The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

မြေယာ / သီးနှံ လျှော်ကြေး


ဓာတ်အားလိုင်းနှင့် ခွဲရုံများ တည်ဆောက်ခြင်းနှင့် မြေယာ/သီးနှံ လျော်ကြေးများအတွက်

နစ်နာမှုလျော်ကြေးပေးသည့် လုပ်ငန်းစဉ်

(က)  ဓာတ်အားလိုင်းဖြတ်သန်းသွားသည့် ဒေသများတွင် တာဝါတိုင်ဖောင်ဒေးရှင်း နေရာများနှင့် ဓာတ်အားလိုင်းကြိုးဆွဲလုပ်ငန်းအတွက် ပျက်   စီးသွားသော သီးနှံနှင့်အခြားပျက်စီးမှုများအတွက် ပျက်စီးမှုပမာဏ   အတည်ပြုနိုင်ရေး သက်ဆိုင်သည့် စီမံကိန်းမန်နေဂျာမှ မြို့နယ်   အုပ်   ချုပ်ရေးအာဏာပိုင်သို့ ဆက်သွယ်၍ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု   ကော်မတီ အဖွဲ့ဖွဲ့နိုင် ရေး ဆောင်ရွက်ရန်၊

(ခ)  ၎င်းကော်မတီမှ ပျက်စီးမှုပမာဏအား ကွင်းဆင်းစစ်ဆေး၍ ပျက်စီးမှုပမာဏအတည်ပြု သတ်မှတ်ရန်၊

(ဂ)  ပျက်စီးမှုပမာဏအားလျော်ကြေးပေးနိုင်ရေးအတွက်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီမှ အဖွဲ့ဝင်များနှင့် ဆုံးရှုံးနစ်နာခဲ့သည့် ပြည်သူများတွေ့ဆုံ၍ ပျက်စီးမှုပမာဏ၊ တန်ဖိုးစသည်များကို သဘော   တူညီချက်များရယူ၍ အတည်ပြုရန်၊

(ဃ)  သက်ဆိုင်ရာစီမံကိန်းမန်နေဂျာမှ ဒေသဆိုင်ရာအာဏာပိုင်များအား   ဆက်သွယ်၍ပျက်စီးမှု ပမာဏနှင့် တန်ဖိုးသတ်မှတ်ရန်နှင့် မြို့နယ်   လယ်ယာစီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်းရေး အကြောင်းကြားရန်၊

(င)  မြို့နယ်လယ်ယာစီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်းရန်၊

(စ)  မြို့နယ်လယ်ယာစီမံခန့်ခွဲမှုကော်မတီမှ ကွင်းဆင်းစစ်ဆေး၍ ပျက်   စီးမှုပမာဏ အတည်ပြုပြီး စျေးနှုန်းသတ်မှတ်၍ နစ်နာဆုံးရှုံးမှုရှိခဲ့သည့် ဒေသခံပြည်သူများမှ သက်ဆိုင်ရာ စီမံကိန်း မန်နေဂျာရုံးမှ   တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းရန်၊

ဆ)  ၎င်းအတည်ပြုထားသောပမာဏအား လျော်ကြေးပေးအပ်နိုင်ရေးအတွက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီမှ ခရိုင်နှင့် ပြည်နယ်/   တိုင်းဒေသကြီးအစိုးရထံသို့ အဆင့်ဆင့်အတည်ပြု ချက်ရယူရန်၊

(ဇ)  ပြည်နယ်/တိုင်းဒေသကြီးအစိုးရမှအတည်ပြုထားသော စျေးနှုန်းစာရင်းအား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသို့ ပေးပို့ရန်၊

(စျ)  ဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီး   ဌာနသို့ လျော်ကြေးငွေပေးချေ နိုင်ရေး ညွှန်ကြားရန်၊

(ည)  ဝန်ကြီးဌာန စီမံခန့်ခွဲမှုကော်မတီသို့ ဝန်ကြီးဌာနအတွင်း အဆင့်ဆင့်   တင်ပြခွင့်ပြုချက်ရယူ၍ လျော်ကြေးတန်ဖိုးအား ပေးအပ်ခွင့်ပြုရန်၊

(ဋ)  ပေးပို့လာသည့် ပျက်စီးဆုံးရှုံးမှုပမာဏနှင့် တန်ဖိုးတို့အား ဝန်ကြီးဌာန အမှုဆောင်ကော်မတီမှ လျော်ကြေးငွေပေးချေခွင့်ပြုရန်၊

(ဌ)  ဌာနမှ စီမံကိန်းမန်နေဂျာသို့ လျော်ကြေးငွေထုတ်ပေးရန်၊

(ဍ)  စီမံကိန်းမန်နေဂျာမှ ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့ထံသို့ လျော်ကြေးငွေပေးအပ်နိုင်ရေးအတွက် နစ်နာဆုံးရှုံးမှုရှိသည် ပြည်သူများသို့   အကြောင်းကြားရန်၊

(ဎ)  ဌာနမှ ပျက်စီးဆုံးရှုံးမှုရှိခဲ့သည့်အတွက် လျော်ကြေးငွေ ပေးအပ်ပွဲ   အခမ်းအနားပြုလုပ်ပြီး လျော်ကြေးငွေပေးအပ်ပြီးကြောင်းနှင့် လက်ခံရရှိကြောင်း စာချုပ်စာတမ်းများနှင့် မှတ်တမ်းထားရန်၊