The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

စီမံခန့်ခွဲရေးဌာန


စီမံခန့်ခွဲရေးဌာန၏ တာဝန်ဝတ္တရားများ

          စီမံခန့်ခွဲရေးဌာနသည်-

          (က)    ထုတ်ပြန်ထားသည့် ဥပဒေများ ၊ နည်းဥပဒေများ ၊ လုပ်ထုံးလုပ်နည်းများ ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကော်ပိုရေးရှင်းဝန်ထမ်းများ လိုက်နာဆောင်ရွက်ရန် ကြပ်မတ် ဆောင်ရွက်ရမည်။

          ( ခ)    ဝန်ထမ်းရေးရာကိစ္စရပ်များအား ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်။

          ( ဂ)    ကော်ပိုရေးရှင်းနှင့်စပ်လျဉ်းသည့် မြေယာကိစ္စရပ်များနှင့် အဆောက်အဦကိစ္စရပ်များ

                   ဆောင်ရွက်ရမည်။

          (ဃ)    ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ၊ လုပ်ငန်းစွမ်းဆောင်နိုင် မှု အရည်အသွေးတိုးမြှင့်နိုင်ရေးတို့အတွက် သင်တန်းများ ၊ လေ့လာရေးခရီးစဉ်များ ၊ ဆွေးနွေးပွဲများ ဖြစ်မြောက်စေရေး ကြီးကြပ်ဆောင်ရွက်ရမည်။

          ( င)    ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားလာစေရေးအတွက် အကဲဖြတ်ကိစ္စရပ်များ ၊ ဆုပေး ဒဏ်ပေးကိစ္စရပ်များကို တာဝန်ခံဆောင်ရွက်ရမည်။

          ( စ)    ဝန်ထမ်းများ၏ နိုင်ငံခြားခရီးစဉ်များ ၊ ကော်ပိုရေးရှင်းနှင့်သက်ဆိုင်သည့် နိုင်ငံခြား သားများ၏ ခရီးစဉ်များနှင့်ပတ်သက်၍ ဗီဇာကိစ္စများ ၊ နေထိုင်သွားလာမှု ကိစ္စများ ဆောင်ရွက်ရမည်။

          (ဆ)    အသုံးမလိုသည့် ကော်ပိုရေးရှင်းပိုင် ပစ္စည်းများ လေလံတင် ရောင်းချခြင်း ၊ ပျက်စီးဆုံး ရှုံးမှုတို့အတွက် စာရင်းမှပယ်ဖျက်ခြင်းတို့ကို ဆောင်ရွက်ရမည်။

          ( ဇ)    ကော်ပိုရေးရှင်း၏ တံဆိပ် ၊ အလံ ၊ ဝတ်စုံများ သတ်မှတ်ခြင်းကို ဆောင်ရွက်ရမည်။

          (ဈ)     ယာဉ် ၊ ယန္တရားများ ထိန်းသိမ်းခြင်း ၊ စီမံခန့်ခွဲခြင်းကို ဆောင်ရွက်ရမည်။

          (ည)    ဝန်ဆောင်မှုနှင့်ပတ်သက်၍ အများပြည်သူနှင့်ဆက်ဆံပြန်ကြားရေးလုပ်ငန်း (Public Relation) များ တာဝန်ခံဆောင်ရွက်ရမည်။

          ( ဋ)    ကော်ပိုရေးရှင်းနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များအား ပြည်သူများအား အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေး နည်းလမ်းပေါင်းစုံဖြင့် အသိပေးဆောင်ရွက်ရမည်။

          ( ဌ)    ကော်ပိုရေးရှင်းနှင့်သက်ဆိုင်သည့် ဥပဒေ ၊ စာချုပ်စာတမ်း ကိစ္စရပ်များတွင် အကြံ ပေးခြင်း ၊ ပြုစုခြင်းတို့ကို ဆောင်ရွက်ရမည်။

ဖွဲ့စည်းပုံ>>>