The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ဘဏ္ဍာရေးဌာန


ဘဏ္ဍာရေးဌာန တာဝန်ဝတ္တရားများ

  ဘဏ္ဍာရေးဌာနသည် -

     (က)    ကော်ပိုရေးရှင်း၏ နှစ်စဉ်ရသုံးမှန်းခြေ ငွေစာရင်းများကို ရေးဆွဲတင်ပြရမည်။

     ( ခ)    နေ့စဉ် ရငွေနှင့်သုံးငွေစာရင်းများ ရေးသွင်း ပြုစု ထိန်းသိမ်းရမည်။

     ( ဂ)    လချုပ်/နှစ်ချုပ်စာရင်းများ ပြုစုတင်ပြရမည်။

     (ဃ)    ဝင်ငွေနှင့်အသုံးစရိတ်များ ကြီးကြပ်ကွပ်ကဲရမည်။

     ( င)    ကော်ပိုရေးရှင်း၏ ဝင်ငွေတိုးတက် ရရှိရေးအတွက် စိစစ်ဆောင်ရွက်ရမည်။

     ( စ)    ကော်ပိုရေးရှင်း၏ ဝင်ငွေများ အလေအလွင့် မရှိစေရေးအတွက် ကြပ်မတ် ဆောင်ရွက် ရမည်။

     (ဆ)    ဒါရိုက်တာအဖွဲ့ ၊ အမှုဆောင်အရာရှိချုပ်နှင့် ဝန်ထမ်းများ၏ ရသင့်ရထိုက်သော ငွေကြေးဆိုင်ရာ ခံစားခွင့်များ ထုတ်ပေးရေး ဆောင်ရွက်ရမည်။

     ( ဇ)    မြန်မာနိုင်ငံ ငွေစာရင်းထိန်းသိမ်းရေး စံချိန်စံညွှန်းနှင့်အညီ မိမိငွေစာရင်းများကို ပြုစု ထိန်းသိမ်းရေးဆောင်ရွက်ရာတွင် နိုင်ငံတကာအဆင့်ရှိသော ငွေစာရင်းထိန်းသိမ်းရေး ဆိုင်ရာ စံချိန်စံညွှန်းများနှင့်အညီ လိုက်လျောညီထွေ ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်                ရမည်။

     (ဈ)     ကော်ပိုရေးရှင်းလုပ်ငန်းများ အောင်မြင်စေရေးအတွက် လိုအပ်သည့် ငွေကြေးစီမံခန့်ခွဲမှု ကို ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ကြိုးပမ်းဆောင်ရွက်ရမည်။

     (ည)    ပြည်တွင်းပြည်ပ ပစ္စည်းဝယ်ယူရေးနှင့် သက်ဆိုင်သည့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ ကို ဆောင်ရွက်ရမည်။

     ( ဋ)    ကော်ပိုရေးရှင်း၏ အသုံးစရိတ်များကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဖြစ်စေရေးအတွက် စစ်ဆေးကြပ်မတ်ဆောင်ရွက်ရမည်။

     ( ဌ)    ကော်ပိုရေးရှင်း၏ဘဏ္ဍာရေးစာရင်းများကို အခြေခံ၍ ရင်းနှီးမြှုပ်နှံမှုများ ၊ လှည့်ပတ် ရန်ပုံငွေများနှင့် အခြားရန်ပုံငွေများ ထားရှိနိုင်ရေးနှင့် ဆုကြေးချီးမြှင့်နိုင်ရေးအတွက် သုံးသပ်တင်ပြ၍ စီမံဆောင်ရွက်ရမည်။

     ( ဍ)    ကော်ပိုရေးရှင်း၏ လုပ်ငန်းစာရင်းများအား သတ်မှတ်ထားသည့် စာရင်းစစ်ဆေးရေး အဖွဲ့၏ စစ်ဆေးမှုခံယူနိုင်ရေး စီမံဆောင်ရွက်ရမည်။

     ( ဎ)    ရငွေနှင့်သုံးငွေအပေါ် စိစစ်သုံးသပ်၍ လိုအပ်ပါက ဓာတ်အားခနှုန်းထား ပြင်ဆင် သတ်မှတ်နိုင်ရေးကို တွက်ချက်၍ အဆိုပြုတင်ပြရေး စီမံဆောင်ရွက်ရမည်။

ဖွဲ့စည်းပုံ>>>