The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ပစ္စည်းဖြည့်တင်းရေးဌာန


ပစ္စည်းဖြည့်တင်းရေးဌာန၏ လုပ်ငန်းတာဝန်များ

၁။      လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းလက်အောက်ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ ဓာတ်ငွေ့/ ရေနွေးငွေ့ဓာတ်အားပေးစက်ရုံများနှင့်​ ကျောက်မီးသွေးသုံးရေနွေးငွေ့ဓာတ်အားပေး စက်ရုံများအတွက် လိုအပ်သောစက်အရန်ပစ္စည်းများ၊ ယာဉ်များနှင့် ပစ္စည်းပိုင်းဆိုင်ရာ ရသုံးမှန်းခြေစာရင်းများ ပြုစုရေးဆွဲခြင်း၊ စိစစ်ခြင်း၊ သက်ဆိုင်ရာသို့ တင်ပြခြင်း၊

၂။      စက်ရုံများအတွက်  ဝယ်ယူဖြန့်ဖြူးရန်ရှိသော  အဓိကပံ့ပိုးပစ္စည်းများဖြစ်သည့်  စက်အရန် ပစ္စည်းများ၊  စက်သုံးဆီများ၊  ဘိလပ်မြေ၊ သံချောင်းနှင့်အခြားလိုအပ်သော ပစ္စည်းများ နှင့်ပတ်သက်၍ ဘဏ္ဍာရေးနှစ်အလိုက် လိုအပ်ချက်များ ပြုစုရေးဆွဲခြင်း၊ အထက်ဌာနသို့ တင်ပြ ခြင်း၊ သက်ဆိုင်ရာသို့ အမှာစာများပေးပို့ခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်း၊ ဝယ်ယူရရှိသော ပစ္စည်းများကို လုပ်ငန်းလိုအပ်ချက်အလိုက် ခွဲဝေပေးခြင်း၊

၃။      ဓာတ်အားပေးစက်ရုံများ၏ စက်အရန်ပစ္စည်းများ၊ ဆက်သွယ်ရေးပစ္စည်းများအား ဝယ်ယူ ထုတ်ပေးခြင်း၊ မှတ်တမ်းတင်ပြုစု ထိန်းသိမ်းခြင်း၊

၄။      ပြည်တွင်းမှ ဝယ်ယူရရှိနိုင်သော  ပံ့ပိုးပစ္စည်းများကို  စနစ်တကျ  အချိန်မီဝယ်ယူ စုဆောင်းခြင်း၊ စနစ်တကျသိုလှောင်ခြင်း၊ သက်ဆိုင်ရာ စက်ရုံများနှင့် ဌာနခွဲများသို့ ခွဲဝေပေးခြင်း၊

၅။      စက်ရုံများအတွက် နိုင်ငံခြားငွေ (ချေးငွေ၊ ထောက်ပံ့ငွေ၊ နိုင်ငံခြားငွေလွတ်)ဖြင့်  ပြည်တွင်း/ ပြည်ပမှ ဝယ်ယူမည့်စက်အရန် ပစ္စည်းများ၊  စက်ကိရိယာတန်ဆာပလာများ၊  ထိန်းသိမ်းရေးသုံး   ပစ္စည်းများနှင့်  ရုံးသုံးပစ္စည်းများအတွက်  စာရင်းဇယားများ  ပြုစုရေးဆွဲခြင်း၊ ၎င်းပစ္စည်းများ ဝယ်ယူခွင့်ရရှိရေးအတွက် ဝန်ကြီးဌာနနှင့်စက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနသို့ တင်ပြ၍အတည်ပြုချက်ရယူခြင်း၊

၆။      ဝယ်ယူရန် ခွင့်ပြုချက်ရရှိပြီးသော စက်အရန်ပစ္စည်းများ၊ စက်ကိရိယာတန်ဆာပလာများ၊ ထိန်းသိမ်းရေးပစ္စည်းများ၊ ရုံးသုံးပစ္စည်းများ၊ ယာဉ်များအတွက် ဝယ်ယူမည့်  အစီအစဉ်များ ရေးဆွဲခြင်း၊ ကျွမ်းကျင်မှုဆိုင်ရာ   စံချိန်စံညွှန်းများ  ရေးဆွဲခြင်း၊  အထက်အဆင့်ဆင့်သို့ တင်ပြအတည်ပြုချက်များရယူခြင်း၊  အိတ်ဖွင့်တင်ဒါ ဖိတ်ခေါ်ခြင်း၊ တင်ဒါပိတ်ခြင်း၊  တင်ဒါ ဖွင့်ခြင်း၊  ဈေးနှုန်းနှင့်စံချိန်စံညွှန်း နှိုင်းယှဉ်ချက်ဇယားရေးဆွဲ၍ အိတ်ဖွင့်တင်ဒါရွေးချယ်ရေး အတွက် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးသို့  တင်ပြခြင်း၊ အတည်ပြုချက် ဆုံးဖြတ်ချက်ရယူ၍  ကုန်ဝယ်အမှာစာ/ စာချုပ်ချုပ်ဆိုခြင်း၊

၇။      ကုန်ဝယ်စာချုပ် ချုပ်ဆိုပြီးသော လုပ်ငန်းများအတွက် အာမခံစဘော်ငွေများ၊ နိုင်ငံခြားငွေ လျှောက်ထားခြင်းနှင့် ငွေလွှဲစာတမ်းဖွင့်လှစ်ခြင်းစသည့် ငွေစာရင်းနှင့် ပတ်သက်သော လုပ်ငန်း များကို ငွေစာရင်းဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊

၈။      ဝယ်ယူရေးအစီအစဉ်တွင် ပါဝင်သော စံချိန်စံညွှန်းများ၊ တင်ဒါစာရွက်စာတမ်းများနှင့် အခြား စာရွက်စာတမ်းများ၏ လုံခြုံမှုနှင့် သတင်းလုံခြုံမှုအတွက် စနစ်တကျ ထိန်းသိမ်းထားရှိခြင်း၊

၉။      ပစ္စည်းသိုလှောင်ရုံများရှိ ပစ္စည်းများအား စနစ်တကျထားရှိခြင်း၊ ပုံမှန်စာရင်းဇယားများ စစ်ဆေးခြင်း၊ စက်ရုံများနှင့်ရုံးချုပ်ရှိ ဌာနခွဲများမှ မလိုသည့်ပစ္စည်းများအား စာရင်းမှ ပယ်ဖျက် ခြင်း၊ လေလံတင်ထုခွဲရောင်းချခြင်း၊ ရရှိသည့်ငွေအား နိုင်ငံတော်ဘဏ္ဍာသို့ ပေးသွင်းခြင်း၊

၁၀။    မီးဘေးလုံခြုံရေး စီမံချက်များ၊  လုံခြုံရေးစီမံချက်များချမှတ်၍ အန္တရာယ်ကင်းရှင်းအောင် ဆောင်ရွက်ခြင်း၊

၁၁။    နိုင်ငံခြားအကူအညီ၊ ချေးငွေဖြင့်တင်သွင်းလာသော ပစ္စည်းများအတွက် သွင်းကုန်လိုင်စင် လျှောက်ထားခြင်း၊ အထူးအမိန့်လျှောက်ထား၍ ခွင့်ပြုမိန့်ရရှိပါက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း၊ ဆိပ်ကမ်းနှင့်လေဆိပ်များမှ  တင်သွင်းလာသော  စက်အရန်ပစ္စည်းများ၊  အခြားပစ္စည်းများအား ရွေးထုတ်သယ်ယူပို့ဆောင်ခြင်း၊

၁၂။    ဦးဆောင်ညွှန်ကြားရေးမှူးထံမှ ညွှန်ကြားမှုခံယူခြင်း၊ ညွှန်ကြားချက်နှင့်အညီ အကောင်အထည် ဖော်ခြင်း၊ တာဝန်ခံခြင်း၊

ဖွဲ့စည်းပုံ>>>