The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


အလင်းရောင်စီမံချက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းသည် ရန်ကုန် တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး(၂)ခုမှလွဲ၍ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ လျှပ်စစ်ဓာတ်အားများဖြန့်ဖြူးပေးလျက်ရှိရာ စုစုပေါင်း အိမ်ထောင်စု အရေအတွက် ၇.၉၇၂ သန်းခန့်ရှိသည့်အနက် လက်ရှိအချိန်ထိ ဓာတ်အားစနစ်ဖြင့် မီးလင်းပြီး အိမ်ထောင်စု အရေအတွက် ၂.၃၂ သန်းခန့်ရှိပြီဖြစ်၍ မီးလင်းရန်ကျန်အိမ်ထောင်စု ၅.၆၅၂ သန်းခန့် ရှိပါသည်။


Read More...

Posted under : လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE)
: 23-Jul-2018
တောင်ငူ-လိပ်သို ၃၃ ကေဗွီဓာတ်အားလိုင်း တည်ဆောက်ရာတွင် ဖြတ်သန်းသွားသော ကျေးရွာ (၉) ရွာအား ဓာတ်အားရရှိနိုင်ရေးအတွက် ဆောင်ရွက်ခဲ့သော CSR လုပ်ငန်းများ
တောင်ငူ-လိပ်သို ၃၃ ကေဗွီဓာတ်အားလိုင်း တည်ဆောက်ရာတွင် ဖြတ်သန်းသွားသော ကျေးရွာ (၉) ရွာအား ဓာတ်အားရရှိနိုင်ရေးအတွက် ဆောင်ရွက်ခဲ့သော CSR လုပ်ငန်းများ


Read More...

Posted under : လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE)
: 12-Jun-2018
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့ပေါ်နှင့် အနီးအနားကျေးရွာများအား ဓာတ်အားစနစ်မှ (၂၄)နာရီ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေ
မိုးမိတ်မြို့သို့ ဓာတ်အားစနစ်ဖြင့် ဓာတ်အားပေးနိုင်ရေးအတွက် ၆၆ ကေဗွီ မိုးကုတ်-မိုးမိတ် ဓာတ်အားလိုင်း (၂၄.၆၅) မိုင် နှင့် မိုးမိတ်မြို့တွင် ၆၆/၁၁ ကေဗွီ၊ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံ(၁) ရုံ တို့အား ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ပါသည်။ ၆၆ ကေဗွီ မိုးကုတ်-မိုးမိတ်ဓာတ်အားလိုင်းနှင့် ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ မိုးမိတ်ဓာတ်အားခွဲရုံအား တည်ဆောက်ပြီးစီး၍ (၂၅.၃.၂၀၁၈)ရက်နေ့ (၁၅:၁၃) နာရီတွင် ယခင်မီးစက်ဖြင့် ဓာတ်အားပေး ထားသော မိုးမိတ်မြို့ပေါ် (၄)ရပ်ကွက်အား နိုင်ငံတော်ဓာတ်အားစနစ်မှ (၂၄)နာရီ စတင် ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပါသည်။


Read More...

Posted under : လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE)
: 03-Apr-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အိမ်သုံးမီတာများသတ်မှတ်ကြေး (Infrastructure) နှုန်းထား ပြင်ဆင်သတ်မှတ်ကောက်ခံမည့်ကိစ္စအား အသိပေးကြေငြာခြင်း
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် အိမ်သုံးမီတာများအတွက် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင်၍ ကောက်ခံမည့် အိမ်သုံးမီတာများ သတ်မှတ်ကြေး


Read More...

Posted under : လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE)
: 22-Mar-2018
ခေါင်လန်ဖူးမြို့ လျှပ်စစ်ဓာတ်အားပိုမို တိုးမြှင့်ရရှိသုံးစွဲနိုင်ရေး
လျှပ်စစ်စွမ်းအင်ကို သက်ရှိတို့ အကျိုးဖြစ်ထွန်းမှုအတွက် နည်းလမ်းအမျိုးမျိုးဖြင့် ထုတ်ယူ သုံးစွဲလျက်ရှိကြသည်။ ယခုအခါ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့ ကဏ္ဍမျိုးစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အား ပိုမိုတိုးမြှင့် သုံးစွဲနိုင်ရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ရေးသားတင်ပြလိုက်ရပါသည်။


Read More...

Posted under : လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE)
: 09-Mar-2018