The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ဖွဲ့စည်းပုံ/လုပ်ငန်းတာ၀န်


လုပ်ငန်းတာဝန်များ

ဦးဆောင်ညွှန်ကြားရေးမှူးရုံးအဖွဲ့

၁။      ဦးဆောင်ညွှန်ကြားရေးမှူး၏ အုပ်ချုပ်မှုကိစ္စများဆောင်ရွက်ခြင်း။

၂။      ရေနံမြေဒေသအသီးသီး၏ လုပ်ငန်းတာဝန်များကိုဆောင်ရွက်ခြင်း။

၃။      မူဝါဒ၊ ဥပဒေများနှင့်လုပ်ထုံးလုပ်နည်းများ၊ အမိန့်များထုတ်ပြန်ခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများကို ဆောင်ရွက်ရန် ညွှန်ကြားခြင်း။

၄။      မြန်မာ့ရေနံနှင့်သဘာဝဓတ်ငွေ့လုပ်ငန်း၏ သတင်းအချက်အလက်များအား ICT နည်း ပညာသုံးစွဲ၍ စုစည်းထိန်းသိမ်းခြင်း၊ ဖြန့်ဝေပေးခြင်း။

၅။      မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းအတွင်း စာရင်းစစ်လုပ်ငန်းများ ဆောင်ရွက် ခြင်း၊ စာရင်းစစ်ကန့်ကွက်ချက်များကို သက်ဆိုင်ရာဌာနများအလိုက် ဖြေရှင်းဆောင် ရွက်မှုအပေါ် ကြီးကြပ်ခြင်း။

၆။      ပြည်တွင်းပြည်ပအစည်းအဝေးပွဲများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့များနှင့် ဒေသအတွင်း အဖွဲ့ အစည်းများပူးပေါင်းဆောင်ရွက်နိုင်ရေးညွှန်ကြားခြင်း။

၇။      မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ကြီးကြပ်မှုအောက်ရှိ ဌာနအားလုံး၏ စီမံကိန်း စာရင်းအင်းများကို စုစည်းဆောင်ရွက်ခြင်း။

၈။      မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်စီမံခန့်ခွဲမှု၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်၊ ဖြန့်ဖြူးခြင်းဆိုင်ရာလုပ်ငန်းများကို တာဝန်ယူကြီးကြပ်ညွှန်ကြားရန်။

စီမံရေးဌာန

၁။     နိုင်ငံခြားရေနံကုမ္ပဏီများနှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ်များချုပ်ဆို၍ အကျိုးတူပူးပေါင်းဆောင်ရွက်ရေးအတွက် ၎င်းတို့၏ လုပ်ငန်းများကိုကြီးကြပ်ကွပ်ကဲ ရပါသည်။

၂။      နိုင်ငံခြားရေနံကုမ္ပဏီများ၏ လုပ်ငန်းကိစ္စများကို Steering Committee Meeting မှ အတည်ပြုချက်ရယူရေးဆောင်ရွက်ရပါသည်။

၃။      အစိုးရအဖွဲ့ရုံးနှင့် အခြားဝန်ကြီးဌာနများမှ လိုအပ်သောအပတ်စဉ် ၊ လစဉ် ၊ (၃)လပတ်၊ (၆)လပတ် နှင့် နှစ်ပတ်လည် အစီရင်ခံစာများတင်ပြရပါသည်။

၄။      နိုင်ငံခြားရေနံကုမ္ပဏီများမှ သက်တမ်းတိုး ၊ မြေငှားရမ်းခြင်းစသော ကိစ္စရပ်များတွင် မြန်မာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုချက်ရရှိရေးဆောင်ရွက်ရပါသည်။

၅။      ကုန်းပိုင်းကမ်းလွန်လုပ်ကွက်များ တင်ဒါခေါ်ယူခြင်းတွင် ပါဝင်ဆောင်ရွက်ရခြင်း၊ အမျိုးသားစွမ်းအင်မူဝါဒရေးဆွဲရေးဆောင်ရွက်ရခြင်း၊ မူဝါဒဆိုင်ရာများကို ဆောင်ရွက်ရ ခြင်း၊ ရေနံဥပဒေရေးဆွဲရေး၊ ပြင်ဆင်ရေးတွင်ပါဝင်ဆောင်ရွက်ရပါသည်။

၆။      ရေနံရှာဖွေဖွံ့ဖြိုးရေး၊ ထုတ်လုပ်ရေးနှင့် သဘာဝဓါတ်ငွေ့ဖြန့်ဖြူးရေးလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်ရပါသည်။

ရှာဖွေရေးနှင့်ဖွံ့ဖြိုးရေးဌာန

၁။      ရေနံနှင့်သဘာဝဓာတ်ငွေ့များ တိုးတက်ရှာဖွေထုတ်လုပ်နိုင်ရန်အတွက် ဘူမိဗေဒဆိုင်ရာ လေ့လာသုံးသပ်ချက်များ၊ ဘူမိရူပဗေဒဆိုင်ရာ တိုင်းတာတွေ့ရှိချက်များ၊ သုတေသန ဌာန၏ လေ့လာသုတေသနပြုချက်များကို အခြေခံပြီးရေနံမြေများနှင့် နေရာဒေသသစ် များတွင် တွင်းသစ်များတူးဖော်နိုင်ရန်စီမံရပါသည်။

၂။      တွင်းတူးစက်များကို နေရာချထားရပါသည်၊ ရေနံမြေ/ဒေသများ၏ ရေနံ/သဘာဝ ဓာတ်ငွေ့ခိုအောင်းမှုပမာဏ၊ ထပ်မံထုတ်ယူနိုင်မည့်ပမာဏနှင့် နှစ်တို/နှစ်ရှည်ဘူမိဗေဒ၊ ဘူမိရူပဗေဒတိုင်းတာမှု၊ လျာထားတူးဖော်မှု၊ ထုတ်လုပ်မှုတို့ကိုစီမံရပါသည်။

၃။      ထို့ပြင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော နိုင်ငံခြားရေနံကုမ္ပဏီများ၏ ရေနံရှာဖွေ/ တူးဖော်/ထုတ်လုပ်ရေးလုပ်ငန်းတို့ကို နိုင်ငံတော်ဘက်မှ မနစ်နာစေရန် ထိန်းကြောင်း၍ နည်းပညာအရ ပူပေါင်းဆောင်ရွက်ရပါသည်။

၄။ ရေနံမြေများ၊ အစမ်းတွင်းများ၊ ဆိုက်စမစ်လုပ်ငန်းများ၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဆိုင်ရာများကို ကြီးကြပ်ဆောင်ရွက် ရပါသည်။

၅။      ရေနံမြေနယ် နိမိတ်ဧရိယာသတ်မှတ်ကြေငြာခြင်း အတည်ပြုရန်ဆောင်ရွက်ရပါသည်။

တူးဖော်ရေးဌာန

၁။      ရေနံတွင်းတူးစက်များ၏ ရေနံတွင်းတူးဖော်မှုများကို သတ်မှတ်အနက်ပေသို့ အမြန်ဆုံး ရောက်ရှိစေရန် အချိန်ပြည့် တာဝန်ယူဆောင်ရွက်ခြင်း။

၂။      ရေနံတွင်းတူးဖော်နေစဉ် မလိုလားအပ်သောပြဿနာများ မဖြစ်ပေါ်ရအောင် လမ်းညွန်မှု ပေးခြင်း။

၃။      ကျွမ်းကျင်မှုဆိုင်ရာဆပ်ကော်မတီဥက္ကဋ္ဌ တာဝန်ယူဆောင်ရွက်ရခြင်း။

၄။      ကျွမ်းကျင်မှုဆိုင်ရာဆပ်ကော်မတီအစည်းအဝေးမှ Operator ကုမ္ပဏီသည် ပစ္စည်းဝယ်ယူ မှုနှင့် ဝန်ဆောင်လုပ်ငန်းများအတွက် Technically လက်ခံနိုင်ပြီးစျေးနှုန်း အနည်းဆုံး တင်သွင်းသည့်ကုမ္ပဏီကို လုပ်ငန်းအပ်နှံဆောင်ရွက်ခြင်းဖြစ်ကြောင်း တွေ့ရှိပါက အစည်း အဝေးမှတ်တမ်းရေးသားပြုစုပြီးနောက် ဦးဆောင်အဖွဲ့အစည်းအဝေးတွင် ဆက်လက် တင်ပြနိုင်ရန် နိုင်ငံခြားရေနံကုမ္ပဏီများစီမံခန့်ခွဲမှုကော်မတီသို့ပေးပို့ခြင်း။

ထုတ်လုပ်ရေးဌာန

၁။      ထုတ်လုပ်ရေးဌာန၏ တာတန်ဝတ္တရားအကျဉ်းများမှာ ရေနံတွင်းသစ်တစ်တွင်းတူးဖော် ပြီးစီးသည်နှင့် တွင်းစမ်းသပ်ခြင်းများလုပ်ဆောင်နိုင်ရန် လေပုံးများ၊ သံကန်များ ချထားခြင်း၊ သံကန်တန်းသို့ ပိုက်လိုင်းများဆွဲခြင်း၊ စမ်းသပ်ပစ္စည်းများစုံလင်အောင် ထားရှိခြင်းတို့ပြုလုပ်ရပါသည်။ ရေနံမြေများအတွင်း တစ်တွင်းစီမှ ရေနံများကို သံကန်တန်းစခန်းများတွင် စုဆောင်းပြီးနောက် ရေထုတ်ခါရေနံချက်စက်ရုံများသို့ မောင်းပို့ရပါသည်။

၂။      ထို့အပြင် ကုန်းတွင်းပိုင်းရှိ ရေနံမြေများမှထွက်ရှိလာသော သဘာဝဓာတ်ငွေ့များကို တစ်တွင်းခြင်းစီမှ စုပေါင်းလက်ခံစခန်းသို့ပို့လွှတ်ပြီးရေ၊ ဓာတ်ငွေ့ခွဲခြားကာ ဆက်လက် သုံးစွဲမည့်စက်ရုံ၊ အလုပ်ရုံများသို့ပို့လွှတ်ပါသည်။ သဘာဝဓာတ်ငွေ့ထိန်း/ဖြန့် စခန်းများမှ ခရီးဝေးသည့် စက်ရုံ၊ အလုပ်ရုံများသို့ပို့လွှတ်ရာတွင် Compressor များထားရှိကာ ဖိအားမြှင့်စက်ရုံများတည်ဆောက်၍ မောင်းနှင်ပေးပို့ပါသည်။

အင်ဂျင်နီယာလုပ်ငန်းဌာန

၁။      စက်မှု/ သယ်ပို့စက်ပြင်/ လျှပ်စစ်/ ဆောက်လုပ်ရေး/ ပိုက်လိုင်းဆက်သွယ်ရေး/ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ/ မော်တော်ယာဉ်သုံးသဘာဝ ဓာတ်ငွေ့ဌာနခွဲများအတွက် လုပ်ငန်းများစီမံခန့်ခွဲဆောင်ရွက်ရခြင်း။

၂။      ကုမ္ပဏီများနှင့်အကျိုးတူပူပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများစီမံခန့်ခွဲဆောင်ရွက် ရခြင်း။

၃။      နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် ဘတ်ဂျက်ကိစ္စများစီမံဆောင်ရွက်ခြင်း။

၄။      ရေနံတွင်းတူးစက်လုပ်ငန်းများနှင့် ရေနံမြေများ၏ လုပ်ငန်းများအဆင်ပြေစေရန် စီမံဆောင်ရွက်ရခြင်း။

၅။      မော်တော်ယာဉ်များ CNG သုံးစွဲခွင့်ရရှိရေးစိစစ်တင်ပြခြင်းလုပ်ငန်းများအား ဌာနခြင်း အလိုက်အင်ဂျင်နီယာချုပ်များထားရှိ၍ စီမံခန့်ခွဲအုပ်ချုပ်ခြင်း။

၆။      ဝန်ထမ်းရေးရာကိစ္စရပ်များစသည့် လုပ်ငန်းများအားကြီးကြပ်ညွှန်ကြားရပါသည်။

အထွေထွေစီမံခန့်ခွဲရေးဌာန

၁။      မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ အုပ်ချုပ်ရေးနှင့်လူအရင်းမြစ်စီမံခန့်ခွဲမှု လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း၊ ဝန်ထမ်းရေးရာနှင့် စီမံခန့်ခွဲမှုကိစ္စများ တာဝန်ယူညွှန်ကြားခြင်း။

၂။      ပြင်တွင်း/ပြည်ပလေ့ကျင့်ပညာပေးရေးသင်တန်းများ တက်ရောက်ရန်နှင့် နိုင်ငံခြား ပညာတော်သင်စေလွှတ်ရေးကိစ္စရပ်များ ဆောင်ရွက်ပေးခြင်း။

၃။      ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးလုပ်ငန်းများဆောင်ရွက်ခြင်း။

၄။      ရေနံမြေနယ်နမိတ်သတ်မှတ်ချက်များ၊ လုံခြုံရေးဆိုင်ရာကိစ္စများ၊ မြေယာနှင့်သီးနှံ လျော်ကြေးပေးရေးဆိုင်ရာကိစ္စများ၊ မြေယာအမည်ပေါက်ပိုင်ဆိုင်မှုကိစ္စများ စိစစ်ဆောင် ရွက်ခြင်း။

၅။      လက်နက်ခဲယမ်း (ပေါက်ကွဲစေတတ်သောပစ္စည်း) များနှင့်ပတ်သက်၍ ခွင့်ပြုချက်များ ရယူဆောင်ရွက်ခြင်း၊ သိုလှောင်ခွင့်ဆိုင်ရာကိစ္စရပ်များဆောင်ရွက်ခြင်း။

၆။      ဝန်ထမ်းသက်သာချောင်ချိရေးဆိုင်ရာကိစ္စများနှင့် မြေနှင့်အိမ်ယာများ နေရာချထားပေး ရေးကိစ္စများ။

၇။      ကျန်းမာရေးဆိုင်ရာကာကွယ်ရေး၊ ကုသရေး၊ လူမှုဖူလုံရေး၊ ပညာပေးရေးကိစ္စရပ်များ ဆောင်ရွက်ပေးခြင်း။

၈။      သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ၊ လူမှုစီးပွားလုပ်ငန်းများ၊ သုတေသနဆန်းစစ်ချက်လုပ်ငန်းများ (EIA/SIA) လုပ်ငန်းများ၊ လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း။

ပစ္စည်းစီမံဌာန

၁။      ရေနံမြေ၊ အစမ်းတွင်း၊ လုပ်ငန်းစီမံကိန်းများ၊ ပိုက်လိုင်းစီမံကိန်းစသည့်များအတွက် လုပ်ငန်းများလည်ပတ်နိုင်စေရန်၊ ပစ္စည်းများအချိန်မှီရရှိရေးအတွက် ကြိုတင်စီမံဝယ်ယူ ခြင်း၊ ထိန်းသိမ်းဖြန့်ဖြူးပေးခြင်း။

၂။      ပစ္စည်းများဖြည့်တင်းနိုင်ရေးအတွက် နိုင်ငံခြားငွေဖြင့်လည်းကောင်း၊ မြန်မာကျပ်ငွေဖြင့် လည်းကောင်းဝယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခြင်း။

၃။      ဖက်စပ်နိုင်ငံခြားရေနံကုမ္ပဏီများ၏ ပစ္စည်းတင်သွင်းနိုင်ရေးအတွက်  ImportLicence , Export Licence Clearance ရရှိရေးနှင့် ညှိနိုင်းဆောင်ရွက်ခြင်းစသည့် တာဝန်များ ထမ်းဆောင်ရပါသည်။

ဘဏ္ဍာရေးဌာန

၁။      မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့တစ်ခုလုံးအတွက် ဝင်ငွေ/အသုံးစရိတ်များ။

၂။      သာမန်၊ ငွေလုံးငွေရင်းခွဲခြားလျှက် ဘတ်ဂျက်လျာထားသတ်မှတ်ခြင်း၊ ငွေကြေးစီမံခန့်ခွဲ ခြင်း၊ ဝင်ငွေများတောင်းခံခြင်း။

၃။      အသုံးစရိတ် စိစစ်ပေးချေခြင်း၊ ကုမ္ပဏီများစာရင်းစစ်ဆေးခြင်း။

၄။      စာရင်းစစ်အစီရင်ခံစာရေးသားခြင်း၊ အခွန်အကောက်များ၊ ဝင်ငွေခွန်များပေးသွင်းခြင်း၊ ချေးငွေရယူခြင်း၊ ပေးဆပ်ခြင်း။

၅။      ဝင်ငွေ၊ အသုံးစရိတ်စာရင်းများ စိစစ်တွက်ချက်ခြင်း၊ ဈေးနှုန်းသတ်မှတ်ခြင်း၊ နှစ်ချုပ် စာရင်းရေးဆွဲခြင်း။

၆။      ဝန်ထမ်းရေးရာကိစ္စရပ်များဆောင်ရွက်ခြင်းစသည်တို့ဖြစ်ပါသည်။

ကမ်းလွန်ရေနံနှင့်သဘာဝဓာတ်ငွေ့ဌာန

၁။      ကမ်းလွန်ရေနံနှင့်သဘာဝဓာတ်ငွေ့ဌာနသည် ကမ်းလွန်ရေနံလုပ်ကွက် (၅၁) ကွက်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေရေး၊ တူးဖော်ရေး၊ ထုတ်လုပ်ရေး၊ တည်ဆောက်ရေး လုပ်ငန်းများအချိန်မှီပြီးစီးရေးအတွက် သက်ဆိုင်ရာ ရေနံကုမ္ပဏီများနှင့် ပူးပေါင်းဆောင် ရွက်ရခြင်း။

၂။      သက်ဆိုင်ရာရေနံကုမ္ပဏီများမှ နိုင်ငံခြားသားများနေထိုင်လုပ်ကိုင်ခွင့်ရရှိရေး၊ လေယာဉ် ၊ သင်္ဘောအဝင်/အထွက် လုံခြုံရေးရရှိစေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးရခြင်း။

၃။      ကမ်းလွန်ရေနံကုမ္ပဏီများ၏ ဝန်ထမ်းရေးရာ၊ မြေယာနှင့်အခြားကိစ္စရပ်များအား အဆင် ပြေချောမွေ့အောင် ဆောင်ရွက်ပေးရခြင်း။

စွမ်းအင်မူဝါဒဆိုင်ရာစီမံရေးဌာန

၁။      အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းတာဝန်များကိုအကောင်အထည်ဖော် ဆောင်ရွက်ရာ၌ စနစ်တကျ ကြီးကြပ်ကွက်ကဲဆောင်ရွက်ရန် ။

၂။      လုပ်ငန်းတာဝန်များကိုစနစ်တကျခွဲဝေသတ်မှတ်ရန်နှင့် ဦးဆောင်မှုပေးရန်။

၃။      လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရန်။

၄။      စွမ်းအင်မူဝါဒဆိုင်ရာစီမံရေးဌာန၏ အသုံးစရိတ်များစနစ်တကျရှိစေရေး၊ ခြိုးခြံချွေတာ ရေးနှင့် လေလွင့်ဆုံးရှုံးမှုမရှိစေရေးကြီးကြပ်ကွပ်ကဲရန်။

၅။      ဝန်ထမ်းများအားလေ့ကျင့်သင်ကြားပေးရန်။

၆။      အသိပညာပြန့်ပွားရေးလုပ်ငန်းများဆောင်ရွက်ရန်။