The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

တင်ဒါခေါ်ယူခြင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ထုတ်လုပ်သည့် ဓာတ်ဆီနှင့် ဒီဇယ်ဆီများအား ရောင်းချမည့်ပုံစံနှင့် ဝယ်ယူသူမှ လိုက်နာရမည့်စည်းကမ်းချက်များ
၁။ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ကြီးကြပ်မှုအောက်ရှိ မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်တွင် တည်ရှိသော ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်) စက်ရုံမှ ထုတ်လုပ်သည့် ဓာတ်ဆီ နှင့် ဒီဇယ်ဆီများကို MOPS နှင့် ပြည်တွင်းကုမ္ပဏီတို့၏ လက်ကားရောင်းဈေးနှုန်း တို့အပေါ် အခြေခံတွက်ချက်သတ်မှတ်၍ ပြောင်းလဲသတ်မှတ်သည့် ရောင်းဈေးနှုန်းဖြစ်သည့် ဓာတ်ဆီ တစ်ဂါလန်လျှင် ၂,၂၅၀ကျပ် (ကျပ် နှစ်ထောင့်နှစ်ရာငါးဆယ်တိတိ) နှုန်းဖြင့် ဂါလန် (၁.၀)သန်း (ဂါလန်တစ်သန်း) အားလည်းကောင်း ၊ ဒီဇယ်ဆီ တစ်ဂါလန်လျှင် ၂,၄၀၀(ကျပ် နှစ်ထောင့်လေးရာတိတိ)နှုန်းဖြင့် ဂါလန်(၁.၅)သန်း(ဂါလန်တစ်ဒဿမငါးသန်း)အားလည်းကောင်း စက်သုံးဆီအရောင်းဆိုင်များ၊ စက်သုံးဆီ တင်သွင်း/ရောင်းချ ဖြန့်ဖြူး ကုမ္ပဏီများ၊ ရေယာဉ်လုပ်ငန်းရှင်များ၊ လမ်းတံတားလုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်း၊ ပို့ဆောင်ရေးလုပ်ငန်း၊ စက်ရုံအလုပ်ရုံများ၊ သတ္တုတွင်းလုပ်ငန်း၊ စက်သုံးဆီအသုံးပြု၍ လုပ်ငန်း ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းရှင်များသို့ ၁၉-၁၂-၂၀၂၀ ရက် နေ့မှ ၂၀-၁၂-၂၀၂၀ ရက်နေ့အထိလျှောက်လွှာလက်ခံပြီး လွတ်လပ်စွာ ရောင်းချမည်ဖြစ်ပါ၍ မည်သူမဆို ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်)သို့ တိုက်ရိုက်လျှောက်ထား ဝယ်ယူနိုင်ပါသည်။


Read More...

Posted under : မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း(MPE)
: 21-Dec-2020
မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ထုတ်လုပ်သည့် စက်သုံးဆီ(ဓာတ်ဆီ) ရောင်းချမည့်ပုံစံနှင့် ဝယ်ယူသူမှ လိုက်နာရမည့်စည်းကမ်းချက်များ
၁။ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ကြီးကြပ်မှုအောက်ရှိ မကွေးတိုင်းဒေသကြီး၊ အထက် မင်းလှမြို့နယ်တွင် တည်ရှိသော ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်) စက်ရုံမှ ထုတ်လုပ်သည့် ဓာတ်ဆီ နှင့် ဒီဇယ်ဆီများကို MOPS နှင့် ပြည်တွင်းကုမ္ပဏီတို့၏ လက်ကားရောင်းဈေးနှုန်း တို့အပေါ် အခြေခံတွက်ချက်သတ်မှတ်၍ ပြောင်းလဲသတ်မှတ်သည့် ရောင်းဈေးနှုန်းဖြစ်သည့် ဓာတ်ဆီ တစ်ဂါလန်လျှင် ၂,၁၀၀ကျပ် (ကျပ် နှစ်ထောင့်တစ်ရာတိတိ) နှုန်းဖြင့် ဂါလန် (၁.၀)သန်း (ဂါလန်တစ်သန်းတိတိ) အားလည်းကောင်း ၊ ဒီဇယ်ဆီ တစ်ဂါလန်လျှင် ၂,၂၅၀(ကျပ် နှစ်ထောင့်နှစ်ရာ့ငါးဆယ်တိတိ)နှုန်းဖြင့် ဂါလန်(၁.၅)သန်း(ဂါလန်တစ်ဒဿမငါးသန်း)အားလည်းကောင်း စက်သုံးဆီအရောင်းဆိုင်များ၊ စက်သုံးဆီ တင်သွင်း/ရောင်းချ ဖြန့်ဖြူး ကုမ္ပဏီများ၊ ရေယာဉ်လုပ်ငန်းရှင်များ၊ လမ်းတံတားလုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်း၊ ပို့ဆောင်ရေးလုပ်ငန်း၊ စက်ရုံအလုပ်ရုံများ၊ သတ္တုတွင်းလုပ်ငန်း၊ စက်သုံးဆီအသုံးပြု၍ လုပ်ငန်း ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းရှင်များသို့ ၁၂-၁၂-၂၀၂၀ ရက် နေ့မှ ၁၃-၁၂-၂၀၂၀ ရက်နေ့အထိလျှောက်လွှာလက်ခံပြီး လွတ်လပ်စွာ ရောင်းချမည်ဖြစ်ပါ၍ မည်သူမဆို ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်)သို့ တိုက်ရိုက်လျှောက်ထား ဝယ်ယူနိုင်ပါသည်။


Read More...

Posted under : မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း(MPE)
: 14-Dec-2020
မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ကြီးကြပ်မှုအောက်ရှိ မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှ မြို့နယ်တွင် တည်ရှိသော ရေနံဓာတုဗေဒစက်ရုံစု(သံပရာကန်) စက်ရုံမှ ထုတ်လုပ်သည့် ဓာတ်ဆီနှင့် ဒီဇယ်ဆီများအား ရောင်းချမည့်ပုံစံနှင့် ဝယ်ယူသူမှ လိုက်နာရမည့် စည်းကမ်းချက်များ
မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ကြီးကြပ်မှုအောက်ရှိ မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှ မြို့နယ်တွင် တည်ရှိသော ရေနံဓာတုဗေဒစက်ရုံစု(သံပရာကန်) စက်ရုံမှ ထုတ်လုပ်သည့် ဓာတ်ဆီနှင့် ဒီဇယ်ဆီများအား ရောင်းချမည့်ပုံစံနှင့် ဝယ်ယူသူမှ လိုက်နာရမည့် စည်းကမ်းချက်များ


Read More...

Posted under : မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း(MPE)
: 04-Dec-2020
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ အမှတ်(၂)ရေနံချက်စက်ရုံ(ချောက်)မှ ရေနံချေး ၂၃၇,၇၂၀ ဂါလန်(ဂါလန်နှစ်သိန်းသုံးသောင်းခုနှစ်ထောင်ခုနှစ်ရာ့နှစ်ဆယ်တိတိ)အား ၂၈-၁၂-၂၀၂၀ ရက်နေ့ ၁၃:၀၀ နာရီတွင် တင်ဒါပိတ်ပြီး ယင်းနေ့ ၁၄:၀၀ နာရီတွင် တင်ဒါဖွင့်လှစ်၍ လည်းကောင်း၊ ရေနံဓာတု ဗေဒစက်ရုံစု(သံပုရာကန်)မှ ရေနံမီးသွေး ၁,၀၀၀ မက်ထရစ်တန်(မက်ထရစ်တန် တစ်ထောင်တိတိ)အား ၂၁-၁-၂၀၂၁ ရက်နေ့ ၁၃:၀၀ နာရီတွင် တင်ဒါပိတ်ပြီး ယင်းနေ့ ၁၄:၀၀ နာရီတွင် တင်ဒါဖွင့်လှစ်၍ လည်းကောင်း ရောင်းချမည်ဖြစ်ပါကြောင်း မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ရုံးအမှတ်(၄၄)၊ နေပြည်တော် တွင် အဆိုပြုလွှာ တင်သွင်းနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။


Read More...

Posted under : မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း(MPE)
: 04-Dec-2020
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ရေနံဓာတ်ငွေ့ရည်များရောင်းချရန် တင်ဒါခေါ်ယူခြင်း
၁။ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ အမှတ်(၁)ရေနံဓာတ်ငွေ့ရည်စက်ရုံ(မင်းဘူး)မှ ပရိပိန်းရေနံဓာတ်ငွေ့ရည် ၂၀၀ တန်(တန်နှစ်ရာတိတိ)နှင့် ရေနံဓာတုဗေဒစက်ရုံစု(သံပုရာကန်)မှ ဗြူတိန်းရေနံဓာတ်ငွေ့ရည် ၃၀၀ တန်(တန်သုံးရာတိတိ)ကို ၂၄-၁၂-၂၀၂၀ ရက်နေ့ (၁၄:၀၀)နာရီအချိန် တွင် တင်ဒါဖွင့်လှစ်ရောင်းချမည်ဖြစ်ပါ၍ ယင်းနေ့ (၁၂:၀၀)နာရီနောက်ဆုံးထားပြီး လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ ထုတ်ပေးထားသည့် ရေနံဓာတ်ငွေ့ရည် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် က၊ ခ၊ ဂ၊ စ လက်ဝယ်ရှိသူများသည် မိမိတင်သွင်းလိုသော ရေနံဓာတ်ငွေ့ရည် အမျိုးအစားအလိုက် တင်ဒါ အဆိုပြုလွှာများ တင်သွင်းနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။


Read More...

Posted under : မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း(MPE)
: 04-Dec-2020