အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း၏ Pre-Bid Meeting တက်ရောက်နိုင်ရန်အတွက် ဖိတ်ကြားခြင်း
ကမ္ဘာ့ဘဏ်ချေးငွေဖြင့်ဆောင်ရွက်မည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းအတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဓာတ်အားလိုင်းနှင့်ထရန်စဖော်မာ တည်ဆောက်ရေးလုပ်ငန်းများ တည်ဆောက်ရန် တင်ဒါခေါ်ယူခဲ့သည့် National Competitive Bidding (NCB) No.MOEE- NEP/C1-W1/18 (15.8.2018) Installation for Distribution Lines and Transformers for Sagaing နှင့်ပတ်သက်၍ Pre-Bid Meeting အား အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် တင်ဒါရယူထားသည့် တည်ဆောက်ရေးကုမ္ပဏီများနှင့် စိတ်ပါဝင်စားသည့် ကုမ္ပဏီများမှ တည်ဆောက်ရေးလုပ်ငန်းရှင်များ တက်ရောက်နိုင်ပါကြောင်း နှင့် တက်ရောက်မည် ဖြစ်ပါက အမည်စာရင်းပေးသွင်းနိုင်ပါကြောင်း ဖိတ်ကြားအပ်ပါသည် -
Read More...
Posted under : လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE)
: 29-Aug-2018
အလင်းရောင်စီမံချက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းသည် ရန်ကုန် တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး(၂)ခုမှလွဲ၍ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ လျှပ်စစ်ဓာတ်အားများဖြန့်ဖြူးပေးလျက်ရှိရာ စုစုပေါင်း အိမ်ထောင်စု အရေအတွက် ၇.၉၇၂ သန်းခန့်ရှိသည့်အနက် လက်ရှိအချိန်ထိ ဓာတ်အားစနစ်ဖြင့် မီးလင်းပြီး အိမ်ထောင်စု အရေအတွက် ၂.၃၂ သန်းခန့်ရှိပြီဖြစ်၍ မီးလင်းရန်ကျန်အိမ်ထောင်စု ၅.၆၅၂ သန်းခန့် ရှိပါသည်။
Read More...
Posted under : လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE)
: 23-Jul-2018
တောင်ငူ-လိပ်သို ၃၃ ကေဗွီဓာတ်အားလိုင်း တည်ဆောက်ရာတွင် ဖြတ်သန်းသွားသော ကျေးရွာ (၉) ရွာအား ဓာတ်အားရရှိနိုင်ရေးအတွက် ဆောင်ရွက်ခဲ့သော CSR လုပ်ငန်းများ
တောင်ငူ-လိပ်သို ၃၃ ကေဗွီဓာတ်အားလိုင်း တည်ဆောက်ရာတွင် ဖြတ်သန်းသွားသော ကျေးရွာ (၉) ရွာအား ဓာတ်အားရရှိနိုင်ရေးအတွက် ဆောင်ရွက်ခဲ့သော CSR လုပ်ငန်းများ
Read More...
Posted under : လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE)
: 12-Jun-2018
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့ပေါ်နှင့် အနီးအနားကျေးရွာများအား ဓာတ်အားစနစ်မှ (၂၄)နာရီ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေ
မိုးမိတ်မြို့သို့ ဓာတ်အားစနစ်ဖြင့် ဓာတ်အားပေးနိုင်ရေးအတွက် ၆၆ ကေဗွီ မိုးကုတ်-မိုးမိတ် ဓာတ်အားလိုင်း (၂၄.၆၅) မိုင် နှင့် မိုးမိတ်မြို့တွင် ၆၆/၁၁ ကေဗွီ၊ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံ(၁) ရုံ တို့အား ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ပါသည်။ ၆၆ ကေဗွီ မိုးကုတ်-မိုးမိတ်ဓာတ်အားလိုင်းနှင့် ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ မိုးမိတ်ဓာတ်အားခွဲရုံအား တည်ဆောက်ပြီးစီး၍ (၂၅.၃.၂၀၁၈)ရက်နေ့ (၁၅:၁၃) နာရီတွင် ယခင်မီးစက်ဖြင့် ဓာတ်အားပေး ထားသော မိုးမိတ်မြို့ပေါ် (၄)ရပ်ကွက်အား နိုင်ငံတော်ဓာတ်အားစနစ်မှ (၂၄)နာရီ စတင် ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပါသည်။
Read More...
Posted under : လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE)
: 03-Apr-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အိမ်သုံးမီတာများသတ်မှတ်ကြေး (Infrastructure) နှုန်းထား ပြင်ဆင်သတ်မှတ်ကောက်ခံမည့်ကိစ္စအား အသိပေးကြေငြာခြင်း
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် အိမ်သုံးမီတာများအတွက် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင်၍ ကောက်ခံမည့် အိမ်သုံးမီတာများ သတ်မှတ်ကြေး
Read More...
Posted under : လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE)
: 22-Mar-2018