စေလွှတ်ခြင်း၊
( စျ ) ပြည်ပသင်တန်း၊ နိုင်ငံခြားပညာတော်သင်၊ ပြည်ပလေ့လာရေးခရီးများတွင် အဆိုပြု တင်ပြခြင်း၊
(ည) နိုင်ငံခြားသားများ၏ ဗီဇာကိစ္စများ၊ ပြည်တွင်းနေထိုင်မှုကိစ္စများဆောင်ရွက်ခြင်း၊
( ဋ ) အရေးကြီးပုဂ္ဂိုလ်များ၏ ခရီးစဉ်များစီစဉ်ခြင်း၊ ဧည့်ရိပ်သာများစီစဉ်ခြင်း၊
( ဌ ) နိုင်ငံတော်မှချီးမြှင့်သည့် ဘွဲ့ထူး၊ ဂုဏ်ထူးများအတွက် စိစစ်ခြင်း၊ ထောက်ခံတင်ပြခြင်း၊ ချီးမြှင့်ခြင်း၊
( ဍ ) မီးဘေးကာကွယ်ရေးအတွက် ညွှန်ကြားချက်များထုတ်ပြန်ခြင်း၊ လုံခြုံရေး၊ စည်းကမ်း ထိန်းသိမ်းရေးကိစ္စများဆောင်ရွက်ခြင်း၊
( ဎ ) ဝန်ထမ်းများအား နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ စာအုပ်ပါ ညွှန်ကြားချက်အတိုင်း အရေးယူဆောင်ရွက်ခြင်း။