(က) ဌာနဆိုင်ရာရငွေနှင့် အသုံးစရိတ်များကို စာရင်းပြုစုခြင်း၊
( ခ ) ဌာနတွင်း စာရင်းစစ်ဆေးခြင်း၊
( ဂ ) ဦးစီးဌာနအနေဖြင့်လည်းကောင်း၊ ဌာနလက်အောက်ရှိ စီမံကိန်းများ၊ ရုံးများအနေဖြင့် လည်းကောင်း လိုက်နာကျင့်သုံးရမည့် ငွေစာရင်းဥပဒေများ၊ နည်းဥပဒေများရေးဆွဲ ခြင်း၊ ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊
(ဃ) ငွေစာရင်းဆိုင်ရာဝန်ထမ်းအဆင့်ဆင့်၏ လိုက်နာကျင့်သုံးရမည့် ငွေစာရင်းဆိုင်ရာ ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊
( င ) အခါအားလျော်စွာ ဌာနတွင်း ငွေစာရင်းသင်တန်းများဖွင့်လှစ်ပို့ချခြင်း၊
( စ ) နိုင်ငံတော်မှ ဖွင့်လှစ်သော ငွေစာရင်းသင်တန်းများသို့ ဝန်ထမ်းများအား စေလွှတ် သင်တန်းများ တက်ရောက်စေခြင်း၊ ဌာနအနေဖြင့် ပေးရန်ရှိသည့် နိုင်ငံခြားချေးငွေ များနှင့်ပတ်သက်၍ ဆောင်ရွက်ခြင်း၊
(ဆ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် မြန်မာ့စီးပွားရေးဘဏ်များနှင့် ဆက်သွယ်ဆောင်ရွက် ခြင်း၊
( ဇ ) နိုင်ငံခြားသုံးငွေ (FE) များသုံးစွဲခွင့်လျှောက်ထားခြင်း၊ နိုင်ငံခြားငွေလွှဲစာတမ်း (LC) များ ဖွင့်လှစ်ခြင်းနှင့် ပေးချေးခြင်းများအတွက် ဆောင်ရွက်ခြင်း၊
(ည) အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်လာသော နိုင်ငံတော်ပိုင်ငွေသား များကို စာရင်းမှ ပယ်ဖျက်ရေးကိစ္စရပ်များအား ဆောင်ရွက်ခြင်း၊
( ဋ ) စာရင်းစစ်ချုပ်ရုံးမှ ပေးပို့သောစာရင်းစစ်ချက် အစီရင်ခံစာများကို သက်ဆိုင်ရာရုံးများ တွင် ညှိနှိုင်းအရေးယူဆောင်ရွက်ခြင်း။