The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ဓာတ်အားဖြန့်ဖြူးရေးဌာန


ဓာတ်အားဖြန့်ဖြူးရေးဌာန၏ တာဝန်ဝတ္တရားများ

 ဓာတ်အားဖြန့်ဖြူးရေးဌာနသည်-

  (က)    အရည်အသွေးပြည့်ဝသော လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေး အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားပမာဏကို ညှိနှိုင်းရယူခြင်း ၊ ဓာတ်အားစနစ် အတွင်းရှိ ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများ ကွပ်ကဲရေးနှင့် မောင်းနှင်ရေးကို                 စနစ်တကျ စီမံခြင်းများကို ဆောင်ရွက်ရမည်။

  ( ခ)    တည်ဆောက်ပြီးဓာတ်အားခွဲရုံများ ၊ ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ စမ်းသပ်စစ်ဆေးခြင်း ၊ ပုံမှန်ထိန်းသိမ်းပြုပြင်ခြင်းနှင့် လိုအပ်သလို တိုးမြှင့်တပ်ဆင် ခြင်းများ စီမံဆောင်ရွက်ရမည်။

  ( ဂ)    ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေး စီမံဆောင်ရွက်ရမည်။

  (ဃ)    ထူးခြားသည့် အခြေအနေရှိသော လုပ်ငန်းကိစ္စရပ်များအတွက် သီးခြားအစီအစဉ်ဖြင့် လျှပ်စစ်ဓာတ်အားရရှိရေး စီမံဆောင်ရွက်ရမည်။

  ( င)    အဆင့်မြင့် ဆက်သွယ်ရေးနည်းပညာသုံး ဓာတ်အားကွပ်ကဲမှုစနစ် ဖြစ်ပေါ်လာစေရေး စနစ်တကျ စီမံဆောင်ရွက်ရမည်။

  ( စ)    မမျှော်မှန်းနိုင်သော ကိစ္စတစ်ရပ်ရပ်ကြောင့် ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်လာပါက အမြန်ဆုံး ဓာတ်အားပြန်လည်ရရှိနိုင်ရေး စနစ်တကျ ကြိုတင်စီမံ ထားရှိရမည်။

ဖွဲ့စည်းပုံ>>>