The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

PPRD သမိုင်း


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန

နောက်ခံသမိုင်း

၁။      ကိုလိုနီခေတ်အတွင်းနှင့် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးသည်မှ ၁၉၆၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ရေနံထုတ်လုပ်ခြင်း၊ ချက်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းအားလုံးကို ဘီအိုစီကုမ္ပဏီမှ ပိုင်ဆိုင်ပြီးလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ ၁၉၆၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်အစိုးရမှပြည်သူပိုင်သိမ်းယူခဲ့ပြီး သတ္တုတွင်းဝန်ကြီးဌာန၏ ကြီးကြပ်မှု အောက်ရှိ အဖွဲ့အစည်းတစ်ခုအဖြစ် သိမ်းသွင်းခဲ့ပါသည်။

၂။      အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းမှုမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

         (က)   ၁၉၆၃ ခုနှစ် သတ္တုတွင်းဝန်ကြီးဌာန - ပြည်သူ့ရေနံလုပ်ငန်း

         (ခ)     ၁၉၇၀ ခုနှစ် သတ္တုတွင်းဝန်ကြီးဌာန - မြန်မာ့ရေနံကော်ပိုရေးရှင်း

         (ဂ)     ၁၉၇၅ ခုနှစ် အမှတ်(၂)စက်မှုဝန်ကြီးဌာန၏ကြီးကြပ်မှုအောက်တွင် ၁-၄-၁၉၇၅ ၌ မြန်မာ့ရေနံကော်ပိုရေးရှင်း၊ ရေနံဓါတုဗေဒလုပ်ငန်းကော်ပိုရေးရှင်းနှင့် ရေနံထွက် ပစ္စည်းဖြန့်ဖြူးရောင်းချရေးကော်ပိုရေးရှင်း ဟူ၍ အဖွဲ့အစည်း(၃)ခုအဖြစ် ပြုပြင် ဖွဲ့စည်းခဲ့ပါသည်။

         (ဃ)   ၁၉၈၅ ခုနှစ်  အထက်ဖော်ပြပါ လုပ်ငန်းအဖွဲ့အစည်း(၃)ခုစလုံးကို စွမ်းအင်ဝန်ကြီးဌာနအဖြစ် သီးခြားဝန်ကြီးဌာန ဖွဲ့စည်းခဲ့ပါသည်။

         (င)    ၁၉၈၉ ခုနှစ်  မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း (Myanma Petroleum Products Enterprise)ဟု ၁-၄-၁၉၈၉ ၌ အမည်ပြောင်းခဲ့ပါသည်။

         (စ)   မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းသည် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း မှ ချက်လုပ်တင်သွင်းသည့် စက်သုံးဆီများကို နိုင်ငံပိုင်ကဏ္ဍသို့ ဖြန့်ဖြူးရောင်းချ ပေးခဲ့ပါသည်။ ၂၀၁၀ ခုနှစ်၊ ဇွန်လမှစ၍ ပုဂ္ဂလိကစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းအား လွတ်လပ်စွာလုပ်ကိုင်ဆောင်ရွက်ခွင့်ပြုခဲ့ပြီး  နိုင်ငံပိုင်ကဏ္ဍသို့ စက်သုံးဆီ ဖြန့်ဖြူးခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

 

ဦးစီးဌာနအကြောင်း

၄။      ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများအား မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းအနေဖြင့် ကြီးကြပ်ထိန်းသိမ်းခြင်း၊ လိုင်စင်ထုတ်ပေးခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်နေရာမှ ၂၀၁၇ ခုနှစ်တွင် အတည်ပြုပြဌာန်းခဲ့သည့် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပြဌာန်းချက်များနှင့်အညီ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများအား စစ်ဆေး ကြီးကြပ်ခြင်း၊ ၎င်းတို့ လိုက်နာရမည့် လုပ်ထုံလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းနှင့် စံချိန်စံညွှန်းများ ရေးဆွဲသတ်မှတ်ခြင်းတို့ကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရေနံထွက်ပစ္စည်းကြီးကြပ် စစ်ဆေးရေးဦးစီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

       ရည်မှန်းချက်

  • နိုင်ငံတကာအဆင့်မီ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ပေါ်ပေါက်လာစေ ရန်နှင့် အများပြည်သူအတွက် အရည်အသွေးနှင့် စံချိန်စံညွှန်းကိုက်ညီသည့် ရေနံထွက် ပစ္စည်းများ၊ ဝန်ဆောင်မှုများ ဖြည့်ဆည်းပေးနိုင်ရန်၊
  • ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဖြည့်ဆည်းမှုကွင်းဆက်(Petroleum and Petroleum Products Supply Chain) တစ်ခုလုံးအား စနစ်တကျ ကြီးကြပ်ကွပ်ကဲသွားနိုင်ရန်၊
  • လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းပြီး၊  သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိသည့် ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ဖြစ်လာစေရန်၊
  • နိုင်ငံတော်၏ Petroleum and Petroleum Products Supply Chain စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူဖြစ်စေမည့်  ဥပဒေ၊ မူဝါဒ၊ စည်းမျဉ်းစည်းကမ်းများ ပေါ်ပေါ်လာစေရန်၊
  • လွတ်လပ်မျှတသော ဈေးကွက်ယှဉ်ပြိုင်မှု ဖြစ်ထွန်းပေါ်ပေါက်လာစေရန်၊
  • နိုင်ငံတော်၏ စွမ်းအင်လုံခြုံရေးအတွက် အာမခံချက်ရှိစေရန်၊
  • နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်နှင့် နိုင်ငံတော် အတွက် အခွန်အခများရရှိစေရန်၊

      မူဝါဒ

  • ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများကို ဥပဒေပြဌာန်းချက်များ၊ သတ်မှတ်ထား သော စံချိန်စံညွှန်းများ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်မှု ရှိစေရေး ကြီးကြပ်စစ်ဆေးရန်၊
  • ဈေးကွက်အခြေအနေကို စဉ်ဆက်မပြတ် လေ့လာသုံးသပ်၍ နိုင်ငံတော်၏ ရေနံထွက် ပစ္စည်း လိုအပ်ချက်နှင့် ဖြည့်ဆည်းပေးနိုင်မှု မျှတစေရေး ကြီးကြပ်ဆောင်ရွက်ရန်၊
  • ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ဖော်ထုတ်လျက် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်သွားရန်၊
  • နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများရှိ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေ၊ မူဝါဒ၊ စံချိန်စံညွှန်းများကို လေ့လာ၍ နိုင်ငံတော်နှင့်ကိုက်ညီမည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းနှင့် စံနှုန်းသတ်မှတ်ချက်များကို ရေးဆွဲပြဌာန်းသွားရန်၊ 
  • ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများအား ဆောင်ရွက်ရာ၌ နိုင်ငံတော်၏ စွမ်းအင် လုံခြုံရေးကို အဓိကကိစ္စရပ်တစ်ခုအနေဖြင့် ထည့်သွင်းဆောင်ရွက်သွားရန်၊
  • ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများတွင် ဒေသခံများနှင့် နိုင်ငံသားများပါဝင်ဆောင်ရွက်မှုကို အားပေးမြှင့်တင်ခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားရန်၊
  • Petroleum Supply Chain ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်၍ ဆောင်ရွက်သွားရန်၊

      လုပ်ငန်းစဉ်

  • ‌ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ လိုက်နာဆောင်ရွက်ရမည့် ဥပဒေ၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းနှင့် စံချိန်စံညွှန်းများကို မူကြမ်းရေးဆွဲ၍ ဝန်ကြီးဌာန နှင့်ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီသို့ တင်ပြသွားပါမည်။
  • ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ ပြည်နယ်နှင့် တိုင်းရုံးများ ထိရောက်စွာ လည်ပတ်နိုင်ရေး လိုအပ်သည့် လမ်းညွှန်များ၊ စံလုပ်ထုံးလုပ်နည်းများအား ရေးဆွဲဖြန့်ဝေ သွားပါမည်။
  • ရေနံထွက်ပစ္စည်းများ၏ အရည်အသွေးကို စစ်ဆေးခြင်းကို အလွယ်တကူ ဆောင်ရွက်နိုင် ရန် နိုင်ငံတကာအဆင့်မီ ရေနံထွက်ပစ္စည်းဆိုင်ရာ ဓာတ်ခွဲခန်းများပေါ်ထွက်လာစေရေး စီစဉ်ဆောင်ရွက်သွားပါမည်။
  • ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများအား လိုင်စင်စိစစ်ခွင့်ပြုထုတ်ပေးခြင်း၊ ကြီးကြပ် စစ်ဆေးခြင်းများကို ဥပဒေပြဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းစည်းကမ်း များနှင့်အညီ ဆောင်ရွက်သွားပါမည်။
  • ရေနံနှင့်ရေနံထွက်ပစ္စည်း Supply Chain တစ်ခုလုံးအား စောင့်ကြည့်စစ်ဆေးနိုင်ရေး Online Monitoring စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားပါမည်။
  • ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်သည့် စီမံချက်များ၊ နိုင်ငံတော် ၏ စွမ်းအင်လုံခြုံရေးအစီအမံနှင့် မဟာဗျူဟာများ ရေးဆွဲဆောင်ရွက်သွားပါမည်။
  • နိုင်ငံတော်၏ ရေနံထွက်ပစ္စည်းလိုအပ်ချက်နှင့်ဖြည့်ဆည်းပေးနိုင်မှု မျှတစေရေး၊ ဈေးနှုန်း သင့်တင့်မျှတရေးအတွက် ဈေးကွက်အခြေအနေများကို လေ့လာစောင့်ကြည့်ခြင်း၊ သုံးသပ်တင်ပြခြင်းများကို ဆောင်ရွက်သွားပါမည်။
  • ဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ လွယ်ကူလျင်မြန်လာစေရေးအတွက် လုပ်ထုံးလုပ်နည်း များ ပြန်လည်လေ့လာသုံးသပ်ခြင်း၊ Online ကို အခြေပြုဆောင်ရွက်သည့် စနစ်သို့ ကူးပြောင်းခြင်းများကို ဆောင်ရွက်သွားပါမည်။
  • ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ကိန်းဂဏန်းအချက်အလက် Database ကို တည်ထောင် သွားပါမည်။
  • ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများကြောင့် ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားပါမည်။
  • နိုင်ငံတကာ အစိုးရ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားပါမည်။
  • ဝန်ထမ်းများ၏ အရည်အသွေးတိုးတက်မြင့်မားလာစေရေးနှင့် ရေနံနှင့်ရေနံထွက်ပစ္စည်း ဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်သည့် ခေတ်မီနည်းပညာများအား နားလည်သိရှိလာစေရန် သင်တန်းများ ပို့ချသွားပါမည်။
  • ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေ၊ မူဝါဒ၊ စည်းမျဉ်းစည်းကမ်းများကို အများပြည်သူ သိရှိနိုင်ရေး အသိပညာပေးလုပ်ငန်းများနှင့် အဆိုပါလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအတွက် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်ပို့ချသွားပါမည်။

 

 

 

ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ ဖွဲ့စည်းပုံ